နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘာနာဒို ဆေးလ်ဗားကို သဘောတူညီမှု ရပြီးမှ ခေါ်ယူနိုင်ခြင်း မရှိခဲ့တဲ့ ဘာစီလိုနာ၊ မန်စီးတီးနဲ့ ပွဲမှာ အရန် ကစားသမားတွေ ခြေစွမ်းပြနိုင်ဖို့ မျှော်လင့်နေတဲ့ ရီးရဲလ် (လာလီဂါ နောက်ဆုံးရ သတင်းများ)

ဘာနာဒို ဆေးလ်ဗားကို သဘောတူညီမှု ရပြီးမှ ခေါ်ယူနိုင်ခြင်း မရှိခဲ့တဲ့ ဘာစီလိုနာ၊ မန်စီးတီးနဲ့ ပွဲမှာ အရန် ကစားသမားတွေ ခြေစွမ်းပြနိုင်ဖို့ မျှော်လင့်နေတဲ့ ရီးရဲလ် အစရှိတဲ့ သတင်းတွေ အပါအဝင် မေလ ၁၇ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဘာနာဒို ဆေးလ်ဗားကို သဘောတူညီမှု ရပြီးမှ ခေါ်ယူနိုင်ခြင်း မရှိခဲ့တဲ့ ဘာစီလိုနာ 

ဘာစီလိုနာ ဥက္ကဌ ဂျိုအမ် လာပေါ်တာက ၂၀၁၅ တုန်းက ဘာနာဒို ဆေးလ်ဗားကို ခေါ်ယူဖို့ အတွက် သူ သဘောတူညီမှု ရရှိခဲ့ဖူးတယ်လို့ ဖွင့်ဟလိုက်ပါတယ်။ လက်ရှိ မှာတော့ ဘာနာဒို ဆေးလ်ဗားဟာ မန်စီးတီး အတွက် ခြေစွမ်းပြနေပြီး အသင်းရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်နေပါတယ်။

လာပေါ်တာက “ သူ့ကို ပု၈္ဂိုလ်ရေး အရ ကျနော် သိပါတယ်၊ ၂၀၁၅ တုန်းက ဆိုရင် သူ့ကို ခေါ်ယူဖို့ အတွက်တောင်မှ သဘောတူညီမှု ရရှိခဲ့ပြီးပါပြီ၊ ဒါပေမယ့်လည်း ရွေးကောက်ပွဲမှာ ကျနော် အနိုင်မရခဲ့တာကြောင့် မခေါ်ယူနိုင်ခဲ့တာပါ’ လို့ ဖွင့်ဟခဲ့ပါတယ်။ ဒါဟာ လာလီဂါ ထိပ်သီး ဘာစီလိုနာ အတွက်တော့ ကစားသမားကောင်း တစ်ဦးကို လက်လွှတ်ခဲ့ရတာလည်း ဖြစ်ပါတယ်။ 

ဆေးလ်ဗားဟာ မိုနာကိုမှာ ခြေစွမ်းပြနိုင်ခဲ့ပြီးနောက် မန်စီးတီးကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပြီး အခုဆိုရင် ၆ နှစ်ကြာ ကစားပေးထားပြီး ဖြစ်ပါတယ်။ ပေါ်တူဂီ ကြယ်ပွင့်ဟာ ဂွါဒီယိုလာရဲ့ အားကိုးရတဲ့ ကစားသမား တစ်ဦး အဖြစ် ရှိနေပြီး လက်ရှိ အချိန်ထိလည်း ဘာစီလိုနာက သူ့ကို စိတ်ဝင်စားနေဆဲ ဖြစ်ပါတယ်။ 


မန်စီးတီးနဲ့ ပွဲမှာ အရန် ကစားသမားတွေ ခြေစွမ်းပြနိုင်ဖို့ မျှော်လင့်နေတဲ့ ရီးရဲလ်

ပြီးခဲ့တဲ့ ရာသီတုန်းက လူစားဝင်လာသူတွေရဲ့ ခြေစွမ်းပြမှုနဲ့အတူ လာလီဂါ ကလပ်က မန်စီးတီးကို အနိုင်ရခဲ့ပြီး အလားတူ စွမ်းဆောင်ရည်မျိုးကို ပြန်လည် ပြသနေချင်တာ ဖြစ်ပါတယ်။
မန်စီးတီးနဲ့ ချန်ပီယံလိဂ် ပွဲမှာ အရန် ကစားသမားတွေ ခြေစွမ်းပြဖို့ မျှော်လင့်နေတဲ့ ရီးရဲလ်မက်ဒရစ်

မန်ချက်စတာစီးတီးနဲ့ ကစားရမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ လူစားဝင် ကစားမယ့်သူတွေ ခြေစွမ်းပြဖို့ ရီးရဲလ်တို့ မျှော်လင့်နေပါတယ်။ ပြီးခဲ့တဲ့ ရာသီတုန်းက လူစားဝင်လာသူတွေရဲ့ ခြေစွမ်းပြမှုနဲ့အတူ လာလီဂါ ကလပ်က မန်စီးတီးကို အနိုင်ရခဲ့ပြီး အလားတူ စွမ်းဆောင်ရည်မျိုးကို ပြန်လည် ပြသနေချင်တာ ဖြစ်ပါတယ်။ 

