နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဟာဇက် 2.0 ဆိုပြီး လှောင်ပြောင်ခံနေရတဲ့ အမ်ဘာပေး | လာလီဂါ

ရီးရဲလ်မက်ဒရစ် ကတော့ ၂၀၂၄/၂၅ ဘောလုံးရာသီ လာလီဂါ အဖွင့် ပွဲစဉ် မှာတော့ မာယော့ကာနဲ့ တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့တာ ဖြစ်ပါတယ်။ လာလီဂါ လက်ရှိ ချန်ပီယံတွေ အနေနဲ့ မာယော့ကာနဲ့ တွေ့တိုင်း ခက်ခက်ခဲခဲ ကစားရတတ်ပြီး အခုပွဲ မှာလည်း သရေရလဒ် ရရှိအောင် အသည်းအသန် ကစားခဲ့ရတာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း လာလီဂါ ရာသီ အဖွင့် ပွဲစဉ်မှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့ တိုက်စစ်မှူး ကီယန် အမ်ဘာပေး ကလည်း ဟာဇက် 2.0 ဆိုပြီး ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်း ခံနေရတယ်လို့ သိရပါတယ်။ 

ဒီပွဲမှာ ရီးရဲလ်မက်ဒရစ်က ပွဲအစ ၁၃ မိနစ်မှာ ရိုဒရီဂိုရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ၅၃ မိနစ်မှာ ချေပဂိုး ပြန်ပေးခဲ့ရပြီး ဂိုးတွေ ထပ်မံသွင်းယူနိုင်ခြင်း မရှိခဲ့ပဲ ပွဲပြီးခါနီး နာကျင် အချိန်ပို မှာလည်း ဘယ်နောက်ခံလူ မန်ဒီ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။ ကစားသမားသစ် ကီလီယန် အမ်ဘာပေး အနေနဲ့ အဲဒီပွဲမှာ ပွဲချိန်ပြည့် ကစားခွင့်ရခဲ့ပေမယ့်လည်း ဂိုးကန်သွင်းမှု ၄ ကြိမ်၊ ဘောလုံး ထိချက် ၄၄ ကြိမ် (ပြိုင်ဘက်ရဲ့ ဂိုးဧရိယာ အတွင်း ဘောလုံး ထိချက် ၁၃ ကြိမ်) သာ ရှိခဲ့ပါတယ်။ ဘောလုံး ဆုံးရှုံးမှု ကတော့ ၂ ကြိမ်၊ သွင်းဂိုး၊ ဂိုးဖန်တီးမှုနဲ့ အခွင့်အရေး ဖန်တီးနိုင်မှု တစ်ကြိမ်တောင် ပြုလုပ်နိုင်ခြင်းတော့ မရှိခဲ့ပါဘူး။ 

ဒါကြောင့် ပရိသတ်တချို့က “ဟာဇက် 2.0 ကို ဒီနေရာမှာ ပထမဦးဆုံး မြင်ဖူးတာပဲ။ အမ်ဘာပေး အတွက် အကောင်းဆုံး နေရာက အရန်ခုံတန်းပဲ။ ရှက်စရာ ကောင်းတဲ့ စွမ်းဆောင်ရည်နဲ့ အပြောင်းအလဲ လုပ်တာက အရမ်းကို နောက်ကျတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် အချိန်နှစ်နာရီ ဖြုန်းတီးမိတာပဲ။ လယ်သမားတွေ အတွက် မဟုတ်တဲ့ လိဂ်ကို ရောက်လာတယ် ဆိုတာ အမ်ဘာပေး သိမြင်သွားပြီလို့လည်း X မှာ ရေးသား ဝေဖန်မှုတွေ ရှိနေကြတာ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်မှာ မိုနာကို အသင်းနဲ့ အတူ ဘောလုံးလောကထဲ စတင် ရောက်ရှိလာခဲ့တဲ့ ကီလီယန် အမ်ဘာပေးဟာ သူ့ရဲ့ ခြေစွမ်းကြောင့် လျင်လျင်မြန်မြန်ပဲ စီနီယာ အသင်းကြီး အတွက် ကစားခွင့်ရခဲ့ပါတယ်။ အဲ့နောက် အမ်ဘာပေးက မိုနာကို အတွက် ပွဲပေါင်း ၆၀ ကစားရာမှာ ၂၇ ဂိုး အထိ သွင်းယူနိုင်ခဲ့တာကြောင့် ပီအက်စ်ဂျီက မျက်စိကျပြီး အရ ခေါ်ယူခဲ့ပါတယ်။ အမ်ဘာပေးက ပီအက်စ်ဂျီ မှာတော့ ၇ ရာသီ အတွင်း ပွဲပေါင်း ၂၆၄ ပွဲ ကစားပြီး ၂၃၅ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ဟာ အမ်ဘာပေးကို ဟိုအရင် နှစ်တွေထဲက ခေါ်ယူချင်ခဲ့တာ ဖြစ်သလို အကြိမ်ကြိမ်လည်း ကြိုးပမ်းခဲ့ပါတယ်။ အခုနောက်ဆုံးမှာတော့ ရီးရဲလ်မက်ဒရစ်ဟာ အမ်ဘာပေးကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပြီး ရော်နယ်ဒို နောက်ပိုင်း အသင်း အတွက် သက်ရောက်မှု ကြီးကြီးမားမား ရှိလာမယ့် ကစားသမား အဖြစ် ထင်ကြေးပေးခံထားရသူလည်း ဖြစ်ပါတယ်။အမ်ဘာပေးဟာ ဥရောပစူပါဖလား ပြိုင်ပွဲမှာတော့ သူ့ရဲ့ လာလီဂါ ကလပ်နဲ့ ပထမဦးဆုံး ပွဲဦးထွက်မှာ ပထမဦးဆုံးဂိုး၊ ပထမဦးဆုံး ဆုဖလားနဲ့ အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြင်သစ်သားဟာ လာလီဂါ အဖွင်ပွဲစဉ် မှာတော့ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရသလို လိဂ် အသစ်နဲ့ အသားသိပ်မကျသေးတာ ကိုလည်း တွေ့ခဲ့ရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်