နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အမ်ဘာပေး အတွက် အယ်လ်ဟီလယ် ဆီက ကမ်းလှမ်းမှုကို လက်ခံခဲ့တဲ့ ပီအက်စ်ဂျီ (လာလီဂါ သတင်းများ)

ဒီတစ်ခါ မှာတော့ ဩဂုတ်လ ၁၂ ရက်နေ့ အထိ ရရှိထားသမျှ လာလီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အမ်ဘာပေး အတွက် အယ်လ်ဟီလယ် ဆီက ကမ်းလှမ်းမှုကို လက်ခံခဲ့တဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီ အသင်းဟာ ရီးရဲလ်မက်ဒရစ် အသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားတဲ့ ကီလီယန် အမ်ဘာပေး အတွက် ကမ်းလှမ်းမှု ၂ ခုအထိ လက်ခံခဲ့ပေမယ့်လည်း အပြောင်းအရွှေ့က ဖြစ်မလာခဲ့ဘူလို့ သိရပါတယ်။

အမ်ဘာပေးဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တာ ဖြစ်ပြီး လာလီဂါ ထိပ်သီး ကလပ်ကို ရောက်ရှိဖို့ သတင်းကြီးနေခဲ့တာ ဖြစ်ပါတယ်။ အမ်ဘာပေးက စာချုပ်သက်တမ်းလည်း မတိုး၊ အသင်း ကနေလည်း မထွက်ခွာဘဲ စာချုပ်သက်တမ်းကုန်တဲ့ အထိ လစာ ဆက်ယူပြီးမှ အလွတ်နဲ့ ထွက်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီ အသင်းက အမ်ဘာပေးကို အဲဒီလို လုပ်ခွင့်မပေးနိုင်တာကြောင့် ပြင်သစ် တိုက်စစ်မှူးကို ယခုနွေရာသီမှာပဲ အသင်း ကနေ ရောင်းထုတ်ပစ်နိုင်ဖို့ ကြိုးစားခဲ့ပြီး ကမ်းလှမ်းမှုတွေကို လက်ခံခဲ့တယ်လို့ သိရပါတယ်။

ပီအက်စ်ဂျီဟာ အမ်ဘာပေး အတွက် ကမ်းလှမ်းမှု အနည်းဆုံး ၂ ခုလောက် အထိ လက်ခံခဲ့တယ်လို့ ဘရူနို အန်းဒရိတ်ရဲ့ ပြောကြားချက်အရ သိရပြီး တစ်ခုက ပရီးမီးယားလိဂ်က ကမ်းလှမ်းမှု ဖြစ်ပြီး နောက်တစ်ခုက ဆော်ဒီ ပရိုလိဂ်ကလပ် အယ်လ်ဟီလာလ် အသင်း ဆီကနေ ဖြစ်တယ်လို့ သိရပါတယ်။

အမျိုးသမီးကမ္ဘာ့ဖလား 2023
စပိန်
ဆွီဒင်
1X2 စပိန် @ 2.13
ဂိုးအောက် 2.00 @ 1.98
ဂိုးပေါင်း 2-3 @ 1.86
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘာစီလိုနာ အတွက် နေမာရဲ့ ပြောင်းရွှေ့ကြေးကို သတ်မှတ်လိုက်တဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီ အသင်းဟာ နေမာရဲ့ ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၁၅၀ အထိ သတ်မှတ်ခဲ့ပေမယ့်လည်း ဘာစီလိုနာနဲ့ မေဂျာလိဂ်က ကလပ်တွေက ဘရာဇီးလ် တိုက်စစ်မှူးကို ခေါ်ယူနိုင်ဖို့ မျှော်လင့်ချက်ရှိနေသေးတယ်လို့ သိရပါတယ်။

