နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘာစီလိုနာ နည်းပြ ဖြစ်လာတဲ့ ဟန်ဆီဖလစ်ခ် | လာလီဂါ

လာလီဂါ ထိပ်သီး ကလပ် ဘာစီလိုနာ ကတော့ ဇာဗီ ဟာနန်ဒက်စ်ကို ရာထူး ကနေ ထုတ်ပယ်လိုက်ပြီးနောက် ဟန်ဆီဖလစ်ခ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ နာမည်ကျော် အပြောင်းအရွှေ့ သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဟန်ဆီ ဖလစ်ခ်ဟာ မကြာခင်မှာ ဘာစီလိုနာရဲ့ နည်းပြ ဖြစ်လာမှာ ဖြစ်ပြီး ၂၀၂၆ ခုနှစ် အထိ စာချုပ်ချုပ်ဆိုသွားမယ်လို့လည်း သိရပါတယ်။

သတင်းတွေအရ ဆိုရင် ဘာစီလိုနာ ဥက္ကဌ ယိုအန် လာပေါ်တာဟာ ဇာဗီနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိပေမယ့် အသင်းရဲ့ အနာဂတ် အတွက် အခုလိုပဲ ဆုံးဖြတ်ချက် ချခဲ့တယ်လို့ သိရပါတယ်။ အဓိက ကတော့ လာပေါ်တာ အနေနဲ့ လာလီဂါ ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အား စိန်ခေါ်နိုင်စွမ်း မရှိတဲ့ အသင်းရဲ့ အခြေအနေကို အားမလို အားမရ ဖြစ်နေတာကြောင့် ဟန်ဆီ ဖလစ်ခ်နဲ့ ပြောင်းလဲ အစားထိုးခဲ့ရတာ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ ဇာဗီကို အချိန်အတိုင်းအတာ တစ်ခု အထိ ယုံကြည်မှု ပေးခဲ့ပေမယ့် စပိန်သားရဲ့ အရည်အချင်း အပေါ် မေးခွန်းထုတ်စရာတွေ ရှိလာတာကြောင့် နည်းပြသစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

ဟန်ဆီဖလစ်ခ်ကို ခေါ်ယူဖို့ အတွက် အားကစား ဒါရိုက်တာ ဒေကိုနဲ့ ဘောလုံးပေါင်းစပ် ညှိနှိုင်းရေးမှူး ဘိုဂျန် ကာကစ် တို့ဟာ လန်ဒန်ကို သွားရောက်ခဲ့ပြီး ဖလစ်ခ်နဲ့ အေးဂျင့် ဖြစ်သူ ပီနီ ဇဟာဗီ တို့ကို တွေ့ဆုံဆွေးနွေး ညှိနှိုင်းပြီး သဘောတူညီမှု ရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဘာစီလိုနာဟာ ဟန်ဆီ ဖလစ်ခ်ရဲ့ မှတ်တမ်းတွေနဲ့ စွမ်းဆောင်ရည်ကို သဘောကျပြီး အသင်းနဲ့ ကိုက်ညီမှု ရှိမယ့် နည်းပြ အဖြစ် ရှုမြင်တာကြောင့် အရ ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။

သတင်းတွေမှာ ဖော်ပြချက်တွေ အရ ဇာဗီနဲ့ ဘာစီလိုနာ တို့ဟာ လာမယ့် တနင်္လာနေ့မှ မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးပြီး ဆုံးဖြတ်ချက်ချဖို့ ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဟန်ဆီ ဖလစ်ခ်နဲ့ သဘောတူညီမှု ရရှိချိန်မှာတော့ တနင်္လာနေ့ အထိ မစောင့်ပဲ ဇာဗီနဲ့ လမ်းခွဲခဲ့တာ ဖြစ်နိုင်ပါတယ်။

ဇာဗီဟာ ကစားသမား ဘဝမှာ ဘာစီလိုနာ အသင်းနဲ့ အတူ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေ ရရှိခဲ့သူ ဖြစ်ပါတယ်။ ဇာဗီ အနေနဲ့ ၁၉၉၈ ခုနှစ် ကနေ ၂၀၁၅ ခုနှစ် အထိ ဘာစီလိုနာ အတွက် ပွဲပေါင်း ၅၀၀ ကျော် ကစားပေးခဲ့ပြီး လာလီဂါ ဖလား ၈ ကြိမ် အထိ ရရှိခဲ့ပါတယ်။ ဒါ့အပြင် ကိုပါဒယ်ရေးဖလား ၃ ကြိမ်၊ စူပါဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ် ၄ ကြိမ်၊ ဥရောပ စူပါဖလား ၂ ကြိမ်၊ ကလပ် ကမ္ဘာ့ဖလား ၂ ကြိမ် ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နည်းပြ ဘဝ မှာတော့ ၂၀၂၁ ကနေ ၂၀၂၄ ခုနှစ် အတွင်း ကတ်တာလန် ကလပ် အတွက် လာလီဂါ နဲ့ စပိန် စူပါဖလား ၁ လုံး စီသာ ရယူပေးနိုင်ခဲ့ပါတယ်။

ဘာစီလိုနာ နည်းပြသစ် ဖြစ်လာဖွယ် ရှိတဲ့ ဟန်ဆီ ဖလစ်ခ်ဟာ ဘေယန်မြူးနစ်နဲ့ ဘွန်ဒက်စ်လီဂါ၊ ချန်ပီယံလိဂ်၊ ပိုကယ်ဖလား၊ ဥရောပစူပါဖလား၊ ဂျာမန် စူပါဖလား၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလားတို့ ကိုင်မြှောက်နိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂျာမန် လက်ရွေးစင် အသင်းကို ကိုင်တွယ်ခဲ့ချိန်မှာတော့ အားရစရာ စွမ်းဆောင်ရည် မပြသနိုင်ခဲ့တာကြောင့် ထုတ်ပယ်ခံခဲ့ရပါတယ်။ ဖလစ်ခ်ဟာ ဂျာမနီ လက်ရွေးစင် အသင်း သမိုင်းမှာ ထုတ်ပယ်ခံရတဲ့ ပထမဦးဆုံး နည်းပြလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်