နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ ဇယား ထိပ်ကနေ ၈ မှတ်ဖြတ် ဦးဆောင်လိုက်တဲ့ ဘာစီလိုနာ၊ အက်သလက်တီကို မက်ဒရစ်နဲ့ စာချုပ် သက်တမ်းတိုးဖွယ် ရှိနေတဲ့ ဝှစ်ဆဲလ် (လာလီဂါ နောက်ဆုံးရ သတင်းများ)

ရီးရဲလ်မက်ဒရစ်ကို ၈ မှတ် ဖြတ်လိုက်တဲ့ ဘာစီလိုနာ၊ အက်သလက်တီကိုမက်ဒရစ်နဲ့ စာချုပ် သက်တမ်းတိုးဖွယ် ရှိနေတဲ့ ဝှစ်ဆဲလ် စတာတွေ အပါအဝင် ဖေဖော်ဝါရီလ ၆ ရက်နေ့ မနက်ခင်း အထိ ရရှိထားတဲ့ လာလီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ရီးရဲလ်မက်ဒရစ်ကို ၈မှတ်ဖြတ်လိုက်တဲ့ ဘာစီလိုနာ

စပိန် လာလီဂါ မှာတော့ ဘာစီလိုနာက ဆီဗီလာကို အိမ်ကွင်းမှာ ၃ ဂိုးပြတ်နဲ့ အနိုင်ယူပြီး အနီးကပ် ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကို ၈ မှတ် ဖြတ်လိုက်ပြီ ဖြစ်ပါတယ်။ အစောပိုင်းအချိန်မှာ ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ် ကတော့ အဝေးကွင်းမှာ မာယော့ကာကို အရေးနိမ့်ခဲ့လို့ ဘာစီလိုနာတို့ ဒီအခွင့်အရေးကို အရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ပထမပိုင်းမှာ ဂိုးမရှိ သရေကျခဲ့လို့ ဘာစီလိုနာတို့ အနည်းငယ် ရုန်းကန်ခဲ့ရပါတယ်။ ယော်ဒီ အယ်လ်ဘာက အဖွင့်ဂိုး သွင်းယူခဲ့ပြီး ဂါဗီနဲ့ ရာဖင်ညာ တို့က နောက်ထပ် ဂိုးတွေ သွင်းယူခဲ့တာပါ။ ဘာစီလိုနာဟာ ခံစစ်ပိုင်း တောင့်တင်းမှုနဲ့ အတူ တိုက်စစ်ပိုင်း မှာလည်း နေရာစုံက ကစားသမားတွေက ဂိုးတွေ သွင်းနေလို့ နိုင်ပွဲတွေ ဆက်တိုက်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

လာလီဂါမှာ ရှုံးပွဲ ၁ ပွဲတည်းသာ ရှိနေသေးပြီး ပေးဂိုး ကလည်း ၇ ဂိုးသာ ရှိသေးကာ နည်းပြ ဇာဗီက သူ့ရဲ့ လက်ထက်မှာ အသင်းကို အကောင်းဆုံး တည်ဆောက်ပေးနေပြီ ဖြစ်ပါတယ်။ နောက်ဆုံး ၅ ပွဲ ဆက်တိုက်လည်း အနိုင်ကစားထားပြီး ဘာစီလိုနာက လာလီဂါမှာ ရပ်တန့်နိုင်တဲ့ အသင်း မရှိသေးဘဲ တစ်ကောင်တည်း ပြေးနေတဲ့ မြင်း ဖြစ်နေခဲ့ပါပြီ။

ပရီးမီးယား လိဂ်
ဆောက်သမ်တမ်
ဝူဗာဟမ်တမ်
1X2 သရေ (Draw) @ 3.10
ဂိုးပေါ် 2.25 @ 2.02
ဂိုးပေါင်း 2-3 @ 1.90
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

မာယော့ကာနဲ့ ပွဲမှာ ရိုဒရီဂိုကို ပင်နယ်တီ မကန်ခိုင်းရတဲ့ အကြောင်းကို ရှင်းပြခဲ့တဲ့ အန်ဆယ်လော့တီ

မာယော့ကာကို အဝေးကွင်းမှာ ၁-၀ နဲ့ အရေးနိမ့်ခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်တို့ ချေပဂိုး ရနိုင်တဲ့ အခွင့်အရေးကို ရခဲ့ပေမယ့် အဆန်စီယိုက ပင်နယ်တီ လွဲချော်ခဲ့ပါတယ်။ မာယော့ကာက ပွဲချိန် အစောပိုင်းမှာ ဦးဆောင်ဂိုး သွင်းယူထားလို့ ရီးရဲလ်တို့ နောက်က လိုက်ကစားခဲ့ရပြီး ပင်နယ်တီရချိန်မှာ ပုံမှန် ကန်သွင်းနေကျ ရိုဒရီဂို မကန်ဘဲ အဆန်စီယိုက ကန်သွင်းခဲ့ရာမှာ လွဲချော်ခဲ့တာပါ။