အသက် ၃၁ နှစ် အရွယ် တိုက်စစ်မှူးဟာ ယခုနွေရာသီမှာ အသင်းကို စွန့်ခွာခွင့်ပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပြီး ၂၀၁၇ ခုနှစ်တုန်းက စွန့်ခွာခဲ့တဲ့ ဘာစီလိုနာကို ပြန်လည် ပြောင်းရွှေ့ချင်နေတာ ဖြစ်ပါတယ်။

လက်ရှိ မှာတော့ AS ရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီဟာ နေမာကို ယူရိုသန်း ၁၅၀ အောက်နဲ့ ရောင်းချမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပေမယ့်လည်း ဘရာဇီးလ် တိုက်စစ်မှူးရဲ့ ကြီးမားတဲ့ လစာ ပမာဏကို လျှော့ချနိုင်ဖို့ အတွက် အငှားချသွားချင်တယ်လို့ နားလည်ရပါတယ်။


မန်စီးတီး ကြယ်ပွင့်ကို လက်မလျှော့သေးတဲ့ ဇာဗီ

ဘာနာဒို ဆေးလ်ဗားဟာ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့က အလှမ်းပိုမို ကွာဝေးလာပုံ ပေါ်ပေမယ့်လည်း လာလီဂါ ကလပ် ဘာစီလိုနာက လက်မလျှော့သေးဘူးလို့ သိရပါတယ်။
ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ချင်နေတဲ့ ဘာနာဒိုဆေးလ်ဗား

ဘာနာဒို ဆေးလ်ဗားဟာ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့က အလှမ်းပိုမို ကွာဝေးလာပုံ ပေါ်ပေမယ့်လည်း လာလီဂါ ကလပ် ဘာစီလိုနာက လက်မလျှော့သေးဘူးလို့ သိရပါတယ်။ ဘာစီလိုနာဟာ မန်စီးတီးနဲ့ ဂွါဒီယိုလာ တို့ကို ၎င်းတို့ရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးနဲ့ လမ်းခွဲပေးချင်အောင် စည်းရုံးနိုင်ဖို့ ကောင်းမွန်တဲ့ ကမ်းလှမ်းမှု ပြုလုပ်နိုင်စေမယ့် ဖော်မြူလာကို ရှာဖွေနေဆဲ ဖြစ်တယ်လို့ Mundo Deportivo က ဖော်ပြခဲ့ပါတယ်။

ဘာနာဒို ဆေးလ်ဗားဟာ နူးကမ့်ကို ပြောင်းရွှေ့ချင်နေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အင်္ဂလန်က သတင်းတွေအရ ပေါ်တူဂီ ကြယ်ပွင့်ဟာ ယခုနွေရာသီမှာ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ မဖြစ်နိုင်တော့ဘူး ဆိုရင် မန်စီးတီးနဲ့ စာချုပ်သစ် ချုပ်ဆိုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဘာစီလိုနာဟာ ဘာကာစတူဒီယိုရဲ့ ၁၆ ရာခိုင်နှုန်းကို ဂျာမန် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းကို ယူရိုသန်း ၆၀ နဲ့ ရောင်းချဖို့ သဘောတူညီမှု ရရှိထားပီး မကြာမီအချိန်အတွင်း တရားဝင် ကြေညာသွားဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ဒီသဘောတူညီမှုကြောင့် ဘာစီလိုနာဟာ ကစားသမားသစ်တွေကို မှတ်ပုံတင်နိုင်မှာ ဖြစ်သလို စာချုပ် သက်တမ်းတိုးတာတွေလည်း ပြုလုပ်နိုင်တော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘာဆာတို့ ဖရန့်ခ် ကက်ဆီနဲ့ ဒမ်ဘီလီတို့ ရောင်းချရမှု ကနေ ရရှိလာတဲ့ ငွေကြေးနဲ့ ဘာနာဒို ဆေးလ်ဗားကို နောက်ဆုံး တစ်ကြိမ် ကမ်းလှမ်းမှု ပြုလုပ်သွားနိုင်တော့မှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်