နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အမ်ဘာပေး ခြေစွမ်းပြနိုင်ရေး အတွက် အားလုံး ဝိုင်းဝန်း ကြိုးပမ်းနေကြတယ်လို့ ဆိုလိုက်တဲ့ အန်ဆယ်လော့တီ | လာလီဂါ

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် နည်းပြ ကာလို အန်ဆယ်လော့တီ ကတော့ အသင်းရဲ့ တိုက်စစ်မှူး ကီလီယန် အမ်ဘာပေး ခြေစွမ်းပြနိုင်ရေး အတွက် အားလုံး ဝိုင်းဝန်း ကြိုးပမ်းနေကြတယ်လို့ ဖွင့်ဟလာခဲ့ပါတယ်။

ကာလို အန်ဆယ်လော့တီက “အမ်ဘာပေးရဲ့ ပြဿနာက ကစားသမား တစ်ယောက်တည်းရဲ့ ပြဿနာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အားလုံးရဲ့ ပြဿနာ ဖြစ်ပါတယ်။ အမ်ဘာပေး ခြေစွမ်းပြနိုင်အောင် ကျွန်တော်တို့ အားလုံး ကြိုးပမ်းနေကြပါတယ်။ လစ်ဗာပူးလ်နဲ့ ပွဲကြောင့် သူ အခုလို အပြောခံနေရတာပါ။ ပယ်နယ်တီ လွဲချော်ဖူးတဲ့ ကစားသမားတွေ အများကြီး ရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့ အမ်ဘာပေးကို ဆက်လက် အားပေးသွားမှာ ဖြစ်ပြီးတော့ သူခြေစွမ်းပြနိုင်အောင်လည်း ကူညီပေးသွားမှာ ဖြစ်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး ကီလီယန် အမ်ဘာပေးဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ကမှ ပီအက်စ်ဂျီ ကနေ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အမ်ဘာပေးက ရီးရဲလ်မက်ဒရစ်ကို ရောက်ရှိချိန် ကတည်းက မျှော်လင့်ထားသလောက် ခြေစွမ်းပြသနိုင်ခြင်း မရှိတာကြောင့် ဝေဖန် လှောင်ပြောင်မှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

အမ်ဘာပေးဟာ လာလီဂါ မှာတော့ ၁၃ ပွဲ ကစားပြီး ၈ ဂိုးသွင်းကာ ၁ ဂိုး ဖန်တီးထားပါတယ်။
အမ်ဘာပေးရဲ့ ပြဿနာက အားလုံးရဲ့ ပြသနာပဲလို့ ဆိုလိုက်တဲ့ အန်ဆယ်လော့တီ

ဒါ့အပြင် လစ်ဗာပူးလ်ကို ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ပယ်နယ်တီ လွဲချော်ခဲ့တာကြောင့် အမ်ဘာပေး အနေနဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ထပ်မံ ရင်ဆိုင်နေရတာ ဖြစ်သည်။ ဒါပေမယ့်လည်း အမ်ဘာပေးဟာ ရီးရဲလ်မက်ဒရစ်ကို ရောက်ရှိချိန် ကတည်း ပြိုင်ပွဲစုံ ၁၉ ပွဲ ပါဝင်ကစားထားပြီးတော့ ၁၀ ဂိုး သွင်းယူထားနိုင်ပါတယ်။ အမ်ဘာပေးဟာ လာလီဂါ မှာတော့ ၁၃ ပွဲ ကစားပြီး ၈ ဂိုးသွင်းကာ ၁ ဂိုးဖန်တီးထားပါတယ်။ ဒါဟာ အချက်အလက်အရ ဆိုရင်တော့ မဆိုးလှတဲ့ အခြေအနေ တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြင်သစ်သား အနေနဲ့ ပွဲစဉ် အတွင်းမှာ ရရှိတဲ့ အပိုင်အခွင့်အရေးတွေကို မကြာခဏ ဆိုသလို ဖြုန်းတီးပစ်နေမှုနဲ့ ပီအက်စ်ဂျီ မှာတုန်းကလောက် ခြေစွမ်းမပြနိုင်တာကြောင့် အခုလိုပဲ ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။

အန်ဆယ်လော့တီ ကတော့ သူ့ရဲ့ ကစားသမားသစ် ဖြစ်တဲ့ အမ်ဘာပေးကို အရင်ကလည်း ကာကွယ် ပြောဆိုထားခဲ့ဖူးသူပါ။ အဲဒီအချိန်တုန်းက အန်ဆယ်လော့တီဟာ “အမ်ဘာပေးမှာ ဘာ အတ္တတွေ ဘာ တစ်ကိုယ်ကောင်းဆန်မှုတွေမှ ရှိမနေပါဘူး။ ဒီအသင်းကို ရောက်လာကတည်းက အသင်းမှာ ချက်ချင်း ဆိုသလိုပဲ လျင်လျင်မြန်မြန်နဲ့ အထိုင်ကျ အသားကျသွားခဲ့သူပါ။ အသင်းဖော်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တစ်ခုကို ထူထောင်ထားနိုင်ပါတယ်။ အမ်ဘာပေးက ဒီအသင်းကို ကောင်းမွန်တဲ့ စိတ်နေ စိတ်ထားတွေ၊ ကောင်းမွန်တဲ့ ခံယူချက်တွေနဲ့ ရောက်လာခဲ့တာပါ။” လို့ ဖြေရှင်း ပြောဆိုသွားခဲ့ပါတယ်။ အမ်ဘာပေးဟာ ပီအက်စ်ဂျီမှာ ကစားခဲ့စဉ်က အသင်း အတွင်း လုပ်ပိုင်ခွင့်နဲ့ အာဏာတွေ အတော်လေးရရှိထားသူ အဖြစ် သတင်းတွေ ထွက်ခဲ့သလို အတ္တကြီးသူ၊ တစ်ကိုယ်ကောင်းဆန်သူ ဆိုပြီးတော့လည်း သတင်း တွေ ထွက်ပေါ်ခဲ့ပါသေးတယ်။

လက်ရှိမှာ လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်က စပိန်လိဂ်မှာတော့ ရလဒ်တွေ ပြန်လည် ကောင်းမွန်နေကာ အမှတ်ပေးဇယား ထိပ်က ဘာစီလိုနာရဲ့ ခြေချော်မှုတွေ ကိုလည်း အခွင့်ကောင်းယူထားနိုင်တာ တွေ့ရပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဘာစီလိုနာကို တစ်ပွဲလျော့ တစ်မှတ် အကွာနဲ့ ဆက်လက် ဖိအားပေးနေပြီး ချန်ပီယံလိဂ် မှာတော့ လိဂ်အဆင့် အမှတ်ပေးဇယား အဆင့် ၂၄ နေရာမှာ ရောက်နေပြီး ရုန်းကန်နေရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်