ဒီရာသီမှာ ရီးရဲလ် အရန် ကစားသမား တစ်ဦး ဖြစ်တဲ့ မာကို အဆန်စီယိုက ခြေစွမ်းပြနေပြီး ၁၄ ဂိုး အထိ ပါဝင် ပတ်သက်ထားကာ ၉၈ မိနစ် ကစားတိုင်း ဂိုး ၁ ဂိုး ရရှိအောင် စွမ်းဆောင်ပေးထားပါတယ်။ ဒါဟာ ကာရင်မ် ဘန်ဇီမာ၊ ဗင်နီးစီးယက်စ် တို့လို အဓိက ကစားသမားတွေ ထက်တောင်မှ ပိုကောင်းတဲ့ မှတ်တမ်းလည်း ဖြစ်ပါတယ်။ 

နည်းပြကြီး ကာလို အန်ဆယ်လော့တီက လာမယ့် ပွဲမှာ ရိုဒရီဂို ကိုလည်း လူစားဝင် ကစားစေဖို့သာ ဆုံးဖြတ်ဖွယ် ရှိနေပါတယ်။ ရိုဒရီဂိုဟာ ပွဲထွက် ကစားသမားထက် လူစားဝင် ကစားသမား အဖြစ် ကစားတိုင်း ပိုကောင်းတဲ့ ခြေစွမ်းကို ပြသနိုင်ပြီး ပြီးခဲ့တဲ့ ရာသီ မန်စီးတီးနဲ့ ရင်ဆိုင်ခဲ့စဉ်က လူစားဝင်လာပြီး ၂ ဂိုး သွင်းပေးခဲ့သူ ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
မန်ချက်စတာစီးတီး
ရီးရဲလ်မက်ဒရစ်
1X2 မန်ချက်စတာစီးတီး @ 1.65
ရီးယဲလ်မက်ဒရစ် အာရှ ဟန်းဒီးကပ် +0.75 @ 2.17
ဂိုးပေါ် 3.00 @ 2.05
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အာရှ ချန်ပီယံလိဂ်မှာ မြင်တွေ့ရဖွယ် ရှိနေတဲ့ ရော်နယ်ဒို

အယ်လ်နာဆာ ကတော့ လာမယ့် ရာသီ အာရှ ချန်ပီယံလိဂ် ပြိုင်ပွဲကို ဝင်ရောက် ကစားခွင့်ရသွားခဲ့ပါပြီ။ ဒါဟာ ရော်နယ်ဒိုသာ အသင်း မပြောင်းဘူး ဆိုရင် သူ့ကို အာရှချန်ပီယံလိဂ်မှာ ပထမဆုံး အကြိမ် မြင်တွေ့ရတော့မှာပါ။ ဥရောပ မှာတော့ ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ရဲ့ ဘုရင်ကြီးလို့ တင်စားခံခဲ့ရပြီး မစ္စတာ ချန်ပီယံလိဂ် လို့တောင်မှ နာမည်တွင်ခဲ့သူ ဖြစ်ပါတယ်။ 

ချန်ပီယံလိဂ်ရဲ့ ထာ၀ရ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် လက်ရှိအချိန်ထိ ရပ်တည်နေဆဲ ဖြစ်ပြီး သူ့ကို အနီးကပ် ခြိမ်းခြောက်နေတာက မက်ဆီပါ။ ရော်နယ်ဒိုဟာ ဖလား ၅ လုံး အထိ ဆွတ်ခူးနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ရဲ့ အကောင်းဆုံး ကစားသမားတွေ ထဲမှာ ထိပ်ဆုံး ကနေ ပါဝင်နေခဲ့ပါတယ်။ ရော်နယ်ဒို အနေနဲ့ အာရှ ချန်ပီယံလိဂ် မှာလည်း အဲ့ဒီလို ဆက်လက် စွမ်းဆောင်နိုင်မလား ဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။ 

ဆော်ဒီလိဂ် ပွဲစဉ်တွေ မပြီးဆုံးသေးပေမယ့် ဒုတိယနေရာကို အပြိုင် လုနေတဲ့ အယ်လ်ရှာဘတ် အသင်းဟာ အာရှ လိုင်စင် မပြုလုပ်ထားတာကြောင့် ဝင်ခွင့်ရမယ် ဆိုရင်တောင် ကစားခွင်ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် အယ်လ်နာဆာက ဝင်ကစားခွင့် ရရှိခဲ့တာလို့ သိရကာ ရော်နယ်ဒို အတွက်တော့ အာရှ ချန်ပီယံလိဂ် ပြိုင်ပွဲကို မြည်းစမ်းခွင့် ရဖို့ သေချာနေခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်