နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဗလင်စီယာကို ခက်ခက်ခဲခဲ ကျော်ဖြတ်ပြီး စူပါဖလား ဗိုလ်လုပွဲ တက်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်၊ အော်ဘာမီယန်းကို ပြန်လည် ခေါ်ယူချင်နေတဲ့ ဘာစီလိုနာ (လာလီဂါ နောက်ဆုံးရ သတင်းများ)

ဗလင်စီယာကို ခက်ခက်ခဲခဲ ကျော်ဖြတ်ပြီး စူပါဖလား ဗိုလ်လုပွဲ တက်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်၊ အော်ဘာမီယန်းကို ပြန်လည် ခေါ်ယူချင်နေတဲ့ ဘာစီလိုနာ စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၁၂ ရက်နေ့ ညရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဗလင်စီယာကို ခက်ခက်ခဲခဲ ကျော်ဖြတ်ပြီး စူပါဖလား ဗိုလ်လုပွဲ တက်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်

ဆော်ဒီမှာ ကျင်းပနေတဲ့ စပိန်စူပါဖလား ဆီမီးဖိုင်နယ် မှာတော့ ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါ ပြိုင်ဘက် ဗလင်စီယာကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပါတယ်။ ပုံမှန် ကစားချိန် အတွင်း ၁-၁ သရေကျခဲ့တာကြောင့် ရီးရဲလ်တို့ ရုန်းကန်ခဲ့ရပြီး ဗိုလ်လုပွဲ တက်ရောက်နိုင်ဖို့ အတွက် နောက်ဆုံး အချိန်ထိ အားကုန်ထုတ်ခဲ့ရတာ ဖြစ်ပါတယ်။

ဘန်ဇီမာက ၃၉ မိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီ ကနေ ဦးဆောင်ဂိုးသွင်းခဲ့ပေမယ့် ဗလင်စီယာ အတွက် ဆမ်မြူရယ် လီနိုက ၄၆ မိနစ်မှာပဲ ပြန်ချေပခဲ့လို့ သရေဖြစ်ခဲ့တာပါ။ ရီးရဲလ် ကတော့ ကမ္ဘာ့ဖလား အပြီး ပြန်လည် ကစားချိန်မှာ ခြေစွမ်းပိုင်း ကျဆင်းနေပြီး ပြိုင်ဘက် အသင်းတွေကို ဂိုးသွင်းယူနိုင်ဖို့ အတွက် အခက်အခဲတွေ ရှိနေခဲ့ပါတယ်။

ဒီနေ့ မှာတော့ နောက်ထပ် ဆီမီးဖိုင်နယ် ပွဲစဉ် အဖြစ် ရီးရဲလ်ဘက်တစ်နဲ့ ဘာစီလိုနာတို့ ကစားကြမှာပါ။ ရီးရဲလ် ဘက်တစ်က ခြေစွမ်းပြနေတဲ့ အသင်း ဖြစ်လို့ ဘာကာတို့ ခက်ခက်ခဲခဲ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ရာသီက ကိုပါဒယ်ရေး ချန်ပီယံ ဖြစ်ခဲ့တဲ့ ဘက်တစ်က မာကျောပြီး အသင်းလိုက် ကစားပုံလည်း ကောင်းနေလို့ ဇာဗီတို့ အဖွဲ့ ခေါင်းကိုက်ရဖွယ် ရှိနေပါတယ်။


အော်ဘာမီယန်းကို ပြန်လည် ခေါ်ယူချင်နေတဲ့ ဘာစီလိုနာ

လာလီဂါ ထိပ်သီး ဘာစီလိုနာ ကတော့ သူတို့ရဲ့ တိုက်စစ်မှူးဟောင်း ပီရဲယ် အမ်းမရစ်ခ် အော်ဘာမီယန်းကို ချဲလ်ဆီး ကနေ ပြန်လည် ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။
ချဲလ်ဆီးမှာ အဆင်မပြေ ဖြစ်နေပြီး ပရိသတ်တွေရဲ့ လှောင်ပြောင်တာခံနေရတဲ့ အော်ဘာမီယန်း

လာလီဂါ ထိပ်သီး ဘာစီလိုနာ ကတော့ သူတို့ရဲ့ တိုက်စစ်မှူးဟောင်း ပီရဲယ် အမ်းမရစ်ခ် အော်ဘာမီယန်းကို ချဲလ်ဆီး ကနေ ပြန်လည် ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ လက်တလောမှာ အော်ဘာမီယန်းက ချဲလ်ဆီးမှာ အဆင်မပြေ ဖြစ်နေပြီး ခြေစွမ်းမပြနိုင်တာကြောင့် ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို ရင်ဆိုင်နေရသူ ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ မန်စီးတီးနဲ့ ပွဲမှာဆိုရင်လည်း အသင်း လူစာရင်းထဲတောင် မပါဝင်လာတော့တဲ့ အထိ ဖြစ်နေတာပါ။

