နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကာတာ ကနေ ယူရိုသန်း ၁၀၀ ရပြီး အသက်ရှူချောင်တော့မယ့် ဘာစီလိုနာ (လာလီဂါ သတင်းများ)

ဒီတစ်ခါ မှာတော့ ဇူလိုင်လ ၂၇ ရက်နေ့ အထိ ရရှိထားသမျှ လာလီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ကာတာ ကနေ ယူရိုသန်း ၁၀၀ ရပြီး အသက်ရှူချောင်တော့မယ့် ဘာစီလိုနာ 

ဘာစီလိုနာ အသင်းရဲ့ ဘဏ္ဍာရေး အကြပ်အတည်း ကိုတော့ တစ်ကမ္ဘာလုံးက ပရိသတ်တွေ အားလုံး သိထားကြပြီး လက်ရှိ မှာတော့ ဒီအခြေအနေကို ကောင်းမွန်စေမယ့် ကြီးမားတဲ့ အပြောင်းအလဲ ပြုလုပ်နိုင်တော့မှာ ဖြစ်ပါတယ်။ 

ဖာရန် ကော်ရီးယပ်စ်ရဲ့ ပြောကြားချက်အရ ဘာစီလိုနာ အသင်းဟာ ကာတာ ကနေ ကြီးမားတဲ့ ဘဏ္ဍာရေး အင်အားဖြည့်တင်းမှု လက်ခံရရှိသွားမှာ ဖြစ်ပြီး ယူရိုသန်း ၁၀၀ အထိ ရရှိသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ လာလီဂါက ကာတာ ကနေ ဘာစီလိုနာ အသင်းကို ယူရိုသန်း ၁၀၀ ပေးအပ်မယ့် ကိစ္စကို သဘောတူညီထားပြီး အစောဆုံး အနေနဲ့ ယနေ့မှာပဲ ကြေညာသွားဖွယ် ရှိတယ်လို့ သိရပါတယ်။ 

ဒါကြောင့် ဘာစီလိုနာ အသင်းဟာ ကစားသမားသစ်တွေ ဖြစ်တဲ့ အီကေး ဂန်ဒိုဝမ်၊ အီနီဂို မာတီနက်ဇ်၊ အိုရီယိုလ် ရိုမီအူ တို့လို ကစားသမားသစ်တွေကို မှတ်ပုံတင်နိုင်မှာ ဖြစ်သလို ရော်နယ် အာရူဟိုနဲ့ အသင်းခေါင်းဆောင် ဆာဂျီ ရောဘတ်တို တို့လို ကစားသမားတွေ ကိုလည်း စာချုပ်သစ် ချုပ်ဆိုနိုင်တော့မှာ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ ယခုနွေရာသီမှာ ညာနောက်ခံနဲ့ ကွင်းလယ် ကစားသမားသစ် ခေါ်ယူဖို့ ပစ်မှတ်ထားနေတာကြောင့် ကာတာ ကနေ ယူရိုသန်း ၁၀၀ ရရှိခဲ့မယ် ဆိုရင်တောင်မှ ကစားသမားသစ် ခေါ်ယူမှုတွေ အတွက် အသင်းမှာရှိတဲ့ ကစားသမားအချို့ကို ရောင်းထုတ်ဖို့ လိုအပ်နေဦးမှာ ဖြစ်ပါတယ်။

အမျိုးသမီးကမ္ဘာ့ဖလား 2023
နယူးဇီလန်
ဆွစ်ဇာလန်
1X2 သရေ @ 3.00
ဂိုးအောက် 2.00 @ 1.97
ဂိုးပေါင်း 0-1 @ 2.28
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အယ်လ်ဟီလာလ်ကို ငြင်းပြီး ရီးရဲလ်မက်ဒရစ်ကို ပြောင်းမယ့် အမ်ဘာပေး

ကီလီယန် အမ်ဘာပေးရဲ့ အပြောင်းအရွှေ့ သတင်းဟာ ယခုနွေရာသီရဲ့ လူပြော အများဆုံး သတင်း ဖြစ်နေခဲ့ပြီး အယ်လ်ဟီလာလ်က ပီအက်စ်ဂျီ ကြယ်ပွင့်ကို ယူရိုသန်း ၃၀၀ ကမ္ဘာ့စံချိန်တင်စျေးနဲ့ ကမ်းလှမ်းတဲ့ သတင်းထွက်လာကတည်းက ဘောလုံးလောကမှာ ဂယက်ရိုက်သွားခဲ့တာ ဖြစ်ပါတယ်။ 

