နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကိုပါဒယ်ရေး ပွဲမတိုင်ခင် ဒဏ်ရာရသွားပြန်တဲ့ ဒမ်ဘီလီ၊ ဘက်တစ်နဲ့ ပွဲက ရက်ရှ်ဖို့ဒ်ရဲ့ ခြေစွမ်းကို ချီးကျူးလိုက်တဲ့ တန်ဟက်ဂ် (လာလီဂါ နောက်ဆုံးရ သတင်းများ)

ကိုပါဒယ်ရေး ပွဲမတိုင်ခင် ဒဏ်ရာရသွားပြန်တဲ့ ဒမ်ဘီလီ၊ ဘက်တစ်နဲ့ ပွဲက ရက်ရှ်ဖို့ဒ်ရဲ့ ခြေစွမ်းကို ချီးကျူးလိုက်တဲ့ တန်ဟက်ဂ် စတဲ့ သတင်းတွေ အပါအဝင် မတ် ၁၇ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဒဏ်ရာပြန်ရသွားတဲ့ ဘာဆာရဲ့ ဆေးရုံအုပ်ကြီး ဒမ်ဘီလီ

ဘာစီလိုနာ တောင်ပံ ကစားသမား အူစမန်နီ ဒမ်ဘီလီဟာ အသင်းနဲ့ အတူ လေ့ကျင့်ခန်း ပြန်ဆင်းချိန်မှာ ဒဏ်ရာ ပြန်ရသွားခဲ့လို့ စိတ်ပျက်စရာတွေကို ရင်ဆိုင်နေရပါတယ်။ ဒဏ်ရာကြောင့် အနားယူနေရတဲ့ ဒမ်ဘီလီဟာ အခုမှ ပြန်လည် သက်သာလာပြီး လေ့ကျင့်ခန်း ပြန်ဆင်းခဲ့ရာမှာ ဒဏ်ရာ ထပ်ရခဲ့တာပါ။ 

ဒါကြောင့် ဒမ်ဘီလီက ရီးရဲလ်မက်ဒရစ်နဲ့ ကစားရမယ့် ကိုပါဒယ်ရေး ဆီမီးဖိုင်နယ် ဒုတိယအကျော့ကို ထပ်မံ လွဲချော်ဖွယ် ရှိတယ်လို့ သိရပါတယ်။ ပထမအကျော့မှာ ဘာစီလိုနာက အနိုင်ရထားလို့ အခွင့်အရေး ရှိနေပေမယ့် ကစားသမား အင်အားပိုင်း အရ ပိုမို အားကောင်းနေရမယ့် အစား ဒမ်ဘီလီ အနားယူရမယ် ဆိုရင်တော့ ဒါက နစ်နာမှု တစ်ခု ဖြစ်လာမှာပါ။ 

ဇာဗီရဲ့ အားထားရတဲ့ ကစားသမား တစ်ဦး ဖြစ်တဲ့ ဒမ်ဘီလီဟာ လာလီဂါ ကလပ် အတွက် ခြေစွမ်းပြ ကစားနေချိန်မှာ ကြွက်သား ဒဏ်ရာကြောင့် အနားယူခဲ့ရတာ ဖြစ်ပါတယ်။ သူ ပြန်ကစားနိုင်မယ် ဆိုရင် ဘာစီလိုနာ တိုက်စစ်ပိုင်းက ပိုမို အားကောင်းလာမှာ ဖြစ်ပေမယ့် အခုတော့ လက်လွှတ်ရဦးမှာ ဖြစ်ပါတယ်။ 

ပရီးမီးယား လိဂ်
အက်စတန် ဗီလာ
AFC ဘုန်းမောက်
1X2 သရေ (Draw) @ 3.65
ဂိုးပေါ် 2.50 @ 2.16
ဂိုးပေါင်း 2-3 @ 1.94
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘာစီလိုနာနဲ့ ပွဲကို လွဲချော်တော့မယ့် ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက ကစားသမား

ရီးရဲလ်မက်ဒရစ် အသင်းရဲ့ နောက်ခံလူ ဒေးဗစ် အလာဘာဟာ တနင်္ဂနွေနေ့မှာ ဘာစီလိုနာနဲ့ ကစားရမယ့် ကိုပါဒယ်ရေး ဆီမီးဖိုင်နယ် ဒုတိယအကျော့ကို လွဲချော်ခဲ့ပြီ ဖြစ်ပါတယ်။ ကားလို အန်ဆယ်လော့တီရဲ့ အသင်းက လာလီဂါမှာ ဘာစီလိုနာ နောက် ၉ မှတ် ပြတ်နေသလို ကိုပါဒယ်ရေး ဆီမီးဖိုင်နယ် ပထမအကျော့ မှာလည်း အရေးနိမ့်ထားခဲ့တာပါ။ 

