လက်ရှိ တူရကီ ကလပ် ဖီနာဘာချီ နည်းပြ ဟိုဆေး မော်ရင်ဟို ကတော့ အသင်းဟောင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ကို ပြန်လာဖွယ် ရှိကြောင်း အရိပ်အမြွက် စကား ဆိုလာခဲ့ပါတယ်။ ပေါ်တူဂီ လူမျိုး နာမည်ကျော် နည်းပြ မော်ရင်ဟို ကတော့ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ကို ၂၀၁၀ ကနေ ၂၀၁၃ ခုနှစ် အထိ ကိုင်တွယ်ခဲ့ဖူးသူ ဖြစ်ပါတယ်။
မော်ရင်ဟိုက လာလီဂါ ကလပ်နဲ့ အတူ လာလီဂါ၊ ကိုပါဒယ်ရေး၊ စပိန်စူပါဖလား စတဲ့ ပြည်တွင်း ဆုဖလား အားလုံး ရရှိခဲ့ပါတယ်။ ဒီလို အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ မော်ရင်ဟိုကို မီဒီယာတွေက အသင်းဟောင်းအား ပြန်လည် ကိုင်တွယ်ဖွယ် ရှိမရှိ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ ဒါကို မော်ရင်ဟိုက “ကျွန်တော်က ရီးရဲလ်မက်ဒရစ်ရဲ့ အမာခံ ပရိသတ် တစ်ယောက် အမြဲတမ်း ဖြစ်နေမှာပါ။ သူတို့ဆီမှာ ကမ္ဘာ့အကောင်းဆုံး နည်းပြ ရှိနေပါတယ်။ ကျွန်တော့်ရဲ့ မိတ်ဆွေ ကာလို (အန်ဆယ်လော့တီ) က သူလုပ်နေတာတွေ အရမ်းကို ကောင်းပါတယ်။ အနာဂတ်က ဥက္ကဋ္ဌ ဘာလုပ်ချင်လဲ ဆိုတာ အပေါ် မူတည်ပါတယ်။ ဖလော်ရင်တီနိုက မက်ဒရစ်မှာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ အများကြီး မလုပ်ဖူးပါဘူး။ သူ့ရဲ့ နောက်ထပ် ဆုံးဖြတ်ချက်က မှန်ကန်မယ် ဆိုတာ သေချာပါတယ်။” လို့ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
မော်ရင်ဟို ကတော့ ရီးရဲလ်မက်ဒရစ်ကို ကိုင်တွယ်စဉ်က လာလီဂါ ချန်ပီယံဆုနဲ့ စပိန်ဘုရင့်ဖလားတို့ ရယူပေးနိုင်ခဲ့ပေမယ့်လည်း ချန်ပီယံလိဂ် ဖလား ရယူမပေးနိုင်ခဲ့တာကြောင့် လမ်းခွဲခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိမှာ အသက်အရွယ် အားဖြင့် ၆၁ နှစ် ရှိပြီ ဖြစ်တဲ့ မော်ရင်ဟို ကတော့ ဖီနာဘာချီကို ကိုင်တွယ်နေပြီးတော့ သူကိုင်တွယ်ထားတဲ့ ၂၄ ပွဲမှာ ၁၄ ပွဲနိုင်၊ ၅ ပွဲ သရေ၊ ၅ ပွဲ ရှုံး ရလဒ် ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။
လက်ရှိမှာ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ကို ကိုင်တွယ်နေတဲ့ နည်းပြကြီး ကာလို အန်ဆယ်လော့တီ ကတော့ သူ့ရဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ အသင်းနဲ့ လမ်းခွဲဖို့ များနေသူ ဖြစ်ပါတယ်။ အန်ဆယ်လော့တီက ရီးရဲလ်မက်ဒရစ်ကို ဒုတိယအကြိမ်မြောက် ကိုင်တွယ်ချိန်မှာလည်း လာလီဂါ ဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ် ဖလား ၂ ကြိမ် အပါအဝင် အခြားသော ဆုဖလားတွေကို ရယူပေးထားနိုင်သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီနည်းပြကြီးက အသက်အရွယ်အားဖြင့် ၆၅ နှစ် ရှိနေပြီ ဖြစ်သလို ဒီရာသီမှာလည်း ရီးရဲလ်မက်ဒရစ်က အနည်းငယ် ရုန်းကန်နေရတာကြောင့် အသင်း ဘက်က ရေရှည်အတွက် လူငယ် နည်းပြ တစ်ဦးနဲ့ အစာထိုးဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။
အစောပိုင်း သတင်းတွေ အရ ဆိုရင်တော့ ရီးရဲလ်မက်ဒရစ်က လေဗာကူဆင်နဲ့ လမ်းခွဲတော့မယ့် နည်းပြ ဇာဘီ အလွန်ဆိုကို ခေါ်ယူဖို့ အဓိက ပစ်မှတ်ထားနေခဲ့တယ်လို့ သိထားရပါတယ်။ အလွန်ဆို ကတော့ ရီးရဲလ်မက်ဒရစ် ကစားသမားဟောင်း တစ်ဦး ဖြစ်သလို လက်ရှိ မှာလည်း အသက်အရွယ်ငယ်ပေမယ့် ထိပ်တန်း အဆင့် နည်းပြ တစ်ဦး ဖြစ်နေတာကြောင့် ရီးရဲလ်က သဘောကျနေတာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.