အာဆင်နယ် ကနေ ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့ပြီးနောက် အော်ဘာမီယန်းဟာ စပိန်မြေမှာ အားကိုးရလောက်တဲ့ ခြေစွမ်းတွေကို ပြသနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ချဲလ်ဆီး နည်းပြဟောင်း တူချယ်လ်က သူ အထုတ်မခံရချိန်မှာ တပည့်ကျော် အော်ဘာမီယန်းကို ပြန်လည်ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ နည်းပြ ဂရေဟမ် ပေါ်တာက အော်ဘာမီယန်းကို အကြိုက် မတွေ့ဘဲ ကိုင် ဟာဗက်ဇ်၊ မေဆန်မောင့်နဲ့ စတာလင် တို့ကိုပဲ ပိုမို အသုံးပြုနေတာ ဖြစ်ပါတယ်။ ဘာစီလိုနာ ကတော့ အော်ဘာမီယန်းကို ခေါ်ယူချင်ပေမယ့်လည်း ကစားသမား ဘက်က လစာ လျှော့ယူပေးရဖို့ ရှိနေသလို အလွတ်နဲ့ ခေါ်ယူနိုင်ဖို့ ကိုသာ ပိုမိုအားသန်နေတယ်လို့ သိရပါတယ်။

လာလီဂါ
UD အဲလ်မာရီးရား
အက်တလက်တီကို
1X2 အက်တလက်တီကို @ 1.75
ဂိုးပေါ် 2.50 @ 1.98
ဂိုးပေါင်း 2-3 @ 1.90
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ကော့တွိုက်စ်ကို ချီးကျူးခဲ့တဲ့ ဂတ်တူဆို

စပိန် စူပါဖလား ဆီမီးဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ဗလင်စီယာ နည်းပြ ဂတ်တူဆိုက ပြိုင်ဘက် အသင်းရဲ့ ဂိုးသမား တီဘို ကော့တွိုက်စ်ကို ချီးကျူးခဲ့ပါတယ်။ သူ့အသင်းရဲ့ စွမ်းဆောင်ရည် အတွက်လည်း ကျေနပ်မိတယ်လို့ ပြောဆိုခဲ့ပြီး လက်စွမ်းပြသွားတဲ့ ဘယ်လ်ဂျီယံ ဂိုးသမား ကိုပါ ထည့်သွင်း ချီးကျူးခဲ့တာ ဖြစ်ပါတယ်။

“ ကျနော့် အသင်းက ပြိုင်ဘက်ထက် ပိုကောင်းခဲ့လားတော့ ကျနော်မသိဘူး၊ နည်းဗျူဟာပိုင်း အရ ကျနော်တို့ ပြင်ဆင်ခဲ့ပြီးတော့ နောက်ဆုံး ကစားခဲ့တဲ့ ၄ လ အတွင်းမှာ ကွင်းလယ်လူ နှစ်ဦး ထည့်သွင်း ကစားခဲ့တဲ့ ပုံစံနဲ့ ကွဲပြား ခြားနားတဲ့ လူစာရင်းကို အသုံးပြုခဲ့ပါတယ်၊ ဂိုးရမယ့် အခွင့်အလမ်းတွေ ရှိခဲ့ပြီး ပွဲကောင်း တစ်ပွဲ အဖြစ် ကစားနိုင်ခဲ့ပါတယ်”

“ ကော့တွိုက်စ် ကတော့ မယုံကြည်နိုင်လောက်စရာ ကောင်းတဲ့ အဆင့်အတန်းမှာ နှစ်ပေါင်းများစွာ ကစားခဲ့တဲ့ သူပါ၊ ကျနော့် ဂိုးသမားလည်း ဒီနေ့မှာ လေးငါးကြိမ်လောက် ကာကွယ်နိုင်ခဲ့ပါတယ်၊ ကော့တွိုက်စ်က အရမ်းကောင်းတဲ့ ဂိုးသမား ဆိုတာ သိပါတယ်၊ ကံဆိုးခဲ့တာပေါ့၊ ကမ္ဘာ့ဖလားကို ကျနော် ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရယူခဲ့ဖူးပေမယ့် ဒီနေ့တော့ ကံဆိုးခဲ့ပါတယ်” လို့ ဂတ်တူဆိုက ပြောသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်