နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချဲလ်ဆီးကို မပြောင်းခင် အက်တလက်တီကိုနဲ့ စာချုပ်သက်တမ်းတိုးခဲ့တဲ့ ဖီးလစ်၊ ရာသီကုန်မှာ အသင်းပြောင်းဖွယ် ရှိနေတဲ့ ဆီမြွန်နီ (လာလီဂါ နောက်ဆုံးရ သတင်းများ)

အသင်း မပြောင်းခင် အက်တလက်တီကိုနဲ့ စာချုပ်သက်တမ်းတိုးခဲ့တဲ့ ဖီးလစ်၊ ရာသီကုန်မှာ အသင်းပြောင်းဖွယ် ရှိနေတဲ့ ဆီမြွန်နီ စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၁၁ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ချဲလ်ဆီးကို မပြောင်းရွှေ့ခင် အေတီကိုနဲ့ စာချုပ်သက်တမ်းတိုးခဲ့တဲ့ ယာအို ဖီးလ

အက်သလက်တီကိုမက်ဒရစ်ရဲ့ တိုက်စစ်ကစားသမား ယာအို ဖီးလစ် ကတော့ ချဲလ်ဆီးကို မပြောင်းရွှေ့ခင်မှာ အသင်းနဲ့ အတူ စာချုပ် သက်တမ်းတိုးခဲ့ပါတယ်။ သူက ချဲလ်ဆီးကို အငှားနဲ့ ရာသီကုန်ထိ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပြီး အပြီးသတ် ဝယ်ယူခွင့် မပါဝင်ဘူးလို့ သိရသလို လာလီဂါ ကလပ် နဲ့လည်း ၂၀၂၇ အထိ စာချုပ်သက်တမ်း တိုးခဲ့တာပါ။

သူက ချဲလ်ဆီးကို အငှားနဲ့ ရာသီကုန်ထိ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပြီး အပြီးသတ် ဝယ်ယူခွင့် မပါဝင်ဘူးလို့ သိရသလို လာလီဂါ ကလပ် နဲ့လည်း ၂၀၂၇ အထိ စာချုပ်သက်တမ်း တိုးခဲ့တာပါ။
ချဲလ်ဆီးကို ရာသီအကုန်ထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တဲ့ ယာအို ဖီးလစ်

ဒီရာသီမှာ အေတီကို အတွက် ပြိုင်ပွဲစုံ သွင်းဂိုး ၅ ဂိုး သွင်းယူပေးထားပြီး ခြေစွမ်းပိုင်းအရ ကျဆင်းနေခဲ့တဲ့ ယာအို ဖီးလစ်က အသင်းမှာ မပျော်မရွှင် ဖြစ်နေပြီး အထူးသဖြင့် နည်းပြ ဆီမြွန်နီရဲ့ နည်းစနစ်တွေနဲ့ အဆင်မပြေဖြစ်နေတယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။ အခုအခါ မှာတော့ ချဲလ်ဆီးက သူ့ကို ငှားရမ်းခ အဖြစ် ယူရို ၁၀ သန်းကျော် ပေးချေကာ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ရလဒ်တွေ ဆက်တိုက် ဆိုးရွားနေတဲ့ ချဲလ်ဆီး ကလည်း တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ အတွက် ပေါ်တူဂီသားကို အားကိုးတကြီး ခေါ်ယူခဲ့တာပါ။ ချဲလ်ဆီးရဲ့ ကစားဟန်မှာ သူ အံဝင်လိမ့်မယ်လို့လည်း ပရိသတ် အများစုက ယုံကြည်နေပြီး ယာအို ဖီးလစ် တယောက် ပရီးမီးယားလိဂ်မှာ ဘာတွေ လုပ်ပြနိုင်မလဲ ဆိုတာ စောင့်ကြည့်ရပါတော့မယ်။


ဒဏ်ရာပြသနာ ကြီးကြီးမားမား ကြုံတွေ့နေရတဲ့ ရီးရဲလ်မက်ဒရစ်

ဆော်ဒီမှာ ကျင်းပတော့မယ့် စပိန် စူပါဖလား ဆီမီးဖိုင်နယ်ပွဲမှာ ရီးရဲလ်မက်ဒရစ်က ဗလင်စီယာနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ရီးရဲလ်တို့ အဆိုပါပွဲ အတွက် ဒဏ်ရာရ ကစားသမားတွေ များပြားနေတာကြောင့် အခက်ကြုံနေရပြီ ဖြစ်ပါတယ်။ နောက်ခံလူတွေ ဖြစ်တဲ့ ဒေးဗစ် အလာဘာ၊ ကွင်းလယ်လူ ချူဝါမန်နီနဲ့ ဘယ်နောက်ခံလူ ဖာလန်း မန်ဒီတို့ ဒဏ်ရာရနေတာပါ။

