နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၇ နှစ်ကြာ ဝေးကွာနေတဲ့ အမှတ်ပေးချန်ပီယံဆုနဲ့ လက်တစ်ကမ်းအကွာကို ရောက်လာတဲ့ အက်တလက်တီကို – လာလီဂါ ပွဲကြိုသုံးသပ်ချက်

အက်တလက်တီကို မက်ဒရစ် ၂ – ၁ ရီးရဲဆိုစီဒက်

ယနေ့မနက် မြန်မာစံတော်ချိန် ၂ နာရီခွဲမှာ ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာတော့ အက်တလက်တီကိုမက်ဒရစ်တို့ ကာရက်စ်ကို၊ ကော်ရီယာတို့ရဲ့ ပထမပိုင်း သွင်းဂိုးတွေနဲ့အတူ ဆိုစီဒက်ကို ၂-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲဟာ အက်တလက်တီကို မက်ဒရစ်တို့ ကစားရမယ့် လက်ကျန် ပွဲစဉ်တွေထဲမှာ ပွဲအကြပ်ဆုံး ဖြစ်ပေမယ့် ဒီယေဂို ဆီမြွန်နီရဲ့ အသင်းက အကောင်းဆုံး ကျော်ဖြတ်နိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ် နောက်ပိုင်း လာလီဂါ ချန်ပီယံဆုကို ပြန်လည် သိမ်းပိုင်နိုင်ဖို့ နီးစပ်လာခဲ့ပြီလို့ ဆိုရမှာဖြစ်ပါတယ်။

ဒီနေ့ပွဲဟာ အက်တလက်တီကို မက်ဒရစ်ရဲ့ လာလီဂါ ချန်ပီယံ မျှော်လင့်ချက်အတွက် အရေးအကြီးဆုံး ပွဲဖြစ်လို့ သောမက်စ်လီမာ ကလွဲလို့ အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ ကော်ရီယာနဲ့ ဆွာရက်ဇ်ကို အထောင်ထားပြီး ကွင်းလယ်မှာ ကိုကီ၊ ဆာအူးလ်နီဂွက်ဇ်၊ မားကို့စ်ယော်ယန်းတေး၊ ကာရက်စ်ကို၊ နောက်တန်း မှာ ထရစ်ပီယာ၊ ဆာဗစ်၊ ဖီလစ်ပီ၊ ဟာမိုဆို၊ ဂိုးမှာတော့ ယန်အိုဘလက်ခ် တို့ပါဝင်လာပါတယ်။ ရီးရဲဆိုစီဒက် ဘက်မှာလည်း အိုက်ဆက်ခ်၊ ပေါ်တု၊ အိုယာဇာဘယ်၊ မွန်ရီရယ်၊ ဇူဘီမန်ဒီ တို့လို ကစားသမားကောင်းတွေ ပါဝင်လာပါတယ်။ ပွဲအစပိုင်းမှာ ကတည်းက အက်တလက်တီကို မက်ဒရစ်တို့ ယော်ယန်းတေး၊ ကာရက်စ်ကိုတို့ရဲ့ တောင်ပံတစ်လျောက် ထိုးဖောက်မှုတွေနဲ့ ဦးဆောင်ဂိုး စောစောစီးစီး ရရှိဖို့ အတွက် ကြိုပမ်းခဲ့တာ တွေ့ရပြီး ပွဲချိန် ၁၆ မိနစ် မှာတော့ ဦးဆောင်ဂိုး စတင်ရရှိသွားခဲ့ပါတယ်။ ဒီဂိုးကိုတော့ မားကို့စ် ယော်ယန်းတေးရဲ့ ကွင်းလယ်က ကန်တင်ပေးပို့တဲ့ ဘောလုံးကို ကာရက်စ်ကိုက တစ်ချက်ထိန်းပြီး ဂိုးသမား ရီမီယိုရဲ့ ခြေထောက်ကြားကနေ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် အက်တလက်တီကို တို့ပဲ တိုက်စစ်ပုံစံကောင်းတစ်ခုနဲ့ ဆိုစီဒက် နောက်တန်းကို အကြိမ်ကြိမ် ထိုးဖောက်နိုင်ခဲ့ပြီး ၂၈ မိနစ်မှာတော့ ဒုတိယဦးဆောင်ဂိုး ရရှိသွားခဲ့ပါတယ်။ ဆိုစီဒက်စ် နောက်ခံလူတွေ လိုက်လံ တားဆီးနေတဲ့ ကြားက လူးဝစ်ဆွာရက်ဇ် မျှောပေးလိုက်တဲ့ ဘောလုံးကို တိုက်စစ်မှူး ကော်ရီယာက အမှားအယွင်းမရှိ အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက်မှာတော့ အက်တလက်တီကို တိုက်စစ်က လူးဝစ် ဆွာရက်ဇ်ရဲ့ ထိုးဖောက်မှု ၂ ကြိမ်လောက် ဂိုးရဖို့ အထိ နီးစပ်ခဲ့ပေမယ့် ဆိုစီဒက်တို့ပဲ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ အိမ်ရှင်အသင်း ဘက်ကို လက်ကျန်မိနစ်တွေမှာ ပွဲချိန်ပြည့် ပြန်လည် ခြိမ်းခြောက် သွားခဲ့တာ တွေ့ရပါတယ်။ အိုင်ဇက်ခ်၊ အိုရာဇာဘယ်၊ ပေါ်တု တို့ရဲ့ ကန်ချက်တွေ ကောင်းခဲ့ပေမယ့် ယန်အိုဘလက်ခ်ရဲ့ ကာကွယ်မှု တချို့ကြောင့်လည်း ဆိုစီဒက်တို့ ဂိုးပေါက်ပျောက်နေခဲ့ရတာ ဖြစ်ပါတယ်။ ၈၃ မိနစ် အရောက်မှာတော့ အီဂေါ ဇူဘယ်ဒီယာက ဆိုစီဒက်အတွက် တစ်လုံးတည်းသော ချေပဂိုးကို သွင်းယူပေးခဲ့လို့ ၂-၁ ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

