နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
promotion@sbotop.com သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

တစ်နေ့ လာလီဂါမှာကစားချင်ကြောင်းထုတ်ဖော် ပြောဆိုလိုက်တဲ့ ဂျွန်နသန် ဒေးဗစ်

လိုင်လီအသင်းရဲ့တိုက်စစ်မှူးဂျွန်နသန်ဒေးဗစ်ကိုတော့မန်ချက်စတာယူနိုက်တက်၊အာဆင်နယ်၊လစ်ဗာပူးလ်၊ဘာစီလိုနာနဲ့တခြားသောဥရောပထိပ်တန်းကလပ်များစွာကခေါ်ယူဖို့ပစ်မှတ်ထားနေကြပါတယ်။ဒီအချိန်မှာကနေဒါလက်ရွေးစင်တိုက်စစ်ကစားသမားကသူ့အနေနဲ့တစ်နေ့လာလီဂါမှာကစားချင်ကြောင်းထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

အသက်၂၅နှစ်အရွယ်ကစားသမားကဒီရာသီမှာချန်ပီယံလိဂ်၇ပွဲကစားပြီးပြိုင်ပွဲစုံမှာလည်း၂၃ဂိုးသွင်းယူထားပါတယ်။ဒါ့အပြင်ဂျွန်နသန်ဒေးဗစ်ကစာချုပ်သက်တမ်းကုန်ဆုံးချိန်ဒီနွေရာသီမှာလည်းလက်ရှိကလပ်လိုင်လီကနေထွက်ခွာတော့မှာဖြစ်ကြောင်းအတည်ပြုထားခဲ့ပါတယ်။ဒေးဗစ်ဟာလိုင်လီမှာ၅နှစ်ကြာကစားခဲ့ပြီးသွင်းဂိုး၁၀၀ကျော်သွင်းယူခဲ့ကာပြင်သစ်ဘောလုံးရဲ့အန္တရာယ်အများဆုံးတိုက်စစ်မှူးတစ်ဦးအဖြစ်သက်သေပြနိုင်ခဲ့ပါတယ်။ဒါပေမယ့်လည်းဂျွန်နသန်ဒေးဗစ်အနေနဲ့ယခင်ကတည်းကအပြောင်းအရွှေ့ကာလရောက်ရှိချိန်တိုင်းထင်ကြေးပေးမှုတွေပြင်းထန်ခဲ့ပေမယ့်လက်ရှိအချိန်ထိကစားသမားဘ၀နောက်တစ်ဆင့်ကိုတော့တက်လှမ်းနိုင်ခြင်းမရှိသေးပါဘူး။

လက်ရှိအပြောင်းအရွှေ့သတင်းတွေနဲ့ပတ်သတ်လို့ဂျွန်နသန်ဒေးဗစ်ကတော့ “ရိုးရိုးသားသားပြောရရင်ကျွန်တော်ကတော့လိဂ်တိုင်းနဲ့လိုက်လျောညီထွေဖြစ်အောင်ကစားနိုင်မယ်ထင်ပါတယ်။လိဂ်တိုင်းကကွဲပြားမှုတွေရှိနေတယ်။ပရီးမီးယားလိဂ်ကတခြားလိဂ်တွေထက်အများကြီးပိုမြန်တယ်လို့ကျွန်တော်ထင်ပါတယ်။”လို့ဒေးဗစ်က The’s Called Soccer ကိုပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး “ဒါပေမယ့်ကျွန်တော်လာလီဂါကိုအများကြီးကြည့်ရင်းကြီးပြင်းလာခဲ့ပါတယ်။
ပရီးမီးယားလိဂ် ကလပ်တွေရဲ့ စိတ်ဝင်စားခြင်းခံနေရတဲ့ ဂျွန်နသန် ဒေးဗစ်

ဆက်လက်ပြီး “ဒါပေမယ့်ကျွန်တော်လာလီဂါကိုအများကြီးကြည့်ရင်းကြီးပြင်းလာခဲ့ပါတယ်။အဲဒါကကျွန်တော့်ရဲ့နှစ်သက်ရာလိဂ်လို့မပြောတတ်ပေမယ့်ကျွန်တော်အကြိုက်တွေ့ဆုံးလိဂ်တစ်ခုလို့ကျွန်တော်ထင်ပါတယ်။တစ်နေ့မှာကျွန်တော်အဲ့ဒီမှာကစားချင်တယ်လို့ကျွန်တော်ထင်ပါတယ်။ဒါပေမယ့် ဒီလိုဖြစ်လာမလားတော့မသိသေးပါဘူး။ကျွန်တော်ဘာမှမငြင်းဆိုချင်ပါဘူး။အနာဂတ်ကဘယ်ကိုသွားမလဲဆိုတာပဲစောင့်ကြည့်ရမှာပါ။”လို့ဒေးဗစ်ကဆိုပါတယ်။

ဂျွန်နသန်ဒေးဗစ်ဟာရာသီတိုင်းပုံမှန်ဂိုးသွင်းနိုင်တဲ့တိုက်စစ်မှူးရှာဖွေနေတဲ့ဝက်စ်ဟမ်းနဲ့လည်းချိတ်ဆက်မှုတွေရှိနေပါတယ်။ဒါပေမယ့်လည်းကနေဒါလက်ရွေးစင်ကစားသမားကအမှန်တကယ်ဖြစ်လာနိုင်တဲ့အပြောင်းအရွှေ့တွေနဲ့ပတ်သတ်ပြီးတော့ဖွင့်ဟခဲ့တာဖြစ်ပြီးသူ့အနေနဲ့နာမည်ကြီးထိပ်တန်းကလပ်တစ်ခုမှာသာကစားချင်ကြောင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ဒေးဗစ်က “ရာသီအကုန်မှာကျွန်တော်လွတ်လွတ်လပ်လပ်နေမှာပါ။ကျွန်တော့်ရဲ့အနာဂတ်အတွက်၊ကျွန်တော်ဖြစ်နိုင်ရင်တိုးတက်လာဖို့၊ပိုကောင်းတဲ့ကစားသမားဖြစ်လာဖို့နဲ့ကမ္ဘာ့အကြီးဆုံးကလပ်အသင်းတွေအတွက်ကစားပေးနိုင်ဖို့မျှော်လင့်နေပါတယ်”လို့လည်းပြင်သစ်စာစောင်Onze Mondial ကိုပြောကြားသွားခဲ့ပါတယ်။
ဒေးဗစ်အနေနဲ့လာလီဂါမှာကစားချင်ကြောင်းပြောကြားထားပြီဖြစ်တာကြောင့်ဘာစီလိုနာအနေနဲ့ဒီကစားသမားကိုခေါ်ယူဖို့အတည်တကျကြိုးပမ်းမှုတွေပြုလုပ်လာမလားဆိုတာစောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်