နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကင်မစ်ချ်ကို ခေါ်ယူဖို့ ဇာတ်လမ်း ဖန်တီးဦးမယ့် ဘာစီလိုနာ၊ ယူရိုပါလိဂ်ရဲ့ ဘုရင် ဆိုတဲ့ ဘွဲ့နဲ့ ထိုက်တန်ကြောင်း သက်သေပြနိုင်ခဲ့ပြန်တဲ့ ဆီဗီလာ (လာလီဂါ နောက်ဆုံးရ သတင်းများ)

ကင်မစ်ချ်ကို ခေါ်ယူဖို့ ဇာတ်လမ်း ဖန်တီးဦးမယ့် ဘာစီလိုနာ၊ ယူရိုပါလိဂ်ရဲ့ ဘုရင် ဆိုတဲ့ ဘွဲ့နဲ့ ထိုက်တန်ကြောင်း သက်သေပြနိုင်ခဲ့ပြန်တဲ့ ဆီဗီလာ အစရှိတဲ့ သတင်းတွေ အပါအဝင် မေလ ၂၀ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ကင်မစ်ချ်ကို ခေါ်ယူဖို့ ဇာတ်လမ်း ဖန်တီးဦးမယ့် ဘာစီလိုနာ

ဘာစီလိုနာဟာ ဘေယန်မြူးနစ်ရဲ့ အဓိက ကွင်းလယ်လူ ဂျော်ရွှာ ကင်မစ်ချ်ကို ခေါ်ယူနိုင်ဖို့ အတွက် ရောဘတ် လီဝမ်ဒေါစကီးကို ခေါ်ယူခဲ့တုန်းကလိုမျိုး လုပ်ဆောင်ဖို့ ပြင်ဆင်နေကြောင်း သတင်းတွေက ဖော်ပြနေပါတယ်။ ကင်မစ်ချ်ဟာ နေဂဲလ်စ်မန်း ထုတ်ခံရပြီးနောက်ပိုင်း အသင်း ကနေ ထွက်ခွာဖို့ ဆန္ဒရှိနေကြောင်း သတင်းတွေ ထွက်နေပါတယ်။

ဘေယန်မြူးနစ်နဲ့ ကစားသမား အကြား ယူရို သန်း (၆၀) တန်ကြေးရှိ လျော်ကြေး စာချုပ် တစ်ရပ်ကို ချုပ်ဆိုထားပါတယ်။ ဘာစီလိုနာ ဘက်ကတော့ ဒီပမာဏကို ပေးချေနိုင်ခြင်း မရှိသည့်တိုင် လီဝမ်ဒေါစကီးကို ခေါ်ယူခဲ့တုန်းကလိုမျိုး ကစားသမားကို စည်းရုံး သိမ်းသွင်းကာ ကစားသမားနဲ့ မိခင် ကလပ် အကြား ပြဿနာ ဖန်တီးပေးဖို့ ကြံရွယ်ထားပါတယ်။

ပြီးခဲ့တဲ့ နွေရာသီမှာ လာလီဂါ ကလပ်ဟာ လီဝမ်ဒေါစကီးကို ဘေယန်မြူးနစ် တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးထက် လျော့နည်းတဲ့ ပမာဏနဲ့သာ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက ကစားသမား ကိုယ်တိုင်က မိခင် အသင်းနဲ့ ပြဿနာ ပြန်တက်ခဲ့တဲ့အထိ ဖြစ်ခဲ့ပြီး နောက်ဆုံး မှာတော့ ဘေယန်မြူးနစ်က ရောင်းထုတ်ခဲ့ရတာပါ။

ဒီတစ်ကြိမ် မှာလည်း ဘာစီလိုနာက ငွေသား သီးသန့် ကမ်းလှမ်းမှာ မဟုတ်ဘဲ အသင်းရဲ့ အကယ်ဒမီထွက် အန်ဆု ဖာတီကို ပြောင်းရွှေ့ကြေးရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ် ထည့်သွင်း ကမ်းလှမ်းမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကင်မစ်ချ် ကိုယ်တိုင် ဘေယန်မြူးနစ်ကို ပြန်လည် ဖိအားပေးလာအောင် ဘာစီလိုနာက လုပ်ဆောင်သွားဖွယ် ရှိနေပြီး ဘေယန်မြူးနစ် ဘက်က မတတ်သာတဲ့ အဆုံး ကစားသမားကို ရောင်းချသွားမယ်လို့ ဘာစီလိုနာက ယူဆထားပါတယ်။

ပရီးမီးယား လိဂ်
မန်ချက်စတာစီးတီး
ချဲလ်ဆီး
1X2 သရေ @ 5.60
နာပိုလီ အာရှ ဟန်းဒီးကပ် -1.75 @ 1.95
ဂိုးပေါ် 3.25 @ 2.14
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ကစားသမားဘ၀ အလှပဆုံး သွင်းဂိုး ၁ ဂိုးကို ရယူနိုင်ခဲ့တဲ့ ဆွာရက်ဇ်

ဘရာဇီးလ် ကလပ် ဂရီမီယိုမှာ ကစားနေတဲ့ လူး၀စ္စ ဆွာရက်ဇ်ဟာ သူ့ရဲ့ ကစားသမား ဘ၀မှာ အလှပဆုံး သွင်းဂိုးတွေ ထဲက ၁ ဂိုးလို့ ဆိုနိုင်မယ့် ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ဒီကနေ့ မနက်ပိုင်းက ကစားခဲ့တဲ့ ခရူဇီယိုနဲ့ ဘရာဇီးလ်ဖလား ၁၆ သင်းအဆင့် ပထမအကျော့ ပွဲစဉ်မှာ ဆွာရက်ဇ်က သွင်းယူပေးခဲ့တာ ဖြစ်ပြီး အသင်း အတွက် အဖိုးတန် ချေပဂိုးလည်း ဖြစ်ခဲ့ပါတယ်။ 