တိုက်စစ်မှူး ကာရင်မ်ဘန်ဇီမာ မပါဝင်တာကြောင့် ရိုဒရီဂို ကန်သွင်းရမှာ ဖြစ်ပေမယ့် အန်ဆယ်လော့တီက အဆန်စီယိုကို တာဝန်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီမတိုင်ခင်မှာ အဆန်စီယိုက ဒီရာသီ လာလီဂါမှာ အသင်း အတွက် ပင်နယ်တီ ကန်သွင်းမှု လုံး၀ ပြုလုပ်ထားခြင်း မရှိသူ ဖြစ်ပြီး သူ့ရဲ့ လွဲချော်မှုက ရီးရဲလ် အတွက် နစ်နာခဲ့ရပါတယ်။

အန်ဆယ်လော့တီက “ ပင်နယ်တီ အတွက် ရိုဒရီဂိုကို ကျော်ပြီး အဆန်စီယိုကို ဘာလို့ ရွေးချယ်ခဲ့ရလဲ ဆိုရင် ကမ္ဘ့ာ့ဖလားတုန်းက ရိုဒရီဂိုရဲ့ ပင်နယ်တီ လွဲချော်မှု အကျိုးဆက်ကြောင့်ပါ၊ ဘန်ဇီမာက ပထမဦးစားပေးပါ၊ အဆန်စီယိုက တတိယ၊ မိုဒရစ်က နံပါတ် ၄ ပါ၊ အဆန်စီယိုကို ကျနော် ကန်သွင်းစေခဲ့တာပါ” လို့ ပြောဆိုခဲ့ပါတယ်။


အက်သလက်တီကိုမက်ဒရစ်နဲ့ စာချုပ် သက်တမ်းတိုးဖွယ် ရှိနေတဲ့ ဝှစ်ဆဲလ်

စပိန် လာလီဂါ ကလပ် အက်သလက်တီကိုမက်ဒရစ်ရဲ့ ကွင်းလယ်လူ ဝှစ်ဆဲလ်ဟာ အသင်းနဲ့ စာချုပ် သက်တမ်း တိုးမြှင့်ဖွယ် ရှိတယ်လို့ သိရပါတယ်။
အက်တလက်တီကို မက်ဒရစ် အတွက် နောက်ထပ် ၂ ပွဲ ကစားရုံနဲ့ စာချုပ်သက်တမ်း အလိုလျောက် တိုးနိုင်မယ့် ဝှစ်ဆဲလ်

စပိန် လာလီဂါ ကလပ် အက်သလက်တီကိုမက်ဒရစ်ရဲ့ ကွင်းလယ်လူ အက်ဆဲလ် ဝှစ်ဆဲလ်ဟာ အသင်းနဲ့ စာချုပ် သက်တမ်း တိုးမြှင့်ဖွယ် ရှိတယ်လို့ သိရပါတယ်။ ဝါရင့် ကွင်းလယ်လူဟာ ဒီရာသီကမှ ဘွန်ဒက်လီဂါ ကလပ် ဒေါ့မန် ကနေ အေတီကိုကို အလွတ်နဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး တစ်နှစ် စာချုပ်သာ ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၄ နှစ် အရွယ် ကွင်းလယ်လူက အသင်းနဲ့ နောက်ထပ် ၁ နှစ် သက်တမ်းတိုး စာချုပ်ကို ချုပ်ဆိုဖွယ်ရာ ရှိနေပါတယ်။ အေတီကိုမှာ ပုံမှန် ကစားခွင့် ပျောက်ဆုံးနေပေမယ့် ဝှစ်ဆဲလ် ကတော့ အသင်းမှာ ဆက်လက် ရှိနေချင်ပြီး ဆီမြွန်နီ ကလည်း အသင်းမှာ ဆက်လက် ထိန်းသိမ်းထားချင်တယ်လို့ သိရပါတယ်။

အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ ဝှစ်ဆဲလ်ဟာ နောက်ထပ် ၂ ပွဲ ဝင်ရောက် ကစားခွင့်ရတာနဲ့ စာချုပ် သက်တမ်းကို အလိုအလျောက် တိုးမြှင့်င့်နိုင်မှာဖြစ်တယ် လို့လည်း သိရပါတယ်။ လက်ရှိမှာ သူက ပြိုင်ပွဲစုံ ပွဲပေါင်း ၂၅ ပွဲ အထိ ကစားပေးထားပြီး ပွဲအများစု ကိုတော့ အရန် ကစားသမား အဖြစ်နဲ့သာ ပါဝင်နေခဲ့ရတာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်