နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘာစီလိုနာကို ပြောင်းဖို့ အနီးစပ်ဆုံးဖြစ်နေတဲ့ ဂျာအို ဖီးလစ် (လာလီဂါ သတင်းများ)

ဒီတစ်ခါ မှာတော့ ဩဂုတ်လ ၂ ရက်နေ့ အထိ ရရှိထားသမျှ လာလီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဘာစီလိုနာကို ပြောင်းဖို့ အနီးစပ်ဆုံးဖြစ်နေတဲ့ ဂျာအို ဖီးလစ် 

ဒေးဗစ် ဘာနေဗျူး ရီဗာတာရဲ့ နောက်ဆုံး သတင်းအရ ဂျာအို ဖီးလစ်ဟာ ဘာစီလိုနာ အသင်းကို ပြောင်းရွှေ့ဖို့ အတွက် အနီးစပ်ဆုံး အခြေအနေမှာ ရှိနေပြီး လိုအပ်တဲ့ ဆွေးနွေး ညှိနှိုင်းမှုတွေက စတင်ခဲ့ပြီးသား ဖြစ်တယ်လို့ သိရပါတယ်။ 

ကတ်တလန် ထိပ်သီး အသင်းကြီးဟာ အူ့စ်မန် ဒမ်ဘီလီကို ပီအက်စ်ဂျီကို ထွက်ခွာခွင့်ပေးရတော့မှာ ဖြစ်တာကြောင့် အစားထိုး ခေါ်ယူမှု ပြုလုပ်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ ပြင်သစ် တောင်ပံကစားသမား အတွက် ယူရို ၂၇ သန်း ဝန်းကျင်လောက်သာ ရရှိမှာ ဖြစ်ပါတယ်။ လာလီဂါ ကလပ် ဥက္ကဌ လာပေါ်တာက ဘာနာဒို ဆေးလ်ဗားနဲ့ ဂျာအို ဖီးလစ် တို့ကို ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာ ပစ်မှတ်တွေ အဖြစ် အနီးကပ် စောင့်ကြည့်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘဏ္ဍာရေး အခြေအနေကြောင့် တစ်ဦးတည်းသာ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။ 

ဂျာအို ဖီးလစ်ဟာ အက်သလက်တီကို မက်ဒရစ် နည်းပြ ဒီယေဂို ဆီမြွန်နီနဲ့ ဆက်ဆံရေး မပြေမလည် ဖြစ်နေတာကြောင့် အသင်းရဲ့ အစီအစဉ်ထဲမှာ ပါဝင်တော့ပုံ မပေါ်ဘဲ ဘာနာဒို ဆေးလ်ဗား ကတော့ ဂွါဒီယိုလာရဲ့ အဓိက ကစားသမား ဖြစ်နေဆဲ ဖြစ်ပြီး အနည်းဆုံး ယူရို သန်း ၈၀ လောက်ပေးမှ ခေါ်ယူနိုင်မှာ ဖြစ်တာကြောင့် ပေါ်တူဂီ တိုက်စစ်မှူး ကိုပဲ ခေါ်ယူသွားဖွယ် ရှိပါတယ်။ 


စာချုပ်သက်တမ်းတိုးဖို့ ငြင်းပြီး ရီးရဲလ်မက်ဒရစ်နဲ့ သတင်းတွေကို မီးမွှေးခဲ့တဲ့ အမ်ဘာပေး 

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်က ပြင်သစ် တိုက်စစ်မှူး နောက်ထပ် ပြောင်းရွှေ့မယ့် အသင်း အဖြစ် သတင်းတွေ အခိုင်အမာ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီနဲ့ အဆင်မပြေဖြစ်နေပြီး အသင်း ကနေ ထွက်ခွာချင်နေတဲ့ အမ်ဘာပေး

