နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆမ်ဒိုးရီးယားကို ၃ဂိုးပြတ်အနိုင်ယူပြီး စီးရီးအေအဖွင့်လှခဲ့တဲ့ ဂျူဗင်တပ်စ်

ဂျူဗင်တပ်စ် ၃ – ၀ ဆမ်ဒိုးရီးယား

အခုတစ်ပတ်မှာ စတင်ကစားခဲ့တဲ့ စီးရီးအေ အဖွင့်ပွဲစဉ်မှာတော့ ၉နှစ်ဆက်လက်ရှိချန်ပီယံ ဂျူဗင်တပ်စ်အသင်းဟာ ဆမ်ဒိုးရီးယားအသင်းကို ၃ဂိုးပြတ်နဲ့ အနိုင်ရပြီး အဖွင့်လှပခဲ့ပါတယ်။ ဂျူဗင်တပ်စ်တို့ အိမ်ကွင်း အလိုင်းရန့်ဇ်မှာ သက်တောင့်သက်သာကစားပြီး ဂိုးပြတ်နိုင်ပွဲရခဲ့တာကြောင့် နည်းပြသစ်ပီယာလိုကိုလည်း ပွဲဦးထွက် ဖိအားလုံးဝကင်းစေခဲ့ပါတယ်။
 

ပွဲမှတ်တမ်း နဲ့  အချက်အလက်များ

နည်းပြပီယာလိုအနေနဲ့ ၃-၅-၂ ကစားကွက်နဲ့ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ ရော်နယ်ဒိုနဲ့အတူူ ဒီရာသီအတွက် ပါးမားကနေ ပြန်ခေါ်ထားတဲ့ ဒီဂျန်ကူလက်ဗ်စကီးကို တွဲဖက်ကစားစေခဲ့ပါတယ်။ ကွင်းလယ်မှာတော့ ရမ်ဆေး၊ ရှော်ကီက အသစ်ခေါ်ယူထားတဲ့ မက်ကင်နီ၊ ရာဘီရု့၊ ကွာဒွာဒို နဲ့ ဖရာဘိုတာတို့ကို ထားပြီး နောက်တန်းမှာတော့ ဘိုနူချီ၊ ဒန်နီလို နဲ့ ချီလီနီတို့ ၃ ဦးကို ပွဲထွက်ကစားစေခဲ့ပါတယ်။ ဆမ်ဒိုးရီးယားကတော့ ဂျူဗင်တပ်စ်ကိုရင်ဆိုင်ဖို့ တိုက်စစ်မှာ ဘိုနက်ဇ်ဇိုလီ တစ်ဦးတည်းကို အထောင်ထားပြီး ၄-၅-၁ ကစားပုံနဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဂျူဗင်တပ်စ်တို့ အသင်းကြီးပီပီ ပွဲစတယ်ဆိုတာနဲ့ ဆမ်ဒိုးရီးယားဘက်ကို တစ်ဖက်သတ်ဖိအားပေးကစားခဲ့တာကြောင့် ပွဲချိန် ၁၂ မိနစ်မှာတင် အဖွင့်ဂိုးရခဲ့ပါတယ်။ အသက် ၂၀ အရွယ်သာရှိသေးတဲ့ တိုက်စစ်မှူး ကူလက်ဗ်စကီးက ဘယ်ဘက်ဂိုးဧရိယာထိပ်ကနေ လှလှပပ ကန်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အဲ့နောက်မှာတော့ ဂျူဗင်တပ်စ်တို့ ဖိအားပေးကစားခဲ့ပေမယ့် ရော်နယ်ဒိုရဲ့ကန်ချက်တွေ လွဲချော်နေလို့ ဂိုးထပ်မရပဲရှိနေခဲ့ပါတယ်။ ဒုတိယပိုင်း ၇၈ မိနစ်အရောက်မှာတော့ နောက်ခံလူ လီယိုနာဒို ဘိုနူချီက ဒုတိယဂိုးသွင်းပေးခဲ့ပါတယ်။ ပွဲပြီးခါနီး ၈၈မိနစ်အရောက်မှာတော့ အာရွမ်ရမ်ဆေးရဲ့ ဖန်တီးပေးမှုကို ပွဲစဉ်တစ်လျှောက် ဂိုးကံခေနေတဲ့ စီရော်နယ်ဒိုကအကောင်းဆုံးအဆုံးသတ်ပြီး တတိယဂိုးရယူပေးခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

