လာလီဂါ ကလပ် ဘာစီလိုနာ ကတော့ ဘဏ္ဍာရေး အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရသည့် တိုင်အောင် ကစားသမားသစ်တွေ ခေါ်ယူဖို့ စီစဉ်လျက် ရှိနေပါတယ်။ လက်ရှိမှာ ဘာစီလိုနာက ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့က ခေါ်ယူထားတဲ့ ဒန်နီ အော်လမို ကိုတောင် လက်ကျန် ရာသီဝက် အတွက် မှတ်ပုံ မတင်နိုင်သေးပါဘူး။
ဒါပေမယ့်လည်း လာလီဂါ ဂုန်းဆင်းကြီး တို့က လက်ရှိမှာ အက်စတွန်ဗီလာရဲ့ ခြေစွမ်းပြ တိုက်စစ်မှူး ဂျွန် ဒူရန်ကို ခေါ်ယူဖို့ အေးဂျင့် ဖြစ်သူနဲ့ တွေ့ဆုံ ဆွေးနွေးလျက် ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။ လက်ရှိ ဘာစီလိုနာရဲ့ တိုက်စစ်မှာ ပိုလန် ဝါရင့် တိုက်စစ်မှူးကြီး ရောဘတ် လီဝမ်ဒေါစကီးက ဦးဆောင်နေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာက ကစားသမားရဲ့ အသက်အရွယ်ကြောင့် ရေရှည် အတွက် တိုက်စစ်မှူး တစ်ဦး ခေါ်ယူ အားဖြည့်ချင်နေပြီး ဂျွန် ဒူရန်ကို မျက်စိကျနေတာ ဖြစ်ပါတယ်။
ကိုလံဘီယာ တိုက်စစ်မှူးလေး ဂျွန် ဒူရန် ကတော့ လက်ရှိမှာ အသက် ၂၁ အရွယ်သာ ရှိနေသေးပြီး ဒီရာသီမှာ အက်စတွန်ဗီလာ အတွက် ပြိုင်ပွဲစုံ ၂၆ ပွဲ ကစားကာ ၁၂ ဂိုး သွင်းယူပေးထားပါတယ်။ စပိန် သတင်းစာ SPORT ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာ အားကစား ဒါရိုက်တာ ဒေကိုနဲ့ ဒူရန်ရဲ့ အေးဂျင့် တို့ဟာ ဘာစီလိုနာ မြို့မှာ တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ သိရကာ သဘောတူညီမှု ရဖို့လည်း နီးစပ်နေတယ်လို့ သိရပါတယ်။
ဘာစီလိုနာက လက်တလောမှာ ဒန်နီ အော်လမို အပြင် လူငယ် တိုက်စစ် ကြယ်ပွင့်လေး ပါအူ ဗစ်တာ ကိုပါ စာရင်းသွင်းဖို့ ခက်ခဲနေတာ ဖြစ်ပါတယ်။ လတ်တလော မှာတော့ အော်လမိုနဲ့ ပါအူ တို့ နှစ်ဦး အတွက် အားကစားခုံရုံး Supreme Sports Council (CSD) ထံ အယူခံဝင်ထားတယ်လို့လည်း သိရပါတယ်။
လာလီဂါ ကလပ်ရဲ့ စိတ်ဝင်စားခြင်း ခံနေရတဲ့ ဂျွန် ဒူရန်ဟာ တကယ်တော့ ပြီးခဲ့တဲ့ နွေရာသီမှာ ဝက်စ်ဟမ်းကို ပြောင်းရွှေ့ဖို နီးစပ်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် အပြောင်းအရွှေ့ ပျက်ခဲ့ပြီး အက်စတွန်ဗီလာ မှာသာ ဆက်နေခဲ့ရပြီး မထင်မှတ်ပဲ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် ဥရောပ ထိပ်တန်း ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်လာသူပါ။ ဒူရန်ဟာ ကိုလံဘီယာ ကလပ် အန်ဗီဂါဒို ကနေ တဆင့် မေဂျာလိဂ် ကလပ် ချီကာဂို ဖိုင်းယား၊ အဲ့ကနေမှ ၂၀၂၃ ခုနှစ်မှာ အက်စတွန်ဗီလာကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒူရန်က အက်စတွန်ဗီလာ မှာတော့ ၂ နှစ်တာ ကာလ အတွင်း ပြိုင်ပွဲစုံ ပွဲပေါင်း ၇၅ ပွဲ ကစားကာ ဂိုး ၂၀ သွင်းယူပေးထာပါတယ်။ ကိုလံဘီယာ လက်ရွေးစင်ဟာ မကြာသေးခင်ကမှ အက်စတွန်ဗီလာနဲ့ ၂၀၃၀ ခုနှစ် အထိ စာချုပ် သက်တမ်း တိုးမြှင့်ထားပြီးတော့ လက်ရှိမှာ သူ့ကို ဘာစီလိုနာ အပြင် ပီအက်စ်ဂျီ၊ ဘေယန်မြူးနစ် တို့ကလည်း စိတ်ဝင်စားနေပါသေးတယ်။ ဒါကြောင့် ဒူရန် အနေနဲ့ လာမယ့် နွေရာသီ အပြောင်းအရွှေ့ ကာလမှာ ဗီလာ ကနေ ထွက်ခွာဖို့ များနေပြီး သူနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းရဲ့ အဆိုအရ ဘာစီလိုနာ ကိုသာ ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.