နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရီးရဲလ်မက်ဒရစ်နဲ့ ကစားရမှာမို့ ကျေနပ်နေတဲ့ အယ်လ်အာလီ ကစားသမား၊ ယူနိုက်တက်ကို ဘယ်တော့ ရောက်မလဲ အဖြေပေးလိုက်တဲ့ ဒီယောင်ရဲ့ ချစ်သူ (လာလီဂါ နောက်ဆုံးရ သတင်းများ)

ရီးရဲလ်မက်ဒရစ်နဲ့ ကစားရမှာမို့ ကျေနပ်နေတဲ့ အယ်လ်အာလီ ကစားသမား၊ ယူနိုက်တက်ကို ဘယ်တော့ ရောက်မလဲ အဖြေပေးလိုက်တဲ့ ဒီယောင်ရဲ့ ချစ်သူ စတာတွေ အပါအဝင် ဖေဖော်ဝါရီလ ၇ ရက်နေ့ မနက်ခင်း အထိ ရရှိထားတဲ့ လာလီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ရီးရဲလ်မက်ဒရစ်နဲ့ ကစားရမှာမို့ ကျေနပ်နေတဲ့ အယ်လ်အာလီ ကစားသမား

အီဂျစ် ကလပ် အယ်လ်အာလီရဲ့ မာလီ ကွင်းလယ်လူ အလီအူဒီယင်းက ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ စပိန် လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရမယ့် အပေါ်မှာ ပျော်ရွှင်နေပါတယ်။ ကလပ် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲ အဖြစ် ကစားရမှာ ဖြစ်ပြီး ရီးရဲလ် ကတော့ ချန်ပီယံလိဂ် ချန်ပီယံ အဖြစ် ဆီမီးအဆင့် ကနေ စတင်ကစားရတာ ဖြစ်ပါတယ်။ 

“ ကျနော် အရမ်း ပျော်ရွှင်နေပါတယ်၊ ဆီမီးဖိုင်နယ် ကိုလည်း နောက် တစ်ကြိမ် တက်ရောက်နိုင်ခဲ့တာ ဖြစ်ပြီး ဥရောပ ချန်ပီယံ ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရမှာမို့ ပျော်ရွှင်နေပါတယ်၊ သူတို့နဲ့ ကစားရတာ အိပ်မက်တွေ တကယ် ဖြစ်လာခဲ့တာပါ” လို့ သူက ပြောဆိုခဲ့ပါတယ်။ အယ်လ်အာလီဟာ မေဂျာလိဂ် ကလပ် ဆီယက်တဲလ် ဆောင်းဒါးစ်ကို အနိုင်ယူပြီး ဒီအဆင့်ကို ရောက်လာခဲ့တာပါ။ 

ရီးရဲလ် ကတော့ ကလပ် ကမ္ဘာ့ဖလား ချန်ပီယံ အဖြစ် အကြိမ် ပေါင်းများစွာ အောင်ပွဲခံခဲ့ဖူးတဲ့ အသင်း ဖြစ်ပါတယ်။ ဒီတကြိမ် မှာလည်း ဗိုလ်စွဲဖို့ ရေပန်းစားနေပေမယ့် လက်ရှိမှာတော့ ခြေစွမ်းပိုင်း ကျဆင်းနေပြီး ဂိုးသမား သီဘို ကော်တွိုက်စ်က ဒဏ်ရာကြောင့် အသင်းနဲ့ အတူ မော်ရိုကို, ကို လိုက်ပါမသွားနိုင်ခဲ့ဘူးလို့လည်း သိရပါတယ်။ 


ယူနိုက်တက်ကို ဘယ်တော့ ရောက်မလဲ အဖြေပေးလိုက်တဲ့ ဒီယောင်ရဲ့ ချစ်သူ

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ မန်ချက်စတာယူနိုက်တက်နဲ့ သတင်းတွေ ကျယ်ကျယ်ပြန့် ပြန့်ထွက်ခဲ့တဲ့ ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီ ဒီယောင် အနေနဲ့ ယူနိုက်တက်ကို ဘယ်တော့ ရောက်လာမလဲ ဆိုတာ သူ့ရဲ့ ချစ်သူက ပြောဆိုလိုက်ပါတယ်။ ဒီယောင်နဲ့ စေ့စပ်ထားတဲ့ မီကီကီမီနေးက သူမရဲ့ အင်စတာဂရမ် ကနေ ပြောဆိုခဲ့တာပါ။ 