ကီလီယန် အမ်ဘာပေးဟာ ပီအက်စ်ဂျီနဲ့ ဘယ်လိုစာချုပ်မှ ချုပ်ဆိုလိုတဲ့ ဆန္ဒမရှိကြောင်း အခိုင်အမာ ဆက်လက် ပြသနေပြီး အသက် ၂၄ နှစ် အရွယ် တိုက်စစ်မှူးက ၂၀၂၅ ခုနှစ် အထိ စာချုပ်သက်တမ်းတိုးခွင့်ကို အသုံးမပြုဖို့ ရွေးချယ်ခဲ့ချိန်မှာ အပြောင်းအရွှေ့ ဇာတ်လမ်းတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။ 

Sky Sports News က ဆိုဟီ ကိုးလ်က အမ်ဘာပေးဟာ ပီအက်စ်ဂျီရဲ့ လာမယ့် နွေရာသီမှာ အသင်း ကနေ ထွက်ခွာခွင့်ပေးမယ်လို့ အာမခံထားတဲ့ အချက် ပါဝင်တဲ့ စာချုပ်သက်တမ်း ကမ်းလှမ်းမှု ကိုပါ ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။ 

အမ်ဘာပေးဟာ ပီအက်စ်ဂျီ ဆီကနေ ဘာကမ်းလှမ်းမှုကိုမှ လက်မခံဘဲ လာမယ့်နှစ် နွေရာသီမှာ အလွတ်နဲ့ ထွက်ခွာဖို့ ဆုံးဖြတ်ထားတယ် ဆိုတာကို ပြသခဲ့တာ ဖြစ်ပါတယ်။ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်က ပြင်သစ် တိုက်စစ်မှူး နောက်ထပ် ပြောင်းရွှေ့မယ့် အသင်း အဖြစ် သတင်းတွေ အခိုင်အမာ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ 


ရီးရဲလ်မက်ဒရစ် အတွက် တူရကီ မက်ဆီ ဘယ်အချိန်မှ ပွဲဦးထွက်နိုင်မလဲ 

အာဒါ ဂူလာဟာ ဒူးဒဏ်ရာ ကနေ ပြန်လည် သက်သာလာဖို့ ကြိုးပမ်းနေရတာကြောင့် ရီးရဲလ်မက်ဒရစ် အတွက် ပွဲဦးထွက် ပါဝင် ကစားပေးနိုင်ဖို့ အနည်းဆုံး အောက်တိုဘာလ အထိ စောင့်ဆိုင်းရမယ်လို့ သိရပါတယ်။ 

အမျိုးသမီးကမ္ဘာ့ဖလား 2023
ဆွစ်ဇာလန်
စပိန်
1X2 ဆွစ်ဇာလန် @ 5.60
ဆွစ်ဇာလန် အာရှ ဟန်းဒီးကပ် +1.25 @ 1.95
ဂိုးပေါ် 2.50 @ 1.88
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့လမှာ တူရကီ လူငယ် ကြယ်ပွင့်ကို ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပေမယ့်လည်း ဘာနေဗျူးမှာ ပွဲဦးထွက် ပါဝင်ကစားပေးနိုင်ဖို့ အနည်းငယ် စောင့်ဆိုင်းရဦးမယ်လို့ သိရပါတယ်။ တူရကီ ကွင်းလယ် တိုက်စစ် ကစားသမားဟာ ဒူးဒဏ်ရာ ကနေ ပြန်လည် သက်သာဖို့ အချိန် ၂ လလောက် လိုသေးတာ ဖြစ်ပါတယ်။ 

အာဒါ ဂူလာနဲ့ ရီးရဲလ်မက်ဒရစ် တို့ဟာ အသက် ငယ်ရွယ်သေးတဲ့ ကစားသမားကို ခွဲစိတ်ကုသမှု ရှောင်လွှဲနိုင်ဖို့ ကြိုးပမ်းမယ်လို့ သဘောတူညီမှု ရရှိထားတာ ဖြစ်ပြီး ကစားသမား အပေါ် ကာလရှည် အကျိုးသက်ရောက်မှု ရှိနိုင်တဲ့ ဒဏ်ရာတွေကို ရှောင်လွှဲနိုင်ဖို့ စိတ်ရှည်ရှည်နဲ့ သည်းခံ စောင့်ဆိုင်းသွားမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်