ဂျူဗင်တပ်စ်တို့ လာမယ့် စက်တင်ဘာလ ၂၈ရက်နေ့မှာ စီးရီးအေမှာပွဲစဉ်အဖြစ် ရိုးမား နဲ့ ဆက်လက်ကစားရမှာ ဖြစ်ပြီး
စီးရီးအေသွင်းဂိုး ၅၃ဂိုးအထိရှိလာခဲ့တဲ့ စီရော်နယ်ဒို

ပွဲစဉ်ကိုပြန်ပြီးသုံးသပ်ရမယ်ဆိုရင်တော့ ပီယာလိုရဲ့ ဂျူဗင်တပ်စ်တို့ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးပုံစံနဲ့ ကစားသွားနိုင်ပြီး ၁၀ကြိမ်ဆက် စီးရီးအေချန်ပီယံဆုကိုရယူဖို့ စိတ်အားထက်သန်နေပုံပေါ်ပါတယ်။ နည်းပြဟောင်း ဆာရီလက်ထက်မှာ ကစားကွက်နဲ့ အံမဝင်ခဲ့တဲ့ စီရော်နယ်ဒိုအနေနဲ့ ပီယာလိုနဲ့ လက်တွဲပြီး ဆုဖလားအောင်မြင်မှုတွေ ရဖို့ ကြိုးစားနေတဲ့ ပုံရိပ်တွေကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ ဂျူဗင်တပ်စ်တို့ ကစားသစ်တွေ ထပ်မံခေါ်ယူဖို့ ကြိုးပမ်းနေတာကြောင့် မကြာခင်မှာ ပိုပြီး တောင့်တင်းတဲ့ အသင်းတစ်သင်းအဖြစ် တွေ့မြင်ရဖွယ်ရှိနေပါတယ်။ နည်းပြရာနီယေးရီရဲ့ ဆမ်ဒိုးရီးယားအသင်းကတော့ ဂျူဗင်တပ်စ်ဘက်ကို ထိရောက်တဲ့ ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်တာကိုမတွေ့ခဲ့ရပဲ တစ်သင်းလုံး ပုံမှန်ခြေစွမ်းလောက်ပဲရှိခဲ့တာကိုတွေ့ရပါတယ်။

 

လာမယ့်ပွဲစဉ်များ

ဂျူဗင်တပ်စ်တို့ လာမယ့် စက်တင်ဘာလ ၂၈ရက်နေ့မှာ စီးရီးအေမှာပွဲစဉ်အဖြစ် ရိုးမား နဲ့ ဆက်လက်ကစားရမှာ ဖြစ်ပြီး အဲ့နောက်မှာတော့ နာပိုလီနဲ့ ကစားရမှာဖြစ်လို့ ပွဲစဉ်တွေသိပ်တော့မချောင်တာတွေ့ရပါတယ်။ ဂျူဗင်တပ်စ်လိုပဲ ဆမ်ဒိုးရီးယားတို့ဟာလည်း လာမယ့်ပွဲစဉ်မှာ ဘန်နီဗန်တိုနဲ့ ကစားပြီးရင် ဖီအိုရင်တီးနား၊ လာဇီယို၊ အတ္တလန်တာ၊ ဂျီနိုအာတို့နဲ့ ဆက်တိုက်ကစားရမှာ ဖြစ်လို့ ပွဲကြပ်တွေဆက်တိုက်ရင်ဆိုင်ရဖို့ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်