နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မမ်းဖစ် ဒီပိုင်းကို ထပ်ပြီး ပစ်မှတ်ထားလာတဲ့ ဗလက်ကာနို | လာလီဂါ

လာလီဂါ ကလပ် ရေယို ဗလက်ကာနို အသင်း ကတော့ ကိုလံဘီယာ ဝါရင့် တိုက်စစ် ကစားသမား ဂျိမ်းစ် ရိုဒရီဂွက်ဇ်ကို ခေါ်ယူခဲ့ပြီးနောက် မမ်းဖစ် ဒီပိုင်း ကိုပါ အလွတ်နဲ့ ထပ်မံ ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ မက်ဒရစ် အခြေစိုက် ကလပ်ဟာ ဂျိမ်းစ် ရိုဒရီဂွက်ဇ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့တာ ဖြစ်သလို မမ်းဖစ် ဒီပိုင်း ကလည်း အလွတ်နဲ့ပဲ ထပ်မံ ခေါ်ယူဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

လက်ရှိမှာ အသက် ၃၀ အရွယ် ရှိနေတဲ့ နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူး မမ်းဖစ် ဒီပိုင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ အက်တလက်တီကိုမက်ဒရစ်နဲ့ စာချုပ် ဖျက်သိမ်းခဲ့ပြီးနောက် အသင်း လက်မဲ့ ဖြစ်နေသူပါ။ ဒါ့အပြင် နယ်သာလန်သားက လက်ရှိ နွေဈေးကွက် အတွင်း မှာလည်း ကလပ် များစွာနဲ့ အပြောင်းအရွှေ့ သတင်းတွေ တောက်လျောက် ထွက်ပေါ်ခဲ့ပါသေးတယ်။ မမ်းဖစ် ဒီပိုင်းဟာ လာလီဂါ ထိပ်သီး ဘာစီလိုနာ၊ အက်တလက်တီကိုမက်ဒရစ် တို့နဲ့ အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် ၆၁ ပွဲ ပါဝင်ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။ ဒါ့အပြင် မန်ချက်စတာယူနိုက်တက်၊ လိုင်ယွန်၊ ပီအက်စ်ဗွီ အင်ဟိုဗင် အသင်းတွေမှာ ကျင်လည်ခဲ့ဖူးပြီး ဥရောပ အတွေ့အကြုံရင့် ကစားသမားလည်း ဖြစ်ပါတယ်။

ဒါ့အပြင် လာလီဂါမှာ ပွဲပေါင်း ၆၀ ကစားခဲ့ဖူးတဲ့ ဒီပိုင်းဟာ ကစားသမားဘဝရဲ့ နောက်ဆုံး ၃ ရာသီ ကိုလည်း လာလီဂါ မှာပဲ ဖြတ်သန်းထားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် မမ်းဖစ် ဒီပိုင်းကို လာလီဂါ ကလပ်တွေက ပိုမို စိတ်ဝင်စားနေကြပြီးတော့ အခု နောက်ဆုံးမှာတော့ ရေယို ဗလက်ကာနိုနဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

 
ရေယို ဗလက်ကာနိုဟာ ဒီရာသီ လာလီဂါ မှာတော့ ၃ ပွဲကစား၊ ၁ ပွဲ နိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးပြီး ရမှတ် ၄ မှတ်နဲ့ အဆင့် ၈ နေရာမှာ ရပ်တည်နေပါတယ်။
အခုနှစ် လာလီဂါမှာ ၁ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲ ရှုံးထားတဲ့ ဗလက်ကာနို

သတင်းတွေရဲ့ ဖော်ပြချက် အရ လက်ရှိမှဦ ကလပ် အသင်း လက်မဲ့ ဖြစ်ရတဲ့ ဒီပိုင်းကို လာလီဂါ ကလပ်တွေ အပြင် စီးရီးအေ ကလပ်တွေ ကလည်း အပြိုင် စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။ ဗလက်ကာနိုဟာ ပြီးခဲ့တဲ့ ရက်ပိုင်း ကမှ ရီးရဲလ်မက်ဒရစ် ကစားသမားဟောင်း ဂျိမ်းစ် ရိုဒရီဂွက်ဇ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ ဒီပိုင်းကို ထပ်မံ ခေါ်ယူဖို့ မျက်စိကျလာခဲ့တာ ဖြစ်ပါတယ်။ ဗယ်လက်ကာနိုဟာ ယခင်ကတည်းက လာလီဂါ ပြိုင်ပွဲနဲ့ ပတ်သက်ခဲ့ဖူးတဲ့ ကစားသမားကြီးတွေကို အလွတ် ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူတတ်တဲ့ အသင်း ဖြစ်ပြီး ဒီပိုင်းလို ကစားသမားမျိုးကို ခေါ်ယူနိုင်ခဲ့မယ် ဆိုရင်တော့ အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် ပိုမို အားကောင်းသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

ဒီပိုင်း အနေနဲ့ ကလည်း သူ့ကို ခေါ်ယူချင်နေတဲ့ အသင်းတွေထဲ ကမှ ဗယ်လက်ကာနိုဆီ ပြောင်းရွှေ့မယ် ဆိုရင်တော့ လာလီဂါ မှာပဲ ဆက်လက် ကျင်လည်ခွင့် ရရှိမှာ ဖြစ်သလို ပုံမှန် ပွဲထွက် ကစားခွင့်တွေလည်း ရရှိဖို့ သေချာနေပါတယ်။ ဒါကြောင့် ဒီပိုင်း တစ်ယောက် ဗလက်ကာနိုနဲ့ အပြောင်းအရွှေ့ အမှန်တကယ် ဖြစ်သွားနိုင်မလား ဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

ရေယို ဗလက်ကာနိုဟာ ဒီရာသီ လာလီဂါ မှာတော့ ၃ ပွဲကစား၊ ၁ ပွဲ နိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးပြီး ရမှတ် ၄ မှတ်နဲ့ အဆင့် ၈ နေရာမှာ ရပ်တည်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်