နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လာလီဂါ – နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ (၁၀/၈/၂၀၂၂)

ဩဂုတ်လ ၁၀ ရက်နေ့ ညပိုင်းအထိ ရရှိထားသမျှ လာလီဂါ ကလပ်တွေရဲ့ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားပါမယ်။


ဂန်းနား တိုက်စစ်မှူးဟောင်းကို အရ ခေါ်ပေးဖို့ ဘိုလေကို တွန်းအားပေးနေတဲ့ တူချယ်

တစ်ဖက် မှာလည်း ချဲလ်ဆီး နည်းပြ သောမက်စ် တူချယ်က ဘာစီလိုနာ တိုက်စစ်မှူး ပီရဲယ် အန်းမရစ်ခ် အော်ဘာမီယန်းကို အရခေါ်ယူပေးဖို့ ပိုင်ရှင် ဖြစ်သူ တော့ဒ် ဘိုလေကို တွန်းအားပေးလျက် ရှိကြောင်း သိရပါတယ်။

ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ တူချယ်က အော်ဘာမီယန်းကို သူလိုချင်တဲ့ ပြီးပြည့်စုံတဲ့ တိုက်စစ်မှူး အဖြစ် သတ်မှတ်ထားပြီး အပြောင်းအရွှေ့ မပိတ်မီ ခေါ်ယူပေးဖို့ တောင်းဆိုနေခဲ့တာ ဖြစ်ပါတယ်။ လူကာကူနဲ့ ဗာနာ တို့ကို လက်လွှတ်ထားခဲ့ရတဲ့ ချဲလ်ဆီးတို့ အသင်းမှာ စတာလင်၊ ဘရိုဟာ၊ ကိုင်ဟာဗက်ဇ်၊ ဘက်ရှူဝါရီတို့ ရှိနေသေးပေမယ့် အဆုံးသတ် သေချာတဲ့ အထောင် တိုက်စစ်မှူးစစ်စစ် တစ်ဦး မဖြစ်မနေ ခေါ်ယူ အားဖြည့်ဖို့ လိုအပ်နေတာ ဖြစ်တယ်။

အသက် ၃၃ နှစ် အရွယ် ဂါဘွန်း အသင်းခေါင်းဆောင်ဟာ ချဲလ်ဆီးရဲ့ လန်ဒန် မြို့ခံ ပြိုင်ဘက် အာဆင်နယ်မှာ ၅ ရာသီကြာ ဖြတ်သန်းခဲ့ဖူးပြီး ပြိုင်ပွဲစုံ အရပ်ရပ် ၁၆၃ ပွဲ ကစားရာမှာ ၉၂ ဂိုး သွင်းယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ အဲ့ဒီနောက် အော်ဘာမီယန်းဟာ လာလီဂါ ကလပ် ဘာစီလိုနာ ကို ပြောင်းရွှေ့ခဲ့ပြီး ဇာဗီရဲ့ အသင်း အတွက် ၅ လ အတွင်း ပြိုင်ပွဲစုံ ၂၃ ပွဲ ကစားကာ ၁၃ ဂိုး သွင်းယူပေးထားခဲ့ပါတယ်။


နတ်သမီး ပုံပြင် ဖြစ်လာတဲ့ ဖရန်ကီ ဒီယောင်ရဲ့ အပြောင်းအရွှေ့

ချဲလ်ဆီးက ဖရန်ကီ ဒီယောင်ရဲ့ အပြောင်းအရွှေ့ အတွက် ဘာစီလိုနာနဲ့ သဘောတူညီမှု ရဖို့ နီးစပ်နေခဲ့ပေမယ့် ကစားသမား ကိုယ်တိုင် ကတော့ လက်ရှိ ကလပ်ကို စွန့်ခွာချင်သလား၊ မစွန့်ခွာချင်ဘူးလား ဆိုတာ အခုချိန်ထိ ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်သေးဘူးလို့ သတင်းတွေမှာ ဖော်ပြနေပါတယ်။

