နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချန်ပီယံလိဂ် ကန်ချင်နေတဲ့ ဒေါ့မန် အတွက် ဆန်ချို ရှာပေးတဲ့ နိုင်ပွဲ – ဘွန်ဒက်စ်လီဂါ ပွဲပြီးသုံးသပ်ချက်

ဒေါ့မန် ၃ – ၂ လိုက်ပ်ဇစ်

မနေ့က ကစားခဲ့တဲ့ အခုတစ်ပတ် ဘွန်ဒက်စ်လီဂါရဲ့ အကောင်းဆုံး ပွဲစဉ် တစ်ပွဲမှာတော့ ဒေါ့မန်တို့ ဂျေဒန် ဆန်ချိုရဲ့ ခြေစွမ်းပြမှုနဲ့အတူ လိုက်ပ်ဇစ်ကို ၃-၂ နဲ့ အနိုင်ရသွားပါတယ်။ ဒီနေ့ပွဲမှာ တိုက်စစ်က အားထားရတဲ့ ဟာလန်း ကြွက်သားဒဏ်ရာကြောင့် ပါဝင်လာခြင်း မရှိပေမယ့် ဂျေဒန် ဆန်ချို၊ မာကိုရိုက်စ်၊ ဂွာရဲရိုးတို့ရဲ့ ခြေစွမ်းပြမှုနဲ့ အတူ လိုက်ပ်ဇစ်ကို အပြန်အလှန် ဂိုးတွေသွင်းပြီး အဖိုးတန် နိုင်ပွဲတစ်ပွဲ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ အီဒင်တာဇစ်ရဲ့ အသင်းက ၄-၅-၁ ကစားကွက်နဲ့ ပွဲထွက်လာပြီး ဟာလန်း နေရာမှာ သော်ဂန်ဟာဇက်ကို ပွဲထွက်စေခဲ့ပြီး ကွင်းလယ်မှာတော့ မာကိုရိုက်စ်၊ ချန်၊ ဒါဟွတ်ဒ်၊ ရေနာ၊ ဂျေဒန်ဆန်ချို၊ နောက်တန်းမှာ ပီဆက်ဇက်ခ်၊ အာကန်ဂျီ၊ ဟမ်းမဲလ်စ်၊ ဂွာရဲရိုး၊ ဂိုးမှာတော့ ဟစ်ဇ် တို့ ပါဝင်လာပါတယ်။ လိုက်ပ်ဇစ် ကတော့ တိုက်စစ်မှာ ဟွမ်ဟီချန်၊ အော်လမို၊ ဖော့စ်ဘတ် တို့ကိုထားပြီး ကွင်းလယ်မှာ ဆဘစ်ဇာ၊ အိန်ဂျဲလ်လီနို၊ ကမ့်ပဲလ်၊ ဟန်းရစ်ချ်၊ နောက်တန်း မှာတော့ ကလော့စတာမန်၊ အူပါမီကာနို၊ အော်ဘန်၊ ဂိုးမှာတော့ ဂူလက်ဆီ တို့နဲ့ ပွဲထွက်လာပါတယ်။ ဒီနေ့ပွဲမှာ နှစ်သင်းစလုံး တိုက်စစ် အသားပေး ကစားပုံနဲ့ ပွဲထွက်လာခဲ့လို့ တော်တော်လေး ကြည့်ကောင်းခဲ့ပြီး တကယ်တမ်း လိုက်ပ်ဇစ် ကတောင် ခြေနည်းနည်းပိုသာခဲ့ပါတယ်။ ပွဲချိန် ၇ မိနစ်မှာတော့ အိမ်ရှင် ဒေါ့မန်တို့ ဦးဆောင်ဂိုး ရခဲ့ပြီး သော်ဂန်ဟာဇက် ထိုးပေးတဲ့ ဘောလုံးကို မာကိုရိုက်စ်က တစ်ကိုယ်တော် ဆွဲပြေးပြီး ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက်မှာတော့ လိုက်ပ်ဇစ်တို့ ချေပဂိုးရဖို့ တိုက်စစ်မြှင့်လာခဲ့ပေမယ့် ဒေါ့မန်‌ နောက်တန်းရဲ့ ပိတ်ဆို့တားဆီးမှုတွေကြောင့် ဂိုးရဖို့ ခက်ခဲခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲစချိန် မှာတော့ ဒေါ့မန် ဂိုးသမား ဟစ်ဇ် ဒူးဒဏ်ရာရသွားလို့ ဘာကီနဲ့ လူစားလဲခဲ့ရပါတယ်။ အဲ့နောက် လိုက်ပ်ဇစ်တို့ပဲ ဒေါ့မန် ဂိုးပေါက်ကို တောက်လျောက် ခြိမ်းခြောက်နိုင်ခဲ့ပေမယ့် ဂိုးရဖို့ လောနေလို့ သွင်းဂိုးမရပဲ ဖြစ်နေခဲ့ပါတယ်။ ၅၁ မိနစ် မှာတော့ ဂွာရဲရိုးရဲ့ ပေးပို့မှုကနေ ဂျေဒန်ဆန်ချိုက ဒုတိယဂိုး သွင်းယူပေးခဲ့ပါတယ်။ ခြေစွမ်းပြနေတဲ့ ဒါဟွတ်ဒ် အစား ဒီလာနေး ဝင်လာချိန်မှာတော့ ဒေါ့မန် ကွင်းလယ်က အားပျော့သွားပြီး ကစားအားလည်း ကျသွားပါတယ်။ ၆၃ မိနစ်မှာတော့ ဖော့စ်ဘတ်ရဲ့ ပေးပို့မှုကနေ လူးကတ်စ် ကလော့စတာမန်က ပထမချေပဂိုးနဲ့ ၇၇ မိနစ်မှာ ဟွမ် ဖန်တီးပေးတာကို အော်လမိုက ဒုတိယဂိုးတွေ အသီးသီး သွင်းယူပေးခဲ့လို့ ၂-၂ ရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။ မိနစ် ၉၀ ပြည့်ဖို့ ၃ မိနစ် အလိုမှာတော့ ဒေါ့မန်တို့ အဖိုးတန် အနိုင်ဂိုး ရရှိသွားခဲ့ပြီး ဒီနေ့ပွဲရဲ့ အဓိက မင်းသား ဂျေဒန် ဆန်ချိုကပဲ ဂွာရဲရိုး ပြန်ချိုးပေးတဲ့ ဘောလုံးကို အမိအရ ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက်မှာတော့ ဒေါ့မန်တို့ ပွဲကို ထိန်းကစားသွားခဲ့လို့ ၃-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပြီး အဖိုးတန် ၃ မှတ် ရရှိခဲ့ပါတယ်။