အမ်ဘာပေးဟာ ပီအက်စ်ဂျီ အသင်းနဲ့ လာမယ့်နှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး စာချုပ်သစ် ချုပ်ဆိုလိုခြင်း မရှိတာကြောင့် ပြင်သစ်လီဂူးဝမ်း ချန်ပီယံတွေက အလွတ်နဲ့ ထွက်ခွာခွင့် မပေးချင်တဲ့ အတွက် ယခုနွေရာသီမှာ ရောင်းထုတ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ အယ်လ်ဟီလာလ် အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ပေမယ့်လည်း အမ်ဘာပေးက ဆော်ဒီ အာရေဗျ ကလပ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တယ်လို့ ဖက်ဘရီဇီယို ရိုမာနိုက ပြောကြားခဲ့ပါတယ်။ 

အယ်လ်ဟီလာလ်ရဲ့ မက်မောလောက်ဖွယ် ကမ်းလှမ်းမှု ကိုတောင် ငြင်းပယ်ခဲ့တဲ့ အမ်ဘာပေးကြောင့် ရီးရဲလ်မက်ဒရစ်ကို လာမယ့်နွေရာသီမှာ အလွတ်နဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားပြီး ဖြစ်တယ်လို့ ယူဆထားတဲ့ ပီအက်စ်ဂျီရဲ့ သံသယဟာ ပိုမို ခိုင်မာသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ပီအက်စ်ဂျီဟာ လာမယ့် ရက်သတ္တပတ်တွေမှာ ရီးရဲလ်မက်ဒရစ်နဲ့ ဆွေးနွေး ညှိနှိုင်းသွားတော့မလား ဆိုတာကို စောင့်ကြည့်ဖိုသာ ကျန်တော့တာ ဖြစ်ပါတယ်။ လာလီဂါ ကလပ် ကတော့ စင်ပေါ်က အနေအထားနဲ့ အမ်ဘာပေးရဲ့ အခြေအနေကို စောင့်ကြည့်နေတာ ဖြစ်ပါတယ်။ 


မာတီနက်ဇ်ရဲ့ ဆိုးရွားတဲ့ ဖျက်ထုတ်မှု အတွက် ဒေါသထွက်ခဲ့တဲ့ ဘယ်လင်ဟမ်

လီဆန်ဒရို မာတီနက်ဇ်ဟာ ရီးရဲလ်မက်ဒရစ် ကွင်းလယ် ကြယ်ပွင့် ဂျုဒ် ဘယ်လင်ဟမ်ကို ဆိုးရွားတဲ့ ဖျက်ထုတ်မှု ပြုလုပ်ခဲ့ပြီးနောက် နောက်ထပ် ရန်ပွဲ တစ်ပွဲ ဖြစ်ခဲ့ပါတယ်။ 

မန်ချက်စတာယူနိုက်တက် နောက်ခံကစားသမားဟာ ရီးရဲလ်မက်ဒရစ် ကစားသမားသစ်ကို ကြမ်းတမ်းတဲ့ ခြေစုံပစ် ဖျက်ထုတ်မှု ပြုလုပ်ခဲ့ပြီးနောက် အဝါကတ်ပြား ပြသခြင်းခံခဲ့ရတာ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ် ကစားသမားတွေဟာ ဘယ်လင်ဟမ်ကို ကူညီပေးဖို့ လျင်လျင်မြန်မြန်ပဲ ရောက်ရှိလာခဲ့ကြတာ ဖြစ်ပါတယ်။ မာတီနက်ဇ်နဲ့ ရီးရဲလ်မက်ဒရစ် ကစားသမားတွေကြား ရုန်းရင်းဆန်ခတ် အနည်းငယ် ဖြစ်ပွားခဲ့ပြီးနောက် ဒိုင်လူကြီးက အာဂျင်တီးနား နောက်ခံလူကို အဝါကတ်ပြ သတိပေးခဲ့တာ ဖြစ်ပြီး ဘယ်လင်ဟမ်ဟာ ဖျက်ထုတ်ခံရပြီး နောက်ပိုင်း ချက်ချင်း ခုန်ထပြီး ထိပ်တိုက် ရင်ဆိုင်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်က အခြေအနေတွေကို ဝင်ထိန်းသိမ်းခဲ့ရတာ ဖြစ်ပါတယ်။ 

မန်ချက်စတာယူနိုက်တက် နောက်ခံလူဟာ ပြီးခဲ့တဲ့ အပတ်က အာဆင်နယ်ကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ် မှာလည်း ဘူကာယို ဆာကာကို အလားတူ ဖျက်ထုတ်မှုမျိုး ပြုလုပ်ခဲ့တဲ့ အတွက် နှစ်ဖက်အသင်း ကစားသမားတွေ အကြား အချင်းများမှုတွေ ဖြစ်ပွားခဲ့သေးတာပါ။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်