ဖရန်ကီ ဒီယောင် ကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်က လက်ရှိ နွေရာသီ အပြောင်းအရွှေ့ ကာလ တစ်ခုလုံး ကြိုးပမ်းနေခဲ့ပြီး ချဲလ်ဆီး ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ အလယ်လောက်မှ စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။ အစောပိုင်းမှာ ယူနိုက်တက် က ဖရန်ကီ ဒီယောင်ကို ပေါင် ၇၂ သန်း ဝန်းကျင်နဲ့ ခေါ်ယူဖို့ အတွက် ဘာစီလိုနာ အသင်းနဲ့ သဘောတူညီမှု ရယူထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ကစားသမားက လာလီဂါ ကလပ် ဆီက သူရဖို့ ကျန်နေသေးတဲ့ လုပ်ခလစာ အကြွေး ပေါင် ၁၇ သန်း ရပြီးမှ အသင်းပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ယူနိုင်တက်တို့ အခက်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
ဆောက်သမ်တမ်
လိဒ် ယူနိုက်တက်
1X2 ဆောက်သမ်တမ် @ 2.29
ဆောက်သမ်တမ် အာရှ ဟန်းဒီးကပ် – 0.25 @ 1.99
ဂိုးပေါ် 2.75 @ 1.98
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒါကြောင့် ယူနိုက်တက် ဘက်က ဒီယောင် ရမယ့် ကြွေးကျန် ပေါင် ၁၇ သန်းကိုပါ စိတ်ထုတ် ရှင်းပေးပြီး ခေါ်ယူဖို့ ကမ်းလှမ်းထားခဲ့ပေမယ့် လက်ရှိ ချိန်ထိတော့ ထူးခြားမှု တစုံတရာ မရှိသေးဘူးလို့ သိရပါတယ်။ သတင်းတွေအရ ချဲလ်ဆီးက ဒီယောင်ကို ခေါ်ယူဖို့ ဝင်ပြီး ကြိုးပမ်းနေပေမယ့် ယူနိုက်တက် ကတော့ နယ်သာလန်သားကို အိုးထရက်ဖို့ဒ်ဆီ အရောက် ခေါ်ယူနိုင်မယ်လို့ ယုံကြည်မှု အပြည့် ရှိနေဆဲ ဖြစ်ကြောင်း သိရပါတယ်။


ဂေးလ်ကို အငှားနဲ့ ထပ်ခေါ်ချင်နေတဲ့ ဗလင်စီယာ

ရာသီဝက် အငှားစာချုပ် သက်တမ်း ပြည့်လို့ တော့တင်ဟမ်ဟော့စပါး ဆီ ပြန်သွားတဲ့ ဘရိုင်ယန် ဂေးလ် ကိုတော့ လာလီဂါ ကလပ် ဗလင်စီယာက ထပ်မံ ခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက် အရ အသက် ၂၁ နှစ် အရွယ် စပိန် တောင်ပံ ကစားသမားကို ရီးရဲယ် ဆိုစီဒက် ကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က ကမ်းလှမ်းမှု ပြုလုပ်ထားခဲ့တယ်လို့ သိရပါတယ်။ အဲ့နောက် ဗလင်စီယာ ကလည်း ဂေးလ်ကို အငှားနဲ့ ထပ်ခေါ်ဖို့ တော့တင်ဟမ်ဟော့စပါး အသင်းထံ ကမ်းလှမ်းလာခဲ့တာ ဖြစ်ပြီး လက်ရှိ အချိန်ထိတော့ ဘယ်အသင်းနဲ့မှ သဘောတူညီမှု မရသေးဘူးလို့ သိရပါတယ်။

တော့တင်ဟမ်ဟော့စပါး ကတော့ ဘရိုင်ယန် ဂေးလ်ရဲ့ အငှား ပြောင်းရွှေ့ကြေး အဖြစ် ယူရို ၁ သန်း နီးပါး အလိုရှိနေပြီး လက်တလောမှာ ဒီကစားသမားကို ခေါ်ယူဖို့ ရီးရဲယ်ဆိုစီဒက်စ်က အင်တိုက်အားတိုက် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်