Opta ရဲ့ စူပါကွန်ပျူတာ ကတော့ ဥရောပထိပ်တန်းလိဂ်တွေမှာ ဘယ်အသင်းတွေ ဗိုလ်စွဲနိုင်မလဲ ဆိုတာ ခန့်မှန်းမှုတွေ ပြုလုပ်နေခဲ့ရာ အခု တစ်ခါ မှာတော့ လာလီဂါမှာ ဘယ်အသင်း ဗိုလ်စွဲမလဲ ဆိုတာ ခန့်မှန်းပေးခဲ့ပြီ ဖြစ်ပါတယ်။ အချက်အလက်တွေ အပေါ် အခြေခံ တွက်ချက်တဲ့ Opta က အခုရာသီ လာလီဂါမှာ ဘာစီလိုနာတို့ ချန်ပီယံ ဖြစ်မယ်လို့ ခန့်မှန်းခဲ့တာလည်း ဖြစ်ပါတယ်။
ဘာစီလိုနာ ကတော့ လာလီဂါ ပွဲစဉ် ၂၈ အပြီးမှာ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရမှတ် ၆၀ နဲ့ ရပ်တည်နေခဲ့ပါတယ်။ ဘာစီလိုနာက အဆင့် ၂ နေရာက ရီးရဲလ်မက်ဒရစ်ကို ရမှတ်တူ ဂိုးကွာခြားချက်နဲ့ ဦးဆောင်နေတာ ဖြစ်ပြီးတော့ အက်တလက်တီကိုမက်ဒရစ်နဲ့တော့ ၄ မှတ် ပြတ်နေပါတယ်။ ဘာစီလိုနာဟာ အနီးကပ်ဆုံး ပြိုင်ဘက်တွေ ဖြစ်တဲ့ မက်ဒရစ် မြို့ခံ နှစ်သင်းထက် တစ်ပွဲလျော့ ကစားထားတာကြောင့်လည်း ပိုပြီး အားသာချက် ရှိနေတာပါ။
Opta က ဒီအချက်တွေ အပေါ် အခြေခံပြီးတော့ ဘာစီလိုနာတို့ ချန်ပီယံ ဖြစ်ဖို့ အလားအလာ အကောင်းဆုံး အဖြစ် သတ်မှတ်ခံတာလည်း ဖြစ်ကြောင်း သိရပါတယ်။ စူပါကွန်ပျူတာရဲ့ တွက်ချက်မှုအရ ဘာစီလိုနာရဲ့ လာလီဂါ ချန်ပီယံ ဖြစ်နိုင်ခြေ အလားအလာဟာ ၆၈.၅ ရာခိုင်နှုန်း ရှိကြောင်း ခန့်မှန်းထားပြီး ရီးရဲလ်မက်ဒရစ် ကတော့ ၂၈.၅ ရာခိုင်နှုန်းသာ ရှိကြောင်း ခန့်မှန်းထားပါတယ်။

လက်ရှိ လာလီဂါ အမှတ်ပေးဇယားမှာ ဘာစီလိုနာနဲ့ ၄ မှတ် အကွာ တတိယနေရာမှာ ရပ်တည်နေတဲ့ အက်တလက်တီကိုမက်ဒရစ် ကတော့ ချန်ပီယံ ဖြစ်နိုင်ခြေ ၂.၉ ရာခိုင်နှုန်းသာ ရှိကြောင်း ခန့်မှန်ထားပါတယ်။ ထူးခြားချက်က စူပါကွန်ပျူတာရဲ့ ခန့်မှန်းမှုမှာ ဒီအသင်း ၃ သင်းက လွဲလို့ ကျန်အသင်း အားလုံး ချန်ပီယံ ဖြစ်နိုင်ခြေ မရှိကြောင်း ခန့်မှန်းထားတာ ဖြစ်ပါတယ်။ ဟန်ဆီ ဖလစ်ခ်ရဲ့ ဘာစီလိုနာက ၂၀၂၅ ခုနှစ် အတွင်း ကစားခဲ့တဲ့ ပြိုင်ပွဲစုံမှာ ရှုံးပွဲ လုံးဝ မရှိသေးပဲ ၁၈ ပွဲ ကစားရာမှာ ၁၅ ပွဲနိုင်၊ ၃ ပွဲ သရေကျထားပြီး အကောင်းဆုံး ပုံစံကို ပြသနေတာ ဖြစ်ပါတယ်။
လက်ကျန် ပွဲစဉ်တွေကို ပြန်ကြည့်မယ် ဆိုရင် ဘာစီလိုနာက ရီးရဲလ်ဘက်တစ်၊ ဆဲလ်တာဗီဂို၊ မာယော့ကာ၊ ရီးရဲလ်မက်ဒရစ်၊ ဗီလာရီးရဲလ်၊ ဘီလ်ဘာအို တို့နဲ့ ပွဲကြပ်တွေ ကစားရဦးမှာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် ကလည်း ဘာစီလိုနာ လိုပဲ ဘီလ်ဘာအို၊ ဆဲလ်တာဗီဂို၊ မာယော့ကာ၊ ဘာစီလိုနာ၊ ရီးရဲလ်ဆိုစီဒက် တို့နဲ့ ကစားရဦးမှာပါ။ အက်တလက်တီကိုမက်ဒရစ် ကတော့ ဒီနှစ်သင်းထက်စာရင် ပွဲချောင်နေတယ်လို့ ပြောလို့ ရပြီးတော့ ရီးရဲလ်ဆိုစီဒက်၊ ရီးရဲလ်ဘက်တစ် စတဲ့ ပွဲတွေ လောက်ပဲ အားစိုက်ဖို့ လိုအပ်နေတာပါ။ ဒါ့အပြင် အက်တလက်တီကိုဟာ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာလို့ ချန်ပီယံလိဂ် ကစားဖို့ မရှိတော့တာကြောင့် လာလီဂါကို အပြည့်အဝ အာရုံစိုက်နိုင်ဖို့ ရှိနေပါတယ်။
စူပါကွန်ပျူတာက လာလီဂါ ကနေ တန်းဆင်းရမယ့် အသင်း ၃ သင်းကို ခန့်မှန်းခဲ့ရာ မှာတော့ လက်ရှိ အမှတ်ပေးဇယား အောက်ဆုံးမှာ ရပ်တည်နေတဲ့ ဗယ်လာဒိုလစ်၊ လက်စ်ပါးလ်မက်စ်နဲ့ လီဂါနက်စ် တို့ကိုသာ ရွေးချယ်ထားပါတယ်။ အမှန်တကယ်တော့ လာလီဂါရဲ့ တန်းဆင်းဇုန် အန္တရာယ်က အဆင့် ၁၅ နေရာက အက်စပန်ညို အထိ သက်ရောက်မှု ရှိနေတာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.