ဒီနေ့ပွဲမှာ လိုက်ပ်ဇစ်တို့ ရှုံးနိမ့်ခဲ့တာကြောင့် ထိပ်ဆုံးက ဦးဆောင်နေတဲ့ ဘေယန်မြူးနစ်ကို ၉ နှစ်ဆက် ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဖြစ်သွားစေခဲ့ပါတယ်။
ဘေယန်မြူးနစ်ဆီ မပြောင်းမီ လိုက်ပ်ဇစ်နဲ့ ပိုကယ်ဖလား ယူဖို့ စိတ်အားထက်သန်နေတဲ့ ဂျူလီယန်နေဂဲလ်စ်မန်း

 

ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲမှာ လိုက်ပ်ဇစ်တို့ ဒေါ့မန်ထက် ပိုကောင်းတဲ့ ခြေစွမ်း ရှိခဲ့ပေမယ့် အဆုံးသတ် သေချာမှုအပိုင်းမှာတော့ လိုအပ်ချက်တွေ ရှိခဲ့လို့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ လိုက်ပ်ဇစ်တို့ ရှုံးနိမ့်ခဲ့တာကြောင့် ထိပ်ဆုံးက ဦးဆောင်နေတဲ့ ဘေယန်မြူးနစ်ကို ၉ နှစ်ဆက် ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဖြစ်သွားစေခဲ့ပါတယ်။ ရာသီကုန်ခါနီးမှာ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အသည်းအသန် ထပြီးရုန်းတဲ့ ဒေါ့မန် အတွက်ကတော့ အဖိုးတန် ၃ မှတ် ဖြစ်ခဲ့ပြီး ဘွန်ဒက်စ်လီဂါ အဆင့် ၄ နေရာကို တက်လှမ်းထားနိုင်ခဲ့လို့ ဖရန့်ဖတ်နဲ့ မိန့်ဇ် တွေ့ဆုံမှုကို အခွင့်ကောင်းယူနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

လာမယ့် မေလ ၁၄ ရက်မှာလည်း ဒေါ့မန်နဲ့ လိုက်ပ်ဇစ်တို့ ဂျာမန် ပိုကယ်ဖလား ဗိုလ်လုပွဲအဖြစ် ထပ်မံတွေ့ဆုံ ကစားရဦးမှာ ဖြစ်ပါတယ်။ အခုပွဲရလဒ်က ဒေါ့မန် အတွက် အရေးပါခဲ့သလို ပိုကယ်ဖလား ဗိုလ်လုပွဲ ရလဒ်က လိုက်ပ်ဇစ် အတွက် ပိုပြီး အရေးပါပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘွန်ဒက်စ်လီဂါရဲ့ သက်တမ်းအနုဆုံးအသင်း လိုက်ပ်ဇစ်ဟာ အချိန်တိုအတွင်းမှာ ဂျာမန်ထိပ်ဆုံးလိဂ်ရဲ့ ထိပ်သီးအသင်းတစ်သင်း ဖြစ်လာခဲ့ပေမယ့် လက်ရှိအချိန်ထိ ဆုဖလား မကိုင်မြှောက်ရသေးသလို နည်းပြ ဂျူလီယန် နေဂဲလ်စ်မန်း အတွက်လည်း ဘေယန်မြူးနစ်ဆီ မပြောင်းခင် အသင်းနဲ့ အတူ ပထမဆုံး ဆုဖလား ရရှိနိုင်မယ့် အခွင့်အရေး ဖြစ်နေလို့ပါပဲ။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်