နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပီအက်စ်ဂျီ ကနေ ထွက်ခွာဖို့ နီးစပ်လာတဲ့ အမ်ဘာပေး၊ တူရကီ မက်ဆီကို စိတ်ဝင်စားနေတဲ့ ရီးရဲလ်မက်ဒရစ် (လာလီဂါ နောက်ဆုံးရ သတင်းများ)

ပီအက်စ်ဂျီ ကနေ ထွက်ခွာဖို့ နီးစပ်လာတဲ့ အမ်ဘာပေး၊ တူရကီ မက်ဆီကို စိတ်ဝင်စားနေတဲ့ ရီးရဲလ်မက်ဒရစ် စတဲ့ သတင်းတွေ အပါအဝင် ဇွန်လ ၂၃ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ပီအက်စ်ဂျီ ကနေ ထွက်ခွာဖို့ နီးစပ်လာတဲ့ အမ်ဘာပေး

ပြင်သစ် တိုက်စစ်မှူး ကီလီယန် အမ်ဘာပေးဟာ ပီအက်စ်ဂျီ ကနေ ထွက်ခွာဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်ပဲ ကျန်ရှိတော့ချိန်မှာ သက်တမ်းမတိုးဘူးလို့ ပြောဆိုထားပြီး လာမယ့် ရာသီမှာ ဆက်ရှိနေမယ်လို့ သူက ပြောဆိုထားပါတယ်။

ဒါပေမယ့် သူ့ကို အလွတ်နဲ့ ထွက်ခွင့်မပေးနိုင်တဲ့ ပီအက်စ်ဂျီက လက်ရှိမှာ ရောင်းချဖို့အတွက် ပြင်ဆင်နေတာပါ။ ကစားသမားရ့ တန်ဖိုးကို ယူရိုသန်း ၂၀၀ အထိ ပီအက်စ်ဂျီက သတ်မှတ်ထားပြီး နောက်ထပ် ယူရိုသန်း ၅၀ ကို အပိုဆုကြေး အဖြစ် သတ်မှတ်ထားတယ် လို့လည်း ပြင်သစ်သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ပြင်သစ်သားဟာ စပိန် လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့နိုင်ဖို့ မျှော်လင့်ထားပါတယ်။ ရီးရဲလ် ကလည်း အမ်ဘာပေးကို သေချာပေါက် ခေါ်ယူဖို့ အတွက် ကြိုးစားနေပြီး အလွတ်နဲ့ ရမှာကို စောင့်စားမလား၊ ဒါမှမဟုတ် ဒီနှစ်မှာပဲ ခေါ်ယူမလား ဆိုတာ စောင့်ကြည့်ရတော့မှာပါ။

ပရီးမီးယား လိဂ်
AFC ဘုန်းမောက်
ဝက်စ်ဟမ်း ယူနိုက်တက်
1X2 သရေ (Draw) @ 3.20
ဂိုးပေါ် 2.50 @ 1.92
AFC ဘုန်းမောက် အာရှ ဟန်းဒီးကပ် 0.00 @ 2.13
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ရီးရဲလ်ထက် ဘာစီလိုနာကို ပြောင်းဖို့ အမ်ဘာပေးကို တိုက်တွန်းခဲ့တဲ့ မက်ဆီ

လီယွန်နယ် မက်ဆီဟာ ပီအက်စ်ဂျီက မထွက်ခွာခင် အမ်ဘာပေးကို ဘယ်အသင်းကို ပြောင်းရွှေ့သင့်လဲ ဆိုတာကို ပြောဆိုခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ စပိန်သတင်းစာ Defensa Central က ဖော်ပြခဲ့ရာမှာတော့ မက်ဆီက အမ်ဘာပေးကို ရီးရဲလ်မက်ဒရစ် အစား ဘာစီလိုနာကို ပြောင်းရွှေ့စေချင်တယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