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
ပဲရစ် စိန့် ဂျာမိန်း
ဘိုင်ယန်မြူးနစ်
1X2 သရေ (Draw) @ 3.60
ဂိုးပေါ် 3.25 @ 1.95
ဂိုးပေါင်း 2-3 @ 2.16
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

သူမက အင်စတာဂရမ် စတိုရီမှာ ဒီနေ့အတွက် သူမကို နှစ်သက်ရာ မေးခွန်းမေးဖို့ အတွက် ပြောဆိုခဲ့ချိန်မှာ ပရိသတ် တစ်ဦးက ဒီယောင် ယူနိုက်တက်ကို ဘယ်တော့ ရောက်မှာလဲလို့ မေးခဲ့တာပါ။ ဒီမေးခွန်း ကိုတော့ သူမက ပြန်လည် ဖြေဆိုခဲ့ရာမှာ အိုးထရက်ဖို့ဒ်မှာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ကစားရမယ့် ယူနိုက်တက်နဲ့ ဘာစီလိုနာ ပွဲကျရင် ရောက်လိမ့်မယ်လို့ နောက်ပြောင် ဖြေဆိုသွားခဲ့တာပါ။ 

ဒီနှစ်သင်းဟာ ယူရိုပါလိဂ် ရှုံးထွက်အဆင့် အဖြစ် ကစားရမှာ ဖြစ်ပြီး အိုးထရက်ဖို့ဒ်မှာ ကစားမယ့် ပွဲကျရင် ဒီယောင်က ဘာစီလိုနာနဲ့အတူ လိုက်ပါ သွားမယ့်အပေါ်မှာ သူမက ရည်ရွယ်ပြီး နောက်ပြောင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက်အ တွက် ဒီယောင်ကို အလိုရှိနေတဲ့ ပရိသတ် အတွက်တော့ သူသိချင်တဲ့ အဖြေသိခဲ့ရပေမယ့် အနည်းငယ်တော့ အမ်းတမ်းတမ်း ဖြစ်သွားခဲ့မှာ သေချာပါတယ်။ 


အောင်ပွဲခံခဲ့မှုအတွက် ဆီဗီလာပရိသတ်တွေကို ကွန်ဒေးတောင်းပန်

ဘာစီလိုနာက ဆီဗီလာကို အနိုင်ရရှိခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ အသင်း နိုင်ပွဲ အတွက် အောင်ပွဲခံခဲ့တဲ့ အပေါ်မှာ သူ့ကို နားလည်ပေးဖို့ ဘာဆာ နောက်ခံလူ ဂျူးလ်စ် ကွန်ဒေးက အသင်းဟောင်း ဆီဗီလာ ပရိသတ်တွေကို တောင်းပန်လိုက်ပါတယ်။ ကွန်ဒေးဟာ ဒီရာသီမှာ ဆီဗီလာက ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ 

ဆီဗီလာမှာ ၃ နှစ်ကြာ ကစားခဲ့ပြိး ခြေစွမ်းပြနိုင်ခဲ့တဲ့ ပြင်သစ် နောက်ခံလူဟာ ဘာစီလိုနာ မှာလည်း ခြေစွမ်းပြ ကစားနေတာဖြစ်ပါတယ်။ ဒါပေမယ့် အသင်းဟောင်းနဲ့ ပွဲမှာတော့ သူက ဘာစီလိုနာ ဂိုးသွင်းပြီးတိုင်း အသင်းဖော်တွေနဲ့ အတူ အောင်ပွဲခံခဲ့တာကြောင့် ဆီဗီလာ ပရိသတ်တွေရဲ့ မုန်းတီးခြင်းကို ရင်ဆိုင်ခဲ့ရပါတယ်။ 

ကွန်ဒေးက “ အနီနဲ့ အဖြူရောင် ဂျာစီကို ဝတ်ဆင်ခွင့်ရခဲ့တဲ့ အတွက် ကျနော် အမြဲတမ်း ဂုဏ်ယူနေခဲ့တာပါ၊ အသင်းမှာ ကစားခဲ့တဲ့ အချိန်မှာလည်း အားလုံးရဲ့ ချစ်ခြင်းမေတ္တာကို ရခဲ့ပါတယ်၊ ဒါကြောင့် ဂိုးသွင်းပြီး အောင်ပွဲခံခဲ့တဲ့ အပေါ်မှာ တောင်းပန်ချင်ပါတယ်၊ ဆီဗီလာကို အကောင်းဆုံး ဖြစ်ပါစေလို့ ကျနော် အမြဲ ဆုတောင်းပေးပါတယ်” လို့ တွစ်တာက တဆင့် တောင်းပန်စကား ဆိုခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်