အလာဘာ မကစားနိုင်ရင်တော့ ရီးရဲလ် ခံစစ်ပိုင်းက အားနည်းသွားမှာ ဖြစ်ပြီး ဒါဟာ ဘာစီလိုနာ အတွက် အခွင့်အရေးကောင်း ဖြစ်လာနိုင်ပါတယ်။ ဒီရာသီမှာ ဘာဆာနဲ့ တွေ့တိုင်း ရလဒ်တွေ ဆိုးနေတဲ့ ရီးရဲလ် အတွက် နောက်ထပ် စိုးရိမ်ဖွယ်ရာ ပွဲတစ်ပွဲကို ရင်ဆိုင်ရတော့မှာလည်း ဖြစ်ကာ ဒါကို ကျော်ဖြတ်နိုင်မလား စောင့်ကြည့်ရတော့မှာပါ။ 

ဒါပေမယ့် ဖာလန်း မန်ဒီ ပြန်ကစားနိုင်ပြီ ဖြစ်လို့ သတင်းကောင်းတော့ ဖြစ်လာခဲ့ပါတယ်။ ရီးရဲလ် ကတော့ ချန်ပီယံလိဂ်မှာ လစ်ဗာပူးလ်ကို အနိုင်ကစားပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပြီး ဘာစီလိုနာကို ထပ်မံ အနိုင်ယူဖို့ ပစ်မှတ်ထားနေကာ ပွဲကြီး ပွဲကောင်း တစ်ပွဲကို မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။ 


ရီးရဲလ်ဘက်တစ်နဲ့ ပွဲက ရက်ရှ်ဖို့ဒ်ရဲ့ ခြေစွမ်းကို ချီးကျူးလိုက်တဲ့ တန်ဟက်ဂ်

ဇာဗီရဲ့ အားထားရတဲ့ ကစားသမား တစ်ဦး ဖြစ်တဲ့ ဒမ်ဘီလီဟာ လာလီဂါ ကလပ် အတွက် ခြေစွမ်းပြ ကစားနေချိန်မှာ ကြွက်သား ဒဏ်ရာကြောင့် အနားယူခဲ့ရတာ ဖြစ်ပါတယ်။
ဒဏ်ရာ ပြန်ရခဲ့လို့ ကိုပါဒယ်ရေး ဒုတိယအကျော့ကို လွဲတော့မယ့် ဒမ်ဘီလီ

ယူရိုပါလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့မှာ စပိန် လာလီဂါ ကလပ် ရီးရဲလ် ဘက်တစ်ကို မန်ချက်စတာယူနိုက်တက်က ၁-၀ နဲ့ အဝေးကွင်းမှာ ထပ်မံ အနိုင်ရခဲ့ပါတယ်။ နှစ်ကျော့ပေါင်း ရလဒ် ၅-၁ နဲ့ ယူနိုက်တက်တို့ အနိုင်ရပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ကာ အနိုင်ဂိုး ကိုတော့ မားကပ်စ် ရက်ရှ်ဖို့ဒ်က သွင်းယူပေးခဲ့ပါတယ်။ 

အဲရစ်ခ် တန်ဟက်ဂ် ကတော့ သူ့ရဲ့ ကစားသမားကို “ အသင်းက အခွင့်အရေး တချို့ ဖန်တီးနိုင်ခဲ့ပါတယ်၊ ရက်ရှ်ဖို့ဒ်က အခွင့်အရေးတွေ လွဲချော်ခဲ့ပေမယ့်လည်း သူ့ကိုယ်သူ ယုံကြည်မှု ရှိနေပြီး ထိန်းသိမ်းနိုင်ဖို့ ကြိုးစားခဲ့ပြီး သူ ဂိုးရခဲ့ပါတယ်၊ အခွင့်အရေးတိုင်းမှာ ဂိုးရမှာ မဟုတ်ပေမယ့် ဒီအဆင့်မှာ အခွင့်အရေး ကလည်း တစ်ပွဲကို လေး၊ ငါး၊ ခြောက်ကြိမ် မရနိုင်ပါဘူး”

“ သူရဲ့ အာရုံစိုက်မှု ကိုသာ ဆက်ထိန်းထားမယ် ဆိုရင် သူက နောက်ထပ် ဂိုးတွေ ရဦးမှာပါ၊ သူ့ဆီမှာ အဆုံးသတ်နိုင်တဲ့ စွမ်းရည်တွေ ရှိပါတယ်” လို့ ချီးကျူးခဲ့ပါတယ်။ ရက်ရှ်ဖို့ ဒ်ကတော့ ဒီရာသီမှာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ ၂၆ ဂိုး အထိ သွင်းယူထားပြီး ဥရောပ ထိပ်တန်း လိဂ် ၅ ခုမှာ ဟာလန်းနဲ့ အမ်ဘာပေး တို့သာ သူ့ထက် ဂိုးပိုသွင်းထားနိုင်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်