“ ငါ မင်းကို ဘာဆာဆီ သွားစေချင်တာ၊ ဒါပေမယ့် မင်း မက်ဒရစ်ကို သွားချင်တယ် ဆိုရင်လည်း သွားပေါ့၊ မင်းက ဒီလိုမျိုး အောင်မြင်မှု ပရော့ဂျက်တွေနဲ့ ထိုက်တန်ပါတယ်” လို့ မက်ဆီက ပြောဆိုခဲ့ကြောင်း သိရပါတယ်။ အမ်ဘာပေးဟာ ပီအက်စ်ဂျီနဲ့ အတူ ပြည်တွင်းဖလား အများအပြားကို ရယူနိုင်ခဲ့ပြီး ဥရောပ အောင်မြင်မှုတော့ မရရှိသေးတာ ဖြစ်ပါတယ်။

လက်ရှိ မှာလည်း သူက ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့ပြီး စာချုပ်သစ် မချုပ်ဆိုတော့ဘူးလို့ တရားဝင် အသိပေးထားပြီး ဖြစ်ပါတယ်။ အမ်ဘာပေးကို ရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားနေသလို ကစားသမား ကလည်း ပြောင်းရွှေ့ချင်နေတာကြောင့် ဒီအပြောင်းအရွှေ့က အနှေးနဲ့ အမြန် ဖြစ်ပေါ်လာမှာပါ။ မက်ဆီရဲ့ ဘာစီလိုနာမှာ အမ်ဘာပေးကို မြင်ချင်တဲ့ ဆန္ဒ ကတော့ ပြည့်၀ဖို့ ခက်ခဲနေပြီး မဖြစ်လာနိုင်ဘူးလို့ ယူဆရပါတယ်။


တူရကီ မက်ဆီကို စိတ်ဝင်စားနေတဲ့ ရီးရဲလ်မက်ဒရစ်

သူ့ရဲ့ ထူးခြား ပြောင်မြောက်တဲ့ ကစားဟန်ကြောင့် လာလီဂါ ထိပ်သီး ရီးရဲလ်က တော်တော်လေး စိတ်ဝင်စားနေပြီး အခြား ဥရောပအသင်းကြီးတွေ ကလည်း စောင့်ကြည့်နေကြပြီ ဖြစ်ပါတယ်။
ဖီနာဘာချီနဲ့ အတူ တူရကီ လိဂ်ဖလား ဆွတ်ခူးထားနိုင်ခဲ့တဲ့ အာဒါ ဂူလာ

ရီးရဲလ်မက်ဒရစ်ဟာ တူရကီ ကလပ် ဖီနာဘာချီရဲ့ လူငယ် ကြယ်ပွင့် တစ်ဦး ဖြစ်တဲ့ အာဒါဂူလာကို စိတ်ဝင်စားနေပါတယ်။ အသက် ၁၈ နှစ်သာ ရှိသေးတဲ့ ဂူလာဟာ အရွယ်နဲ့ မလိုက်အောင် ခြေစွမ်းပြနေပြီး တူရကီ လက်ရွေးစင် အသင်းကြီး အတွက်လည်း ရွေးချယ်ခံထားရသူပါ။

ရီးရဲလ်မက်ဒရစ် ကစားသမားဟောင်း မီဆွတ် အိုဇေးလ်ကတောင်မှ နံပါတ် ၁၀ နေရာမှာ သူ့ထက် ပိုကောင်းတဲ့သူလို့ ချီးကျူးထားပြီး ဂူလာဟာ ပြီးခဲ့တဲ့ ရာသီက လိဂ်ပွဲ ၂၀ အထိ ကစားခဲ့ရကာ ၄ ဂိုး သွင်းယူပေးခဲ့ပြီး တူရကီ လိဂ်ဖလားကို အသင်းနဲ့ အတူ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

သူ့ရဲ့ ထူးခြား ပြောင်မြောက်တဲ့ ကစားဟန်ကြောင့် လာလီဂါ ထိပ်သီး ရီးရဲလ်က တော်တော်လေး စိတ်ဝင်စားနေပြီး အခြား ဥရောပအသင်းကြီးတွေ ကလည်း စောင့်ကြည့်နေကြပြီ ဖြစ်ပါတယ်။ မကြာခင်မှာ သူ့အတွက် အပြိုင်အဆိုင် ကမ်းလှမ်းမှုတွေ ရရှိလာမယ်လို့လည်း ယူဆရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်