နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

တိုင်ရစ်ခ် မစ်ချဲလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာတဲ့ ဘာစီလိုနာ | လာလီဂါ

လာလီဂါ ထိပ်သီး ကလပ် ဘာစီလိုနာ ကတော့ ပရီးမီးယားလိဂ် ကလပ် ခရစ္စတယ်ပဲလေ့စ် ဘယ်နောက်ခံလူ တိုင်ရစ်ခ် မစ်ချဲလ်ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဘာစီလိုနာက အင်္ဂလန်ရဲ့ ဘယ်နောက်ခံလူကို အံ့အားသင့်ဖွယ် စိတ်ဝင်စားနေခဲ့တာ ဖြစ်ပြီး ခေါ်ယူဖို့ အတွက်လည်း စောင့်ကြည့်နေတယ်လို့ စပိန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြလျက် ရှိပါတယ်။

လာလီဂါ ကလပ်ဟာ နောက်ပိုင်း နှစ်တွေမှာ အသင်းရဲ့ ဘဏ္ဍာရေး ပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီးတော့ ကစားသမားတွေကို မှတ်ပုံတင် စာရင်းသွင်းချိန်မှာလည်း ကြန့်ကြာမှုတွေ ရှိနေတာ ဖြစ်ပါတယ်။ ဒီလို ဖြစ်နေသည့် တိုင်အောင် ဘာစီလိုနာက ကစားသမားသစ်တွေ ခေါ်ယူဖို့ ကိစ္စတွေ မှာတော့ စိတ်အားထက်သန်နေခဲ့တာ ဖြစ်ပါတယ်။ လက်တလော ရရှိတဲ့ သတင်းတွေ အရ ဆိုရင် ဘာစီလိုနာဟာ ဒန်နီ အော်လမို အတွက် မှတ်ပုံတင်တဲ့ ကိစ္စမှာ အဆင်မပြေတာကြောင့် ပြန်လည် လက်လွှတ်ရဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ ကစားသမား တချို့ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူရတတ်တဲ့ အသင်း ဖြစ်ပြီး အဂွဲရိုး၊ မမ်းဖစ် ဒီပိုင်း၊ ကတ်ဆေး၊ ဂွန်ဒိုအန်နဲ့ အော်ဘာမီယန်း တို့လို ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့ဖူးတဲ့ အစဉ်အလာလည်း ရှိခဲ့ပါတယ်။ 

လက်ရှိ မှာလည်း လာလီဂါ ကလပ် ဘာစီလိုနာက အလွတ်နဲ့ ခေါ်ယူနိုင်မယ့် ကစားသမားတွေကို တောက်လျောက် ပစ်မှတ်ထား စောင့်ကြည့်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီရာသီ အကုန်မှာ ပဲလေ့စ်နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးမယ့် ဘယ်ခြမ်း ခံစစ် ကစားသမား တိုင်ရစ်ခ် မစ်ချဲလ်ကို ပစ်မှတ် စာရင်းထဲ ထည့်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ ဟန်ဆီ ဖလစ်ခ်ရဲ့ စိတ်ကြိုက် ဘယ်နောက်ခံ ကစားသမားက အဲလက်စ် ဘဲလ်ဒီ ဖြစ်နေတာကြောင့် မစ်ချဲလ် အနေနဲ့ ပုံမှန် ပွဲထွက်ခွင့်ရနိုင်ဖို့တော့ မသေချာ ဖြစ်နေပါတယ်။

ဂျမေကာ နွယ်ဖွား အင်္ဂလန် ကစားသမား မစ်ချယ်လ်ဟာ ၂၀၁၆ ခုနှစ်မှာ ပဲလေ့စ် ကို ရောက်ရှိလာခဲ့ပြီး လူငယ်အကယ်ဒမီ ကနေ တဆင့် ၂၀၂၀ ခုနှစ် မှာတော့ ပဲလေ့စ် အသင်းကြီး အတွက် စတင် ကစားခွင့် ရခဲ့သူ ဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းက စပြီး မစ်ချဲလ်က ပဲလေ့စ်ရဲ့ အမာခံ ကစားသမား တစ်ဦး ဖြစ်လာခဲ့ကာ လက်ရှိ အချိန်ထိ ၁၆၄ ပွဲ ကစားထားပါတယ်။ မစ်ချဲလ်က လက်ရှိရာသီ မှာတော့ ပရီးမီးယားလိဂ် ၁၈ ပွဲ ကစားပြီး ဂိုး ဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထားပါတယ်။ 

လာမယ့် ၂၀၂၅ ခုနှစ် ဇွန်လမှာ ပဲလေ့စ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် မစ်ချဲလ်ကို ပရီးမီးယားလိဂ် ထိပ်သီး ကလပ် အများစုက ခေါ်ယူဖို့ စောင့်ကြည့်နေကြပြီး ဂုန်းဆင်းကြီး ဘာစီလိုနာ တို့ ထုံးစံ အတိုင်း ကြားဖြတ် ခေါ်ယူသွားနိုင်မလား ဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ ပဲလေ့စ် ကတော့ လက်ရှိ ရာသီမှာ ရုန်းကန်နေရတာကြောင့် သူတို့ အသင်း အတွက် အရေးပါတဲ့ ကစားသမားကို အသင်းမှာ ဆက်ထိန်းထားဖို့ ကြိုးပမ်းလာဖွယ် ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်