နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
promotion@sbotop.com သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရာဖင်ညာအတွက် ပြောင်းရွှေ့ကြေးယူရိုသန်း ၁၂၀ သတ်မှတ်ခဲ့တဲ့ ဘာစီလိုနာ | လာလီဂါ

လာလီဂါကလပ်ဘာစီလိုနာကတော့အသင်းရဲ့ခြေစွမ်းပြတောင်ပံတိုက်စစ်ကစားသမားရာဖင်ညာအတွက်အံအားသင့်ဖွယ်ပြောင်းရွှေ့ကြေးသတ်မှတ်လိုက်ပါပြီ။ကတ်တာလန်ကလပ်ဟာဘရာဇီးလ်တိုက်စစ်ကစားသမားအတွက်ပြောင်းရွှေ့ကြေးကိုယူရိုသန်း၁၂၀သတ်မှတ်ခဲ့တာဖြစ်ပြီးဒါကလည်းရာဖင်ညာကိုခေါ်ယူချင်နေတဲ့အသင်းတွေများပြားလာတာကြောင့်ဘာစီလိုနာဘက်ကချမှတ်လိုက်တဲ့အတားအစီးတစ်ခုလိုမျိုးလည်းဖြစ်လာနိုင်ပါတယ်။

ရာဖင်ဟာဒီရာသီမှာဘာစီလိုနာအတွက်လာလီဂါအပါအဝင်ပြိုင်ပွဲစုံ၄၂ပွဲမှာ၂၇ဂိုးသွင်းကာဂိုးဖန်တီးမှုအကြိမ်၂၀ပြုလုပ်ထားပါတယ်။ဒါ့အပြင်ရာဖင်ညာရဲ့ဘာစီလိုနာဟာလာလီဂါ၊ချန်ပီယံလိဂ်နဲ့ကိုပါဒယ်ရေးဖလား၃လုံးလမ်းကြောင်းပေါ်မှာရှိနေဆဲဖြစ်ပါတယ်။

အသက်၂၈နှစ်အရွယ်ရာဖင်ညာဟာအခုရာသီမှာဘာစီလိုနာအတွက်အကောင်းဆုံးခြေစွမ်းပြနေပြီးပရီးမီးယားလိဂ်ထိပ်သီးကလပ်တွေနဲ့ဆော်ဒီပရိုလိဂ်ကလပ်တွေကခေါ်ယူဖို့ပစ်မှတ်ထားနေကြတာဖြစ်ပါတယ်။ဒါကြောင့်လာလီဂါကလပ်ဘာစီလိုနာဘက်ကစျေးနှုန်းသတ်မှတ်လိုက်တာဖြစ်ကြောင်းသိရပါတယ်။

လာလီဂါကလပ်ဘာစီလိုနာဟာဘရာဇီးလ်တောင်ပံကစားသမားရာဖင်ညာကိုပြီးခဲ့တဲ့၂၀၂၂ခုနှစ်နွေရာသီမှာလိဒ်စ်ယူနိုက်တက်ကနေယူရို၅၈သန်းနဲ့ခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။
လိုချင်တဲ့ ပြောင်းရွှေ့ကြေးရရင် ရာဖင်ညာကိုရောင်းထုတ်မယ့် ဘာစီလိုနာ

ဘာစီလိုနာဟာရာဖင်ညာကို၂၀၂၉ခုနှစ်အထိသက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့စီစဉ်နေပြီးတော့သူတို့အလိုရှိနေတဲ့ပြောင်းရွှေ့ကြေးပမာဏနဲ့ကမ်းလှမ်းလာရင်ရောင်းထုတ်သွားဖွယ်ရှိနေတာဖြစ်ပါတယ်။ရာဖင်ညာကတော့သူ့အနေနဲ့ပြီးခဲ့တဲ့နွေရာသီတုန်းကဘာစီလိုနာကနေထွက်ခွာဖို့တော်တော်လေးနီးစပ်ခဲ့ပြီးတော့နည်းပြဖြစ်သူဟန်ဆီဖလစ်ခ်နဲ့ဖုန်းပြောဖြစ်ခဲ့တာကြောင့်သာအသင်းမှာဆက်နေခဲ့တာဖြစ်ကြောင်းဖွင့်ဟခဲ့ပါတယ်။

ရာဖင်ညာကသူ့အနေနဲ့ကိုပါအမေရိကဖလားပြိုင်ပွဲအပြီးမှာပြဿနာတွေတောက်လျောက်ဖြစ်ခဲ့ကြောင်းမီဒီယာတွေကလည်းသူဘာစီလိုနာကနေထွက်ခွာလိမ့်မယ်လို့ဖော်ပြခဲ့ကြကြောင်း၊ဒါ့အပြင်သူ့အနေနဲ့ဘယ်အသင်းကိုပြောင်းလိမ့်မယ်ဆိုပြီးတော့လည်းအမျိုးမျိုးဖော်ပြခဲ့ကြကြောင်းပြောကြားခဲ့ပါတယ်။ဒါ့အပြင်သူကိုယ်တိုင်ကလည်းအဲဒီအချိန်တုန်းကဘာစီလိုနာကနေထွက်ခွာဖို့စဉ်းစားခဲ့ပေမယ့်တစ်နေ့မှာဟန်ဆီဖလစ်ခ်ကဖုန်းဆက်ပြီးဆုံးဖြတ်ချက်မချခင်အသင်းနဲ့အတူလေ့ကျင့်ရေးလာလုပ်ဖို့နဲ့သူ့ကိုအားကိုးကြောင်းပြောကြားခဲ့လို့အသင်းမှာဆက်နေဖြစ်ခဲ့ကြောင်းပြောကြားခဲ့ပါတယ်။

လာလီဂါကလပ်ဘာစီလိုနာဟာဘရာဇီးလ်တောင်ပံကစားသမားရာဖင်ညာကိုပြီးခဲ့တဲ့၂၀၂၂ခုနှစ်နွေရာသီမှာလိဒ်စ်ယူနိုက်တက်ကနေယူရို၅၈သန်းနဲ့ခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။ရာဖင်ညာကပြီးခဲ့တဲ့အပြောင်းအရွှေ့ကာလတွေမှာလည်းဘာစီလိုနာရဲ့ရောင်းထုတ်မယ့်ကစားသမားစာရင်းမှာအမြဲတမ်းပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်