၁၈ ကိုက်စည်း ထိပ်နားမှာ ဆွာရက်ဇ်က အသင်းဖော်ရဲ့ ပေးပို့မှု ကနေ ဘောလုံး ရယူထားနိုင်ခဲ့ပြီးနောက်မှာ outside of the boot ကန်ချက်နဲ့ လှလှပပ ကန်သွင်းယူသွားခဲ့တာပါ။ အဲ့လို နေရာမျိုး ကနေ ကန်သွင်းမယ် ဆိုရင် ကစားသမား အများစုက ပုံမှန် ကန်နေကျ ဟန်ပန် အတိုင်း ဂိုးသမား မကာကွယ်နိုင်တဲ့ ညာဘက်ထောင့်ကို ကန်သွင်းကြတာ ဖြစ်ပါတယ်။ 

ဒါပေမယ့် ဆွာရက်ဇ် ကတော့ လှပတဲ့ ကန်ချက်နဲ့ အတူ ဂိုးသမား ပိတ်ထားတဲ့ ဘယ်ဘက်ထောင့်ကို ကန်ထည့်သွားခဲ့တာပါ။ ဘောလုံးဟာ ဝေ့ဝိုက်ကာ ဝင်သွားခဲ့ပြီး ပြိုင်ဘက် ဂိုးသမားလည်း ဘာမှမတတ်နိုင်ဘဲ ဂိုးပေးခဲ့ရပါတယ်။ ဆွာရက်ဇ် ကိုယ်တိုင်လည်း သူ့ရဲ့ လှပတဲ့ ကန်ချက်ကြောင့် ဂိုးရပြီးနောက်မှာ မာန်အပြည့်နဲ့ အောင်ပွဲခံသွားခဲ့ပါတယ်။ အသက် ၃၆ နှစ် အရွယ် ဆွာရက်ဇ်ဟာ ဂရီမီယို အတွက် စုစုပေါင်း ၂၂ ပွဲ ကစားအပြီးမှာ ၁၃ ဂိုး အထိ သွင်းယူပေးထားပြီး ဖြစ်ပါတယ်။


ယူရိုပါလိဂ်ရဲ့ ဘုရင် ဆိုတဲ့ ဘွဲ့နဲ့ ထိုက်တန်ကြောင်း သက်သေပြနိုင်ခဲ့ပြန်တဲ့ ဆီဗီလာ

စပိန် လာလီဂါ ကလပ် ဆီဗီလာ ကတော့ အီတလီ စီးရီးအေ ကလပ် ဂျူဗင်တပ်စ်ကို အချိန်ပိုမှာ အနိုင်ကစားပြီး ယူရိုပါလိဂ် ဗိုလ်လုပွဲကို တက်ရောက်ခဲ့ပြန်ပါပြီ။
ယူရိုပါလိဂ် ချန်ပီယံဆုကို ၆ ကြိမ် အထိ ကိုင်မြှောက်ထားနိုင်ခဲ့တဲ့ ဆီဗီလာ

စပိန် လာလီဂါ ကလပ် ဆီဗီလာ ကတော့ အီတလီ စီးရီးအေ ကလပ် ဂျူဗင်တပ်စ်ကို အချိန်ပိုမှာ အနိုင်ကစားပြီး ယူရိုပါလိဂ် ဗိုလ်လုပွဲကို တက်ရောက်ခဲ့ပြန်ပါပြီ။ ယူရိုပါလိဂ်မှာ ဆိုရင် ဗိုလ်စွဲအောင် ကစားတတ်လွန်းလို့ ဘုရင်ကြီးဘွဲ့ပါ ရထားတဲ့ ဆီဗီလာဟာ ပထမအကျော့မှာ သရေ ကစားနိုင်ခဲ့ပြီး အိမ်ကွင်း ဒုတိယအကျော့ မှာလည်း နောက်ကနေ လိုက်ကစားပြီး အနိုင်ယူခဲ့တာပါ။ 

ဂျူဗီက ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ဆီဗီလာတို့ ပြန်လည် ချေပနိုင်ခဲ့ပြီး အချိန်ပိုမှာ အနိုင်ဂိုး သွင်းခဲ့တာပါ။ ဒါကြောင့်လည်း ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ကာ ဟိုဆေး မော်ရင်ဟိုရဲ့ ရိုးမားနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ ဆီဗီလာဟာ ယူရိုပါလိဂ်မှာ ဗိုလ်လုပွဲ ရောက်တိုင်း ဗိုလ်စွဲနိုင်တဲ့ အသင်း ဖြစ်ပါတယ်။ 

တဖက်မှာလည်း ဟိုဆေး မော်ရင်ဟိုက ဥရောပ ဗိုလ်လုပွဲကို ရောက်တိုင်း ဖလား ရတဲ့ နည်းပြ ဖြစ်နေလို့ ကျားနဲ့ဆင် လယ်ပြင်မှာ တွေ့တာပါပဲ။ ဆီဗီလာ ကတော့ ဒီရာသီ ဥရောပအဆင့် ပြိုင်ပွဲတွေမှာ ဗိုလ်လုပွဲ တက်တဲ့ တစ်သင်း တည်းသော စပိန် ကလပ် ဖြစ်လာခဲ့လို့ ဂုဏ်ယူစရာ ဖြစ်ခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်