ဗီလာရီးရဲလ်ကို လာလီဂါမှာ ရှုံးနိမ့်ခဲ့လို့ ဖိအားတွေ ဝင်နေတဲ့ ရီးရဲလ်မက်ဒရစ် အတွက်တော့ ဖလားပြိုင်ပွဲ တစ်ခုမှာ အောင်မြင်ဖို့က အရေးကြီးလာပါတယ်။ တိုနီ ခရူးစ်နဲ့ လူကာ မိုဒရစ် တို့ကိုလည်း အသက်အရွယ်ကြောင့် အလှည့်ကျ ပွဲထွက်နေရပြီး ချူဝါမန်နီ ကလည်း ဒဏ်ရာရသွားလို့ ကွင်းလယ်ပိုင်းမှာ အားနည်းဖွယ်ရာ ရှိနေပါတယ်။

စပိန်စူပါဖလားပွဲ ကိုတော့ အသင်းပေါင်း ၄ သင်းနဲ့ ကစားကြမှာပါ။ ဆီမိးဖိုင်နယ် အဆင့် ကနေ စတင်ကစားမှာ ဖြစ်ပြီး တဖက်မှာ ဘာစီလိုနာနဲ့ ရီးရဲလ်ဘက်တစ်တို့ ကစားကြမှာပါ။ ပုံစံ ပြောင်းလဲ ကျင်းပခဲ့တဲ့ စပိန်စူပါဖလား ပြိုင်ပွဲကို ဆော်ဒီမှာပဲ ကစားနေကြတာ ဖြစ်ပြီး ပရိသတ်တွေ အတွက်တော့ စိတ်ဝင်စားစရာ ပြိုင်ပွဲ တစ်ခု ဖြစ်လာဖို့ ရှိနေပါတယ်။

ပရီးမီးယား လိဂ်
အဲဗာတန်
ဆောက်သမ်တမ်
1X2 သရေ @ 3.20
ဆောက်သမ်တမ် အာရှ ဟန်းဒီးကပ် +0.25 @ 2.00
ဂိုးအောက် 2.25 @ 2.00
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ရာသီကုန်မှာ အက်သလက်တီကို ကနေ ထွက်ခွာဖွယ် ရှိနေတဲ့ ဆီမြွန်

အက်သလက်တီကိုမက်ဒရစ် နည်းပြ ဒီယေဂို ဆီမြွန်နီဟာ ရာသီကုန်မှာ အသင်းနဲ့ လမ်းခွဲလိမ့်မယ်လို့ စပိန်မီဒီယာ အများအပြားက ဖော်ပြနေပါတယ်။ အသက် ၅၂ နှစ် အရွယ် ဆီမြွန်နီဟာ အေတီကိုကို ဆယ်စုနှစ် တစ်ခုကျော် အကြာ ကိုင်တွယ်ပေးခဲ့ပြီး သူ့လက်ထက်မှာ အောင်မြင်မှု အများအပြား ရယူပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

အေတီကို အတွက် လာလီဂါ အမှတ်ပေးဖလား ၂ ကြိမ်၊ ယူရိုပါလိဂ် ဖလား ၂ ကြိမ် ဆွတ်ခူးပေးနိုင်ခဲ့ကာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကိုလည်း ၂ ကြိမ် အထိ တက်ရောက်နိုင်ခဲ့ပါတယ်။ အေတီကိုက သူ့လက်ထက်မှာ တဖန် ပြန်လည် တောက်ပလာခဲ့တာ ဖြစ်ပြီး ဥရောပရဲ့ အင်အားကြီး အသင်း တသင်း အဖြစ်နဲ့ပါ ရပ်တည်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် လက်ရှိမှာတော့ ဆီမြွန်နီက အတွေ့အကြုံသစ် ရှာဖွေချင်ပုံ ရပြီး အခြားသော ထိပ်တန်း လိဂ် တစ်ခုကို ပြောင်းရွှေ့ဖွယ်ရာ ရှိနေပါတယ်။ အေတီကို ကတော့ သူတို့ရဲ့ ဂန္ထဝင် နည်းပြကို လက်လွှတ်ခံချင်မှာ မဟုတ်ပေမယ့် ဆီမြွန်နီရဲ့ ဆုံးဖြတ်ချက်ကသာ အဓိကကျနေပြီး သတင်းတွေ ထွက်ပေါ်နေသလိုမျိုး သူ တကယ်ပဲ စွန့်ခွာသွားမလား ဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်