ရီးရဲဆိုစီဒက် ကလည်း ဗယ်လာဒိုးလစ်၊ အိုဆာဆူနာတို့နဲ့ ကစားဖို့ ကျန်နေပြီး လက်ရှိ လာလီဂါ အမှတ်ပေးဇယား အဆင့် ၅ နေရာမှ ရပ်တည်နေတာကြောင့် ယူရိုပါလိဂ် ဝင်ခွင့်ရဖို့ အခြေအနေ ကောင်းနေခဲ့ပါတယ်။
နောက်ဆုံး ကစားခဲ့တဲ့ လာလီဂါ ၅ ပွဲမှာ ၃ ပွဲနိုင်ပြီး ၂ ပွဲသရေကျခဲ့တဲ့ ရီးရဲဆိုစီဒက်

 

ပွဲပြီးသုံးသပ်ချက်

အက်တလက်တီကို မက်ဒရစ်တို့ အစောပိုင်း ပွဲချိန်တွေမှာ ဆိုစီဒက် ဘက်ကို လျင်လျင်မြန်မြန် ထိုးဖောက် တိုက်စစ်ဆင်နိုင်ခဲ့ပြီး သွင်းဂိုးတွေ စောစောစီးစီး ယူထားနိုင်ခဲ့တာက ကံကောင်းသွားခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ပွဲချိန် တော်တော်များများ ဆိုစီဒက်တို့ ပြိုင်ဘက်ကို အကောင်းဆုံးပုံစံနဲ့ ရင်ဆိုင်နိုင်ခဲ့ပြီး အက်တလက်တီကိုတို့ ချေပဂိုးတွေ အပြင် အနိုင်ဂိုးတွေပါ ပြန်ပေးရနိုင်လောက်တဲ့ အထိ ရုန်းကန်ခဲ့ရတာ တွေ့ရပါတယ်။ ဒါပေမယ့် နောက်တန်းနဲ့ ဂိုးသမား ယန်အိုဘလက်ခ် တို့ရဲ့ လက်စွမ်းပြမှုတွေနဲ့ အကောင်းဆုံး ပိတ်ဆို့ ကာကွယ်မှုတွေကြောင့်  အက်တလက်တီကိုမက်ဒရစ်  တို့ အဖိုးတန် အနိုင် ၃ မှတ်ရရှိပြီး လာလီဂါ ချန်ပီယံလုပွဲမှာ ထိပ်ဆုံးက ဆက်လက် ဦးဆောင်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ကျန်ပွဲစဉ် ၂ ပွဲဖြစ်တဲ့ အိုဆာဆူနာနဲ့ ရီးရဲယ်ဗယ်လာဒိုးလစ်တို့နဲ့ ပွဲတွေမှာ အနိုင်ရမှပဲ ချန်ပီယံဆုကို ကိုင်မြှောက်နိုင်ဖို့ သေချာသွားမှာ ဖြစ်ပါတယ်။ ရီးရဲဆိုစီဒက် ကလည်း ဗယ်လာဒိုးလစ်၊ အိုဆာဆူနာတို့နဲ့ ကစားဖို့ ကျန်နေပြီး လက်ရှိ လာလီဂါ အမှတ်ပေးဇယား အဆင့် ၅ နေရာမှ ရပ်တည်နေတာကြောင့် ယူရိုပါလိဂ် ဝင်ခွင့်ရဖို့ အခြေအနေ ကောင်းနေခဲ့ပါတယ်။
 

လာမယ့်ပွဲစဉ်များ

အက်တလက်တီကို မက်ဒရစ်တို့ လာမယ့် မေလ ၁၆ ရက်နေ့မှာ အိုဆာဆူနာနဲ့ ကစားဖို့ ရှိပြီး ဆိုစီဒက် ကတော့ ဗယ်လာဒိုးလစ်နဲ့ ကစားဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်