နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အော်လမိုကို မှတ်ပုံတင်နိုင်ဖို့ ကွင်းသစ်က VIP ထိုင်ခုံတွေပါ ရောင်းနေရတဲ့ ဘာစီလိုနာ | လာလီဂါ

လာလီဂါ ထိပ်သီး ဘာစီလိုနာ ကတော့ အသင်းရဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ဒန်နီ အော်လမိုကို မှတ်ပုံတင်ဖို့ အခက်အခဲတွေ ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဘာစီလိုနာက စပိန် လက်ရွေးစင်ကို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ အတွက် နူးကမ့်ပ် ကွင်းသစ်မှာ ရှိတဲ့ VIP ထိုင်ခုံ နေရာကို ယူရို သန်း ၁၀၀ နဲ့ ရောင်းချဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။

ဘာစီလိုနာဟာ အသက် ၂၆ နှစ် အရွယ် ဒန်နီ အော်လ်မိုကို ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ကာလမှာ လိုက်ပ်ဇစ် ကနေ ယူရို သန်း ၆၀ နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် လာလီဂါ ကလပ်က အော်လမိုကို ၂၀၃၀ ပြည့်နှစ် အထိ သက်တမ်းရှိတဲ့ ၆ နှစ် စာချုပ် ချုပ်ဆိုထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာ အနေနဲ့ လစာ အသုံးစရိတ် ကန့်သတ်ချက်တွေကို ကျော်လွန်နေတာကြောင့် ရာသီသစ် စတင်ချိန် အမှီ မှတ်ပုံတင်နိုင်ခြင်း မရှိခဲ့ပဲ အော်လမို ကလည်း ပွဲစဉ် ၃ မှသာ စတင် ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် လာလီဂါ ကလပ်က အော်လမိုကို ၂၀၃၀ ပြည့်နှစ် အထိ သက်တမ်းရှိတဲ့ ၆ နှစ် စာချုပ် ချုပ်ဆိုထားခဲ့တာ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၃၁ ရက် မတိုင်ခင် အော်လမိုကို မှတ်ပုံတင်ရမယ့် ဘာစီလိုနာ

လာလီဂါ အဖွဲ့ချုပ်ဟာ ဒန်နီ အော်လမို အတွက် မှတ်ပုံတင်ခြင်းကို ဒီဇင်ဘာလ ၃၁ ရက်နေ့ အထိသာ ခွင့်ပြုပေးထားခဲ့တာ ဖြစ်ပြီးတော့ ဘာစီလိုနာ အနေနဲ့ ရာသီ အကုန်မှာသာ မှတ်ပုံတင်နိုင်ဖို့ ထပ်မံ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာ ကူးသန်းရောင်းဝယ်ရေး ဆိုင်ရာ တရားရုံးက ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ဘာစီလိုနာရဲ့ ကြိုးပမ်းမှုကို ပယ်ချခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာ ဘက် ကတော့ ဒီဆုံးဖြတ်ချက်ကို အယူခံဝင်ထားပြီး ယနေ့မှာ ကြားနာ စစ်ဆေးတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဘာစီလိုနာဟာ အော်လမိုရဲ့ ပြဿနာကို ဖြေရှင်းဖို့ အတွက် အသစ် ပြင်ဆင်နေတဲ့ နူးကမ့်ပ်ကွင်းရဲ့ VIP ထိုင်ခုံ နေရာကို အရှေ့အလယ်ပိုင်း ရင်းနှီးမြှုပ်နှံသူတွေထံ ယူရို သန်း ၁၀၀ နဲ့ ရောင်းချဖို့ သဘောတူညီခဲ့ရကြောင်း သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ VIP ထိုင်ခုံနေရာ အတွက် ပထမအရစ် ပေးချေမှု ကိုတော့ ဒီဇင်ဘာလ ၃၁ ရက်နေ့ မတိုင်ခင် ပေးချေဖွယ် ရှိနေပြီး အော်လမိုကို အချိန်မှီ မှတ်ပုံတင်နိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

အကယ်၍ လာလီဂါ ကလပ်ဟာ အော်လမိုကို မှတ်ပုံမတင်နိုင်ခဲ့ရင်တော့ ရာသီဝက် အကြာမှာပဲ လက်လွှတ်သွားရဖို့ ရှိနေတာ ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင် ဒီလို သတင်းတွေ ထွက်လာချိန်မှာ အော်လမိုရဲ့ အေးဂျင့် ဖြစ်သူက မန်ချက်စတာမြို့ကို ရောက်ရှိနေပြီး သူ့ရဲ့ ကစားသမား အသင်း ပြောင်းရွှေ့ဖို့ ညှိနှိုင်းမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။ ကစားသမား ကိုယ်တိုင် ကတော့ ဘာစီလိုနာ အသင်း မှာသာ ဆက်လက် ကစားလိုပြီး အောင်မြင်မှုတွေ ရယူလိုကြောင်း ပြောကြားထားခဲ့ပါတယ်။

အော်လ်မိုဟာ လက်ရှိ ရာသီမှာ ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံမှာ ၁၅ ပွဲ ကစားပြီး ၆ ဂိုး သွင်းကာ ၁ ဂိုး ဖန်တီးထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်