နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဆလီဘာကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းဖွယ် ရှိနေတဲ့ ရီးရဲလ်မက်ဒရစ် | လာလီဂါ

လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် ကတော့ အာဆင်နယ်ရဲ့ ခြေစွမ်းပြ လူငယ် ခံစစ်မှူး ဝီလီယမ် ဆလီဘာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်က သူတို့ အသင်းရဲ့ ခံစစ်ပိုင်းကို ပိုမို အားကောင်းလာစေဖို့ အတွက် ပြင်သစ် ဗဟိုခံစစ်မှူး ဆလီဘာကို အရ ခေါ်ယူသွားချင်နေတာ ဖြစ်ပြီး သတင်းတွေ အရ ဆိုရင်တော့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးပေးပြီးပါ ကမ်းလှမ်းဖို့ ရှိနေကြောင်း သိရပါတယ်။ 

လာလီဂါ ကလပ် ပစ်မှတ်ထားနေတဲ့ ဗဟိုခံစစ်မှူးတွေထဲ မှာတော့ မန်စီးတီး နောက်ခံလူဟောင်း အမ်းမရစ်ခ် လာပေါ့တ် အပြင် အာဆင်နယ်က ဆလီဘာ၊ စပါးက ခရစ္စတီယန် ရိုမဲယိုနဲ့ ယူနိုက်တက်က လီဆန်ဒရို မာတီနက်ဇ် တို့လည်း ပါဝင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်က ဆလီဘာ ကိုသာ နံပါတ်တစ် ပစ်မှတ် အဖြစ် သတ်မှတ်ထားပြီး လာမယ့် အပြောင်းအရွှေ့ ကာလတွေမှာ ခေါ်ယူဖို့ ကြိုးပမ်းဖွယ် ရှိနေတာ ဖြစ်ပါတယ်။ 

ရီးရဲလ်မက်ဒရစ်က လက်ရှိ အသင်းရဲ့ ဗဟို ခံစစ်မှာ ရူဒီဂါ၊ မီလီတာအို၊ ဒေးဗစ် အာလာဘာ၊ ဗယ်လီဟို၊ ဂါစီယာ၊ အဆန်စီယို၊ ဗက်ဇ်ကွက်ဇ်၊ ကာဗာဟယ် တို့ ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့်လည်း မီလီတာအိုနဲ့ အာလာဘာ တို့က အသီးသီး ဒဏ်ရာတွေ ရနေကြတာကြောင့် ခံစစ်ပိုင်းကို အင်အား ဖြည့်တင်းဖို့ ပြင်ဆင်နေတာပါ။ လက်တလောမှာ ဒေးဗစ် အာလာဘာက ပြန်လည် ကစားနိုင်တော့မှာ ဖြစ်ပေမယ့်လည်း မီလီတာအိုနဲ့ ကာဗာဟယ် တို့ကတော့ ကာလရှည်ကြာ အနားယူရဦးမှာ ဖြစ်ပါတယ်။ ဒီလို ခံစစ်ပိုင်း လိုအပ်ချက်တွေ ရှိနေတဲ့ ရီးရဲလ်က ရေတို ဖြေရှင်းမှု အဖြစ် ကွင်းလယ်လူ ချူအာမန်နီနဲ့ လူငယ် ခံစစ်မှူးလေး အဆန်စီယို တို့ကို ထည့်သွင်း အသုံးပြုနေခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် လာလီဂါ ကလပ်က ဗဟို ခံစစ်ပိုင်း အတွက် ထိပ်တန်း ကစားသမား တစ်ဦးကို မဖြစ်မနေ ခေါ်ယူ အားဖြည့်သွားဖို့ စီစဉ်နေခဲ့တာ ဖြစ်ပါတယ်။

လာလီဂါ ကလပ်က ဗဟို ခံစစ်ပိုင်း အတွက် ထိပ်တန်း ကစားသမား တစ်ဦးကို မဖြစ်မနေ ခေါ်ယူ အားဖြည့်သွားဖို့ စီစဉ်နေခဲ့တာ ဖြစ်ပါတယ်။
ခံစစ် ကစားသမားတွေ ဒဏ်ရာ အများအပြား ရနေတဲ့ ရီးရဲလ်မက်ဒရစ်

ဆလီဘာက အာဆင်နယ်ရဲ့ ခံစစ်မှာ ဂါဘရီရယ်နဲ့ တွဲဖက်ကာ ခြေစွမ်းပြနေပြီးတော့ မရှိမဖြစ် ကစားသမား တစ်ဦး ဖြစ်နေသူပါ။ ဒါ့အပြင် ဆလီဘာက ပြီးခဲ့တဲ့ ၂ဝ၂၃ ခုနှစ်မှာ အသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ထားသလို သူကိုယ်တိုင် ကလည်း အာဆင်နယ် မှာသာ ပျော်ရွှင်နေကြောင်း ထုတ်ဖော် ပြောကြားထားပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ် ကတော့ သူတိုရဲ့ အဓိက ပစ်မှတ် ဖြစ်တဲ့ ဆလီဘာကို အရ ခေါ်ယူနိုင်ဖို့ အတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်လာမယ့် ပေါင် ၈၃ သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ဖို့ ရှိနေကြောင်း သတင်းတွေ ထွက်နေတာ ဖြစ်ပါတယ်။

အကယ်၍ ဒီအပြောင်းအရွှေ့သာ အမှန်တကယ် ဖြစ်လာခဲ့မယ် ဆိုရင်တော့ လက်စတာစီးတီး ကနေ ယူနိုက်တက်ဆီ ပေါင် သန်း ၈၀ နဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဟယ်ရီ မက်ဂွိုင်းယားရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးကို ကျော်ဖြတ်နိုင်မှာလည်း ဖြစ်ပါတယ်။ သေချာတာ ကတော့ အာဆင်နယ်က သူတို့ရဲ့ အရေးပါတဲ့ ခံစစ်မှူးကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေးရင်တော့ လောလောဆယ် မှာတော့ လက်လွှတ်သွားနိုင်ချေ တော်တော်လေး နည်းနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်