နိုင်ငံတကာ ခြေစမ်းပွဲတွေ ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ရာမှာ အင်္ဂလန်၊ ပြင်သစ်၊ စပိန်နဲ့ ဘယ်ဂျီယံတို့ ဂိုးပြတ် နိုင်ပွဲတွေ ရရှိခဲ့သလို အီတလီလည်း နိုင်ပွဲ ပြန်ရခဲ့ပြီး နယ်သာလန်နဲ့ ဂျာမနီ ပွဲကတော့ တစ်ဖက် ၁ ဂိုးစီ သရေရလဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။
အင်္ဂလန် ၃-၀ အိုင်ဗရီကို့စ်
ဆောက်ဂိတ် အနေနဲ့ နိုင်ငံတကာခြေစမ်းပွဲ ဖြစ်လို့ အရံကစားသမား အများစုကို ပွဲထုတ်ခဲ့ပြီး ဝက်ကင်န်၊ ဘယ်လင်ဂမ်၊ မစ်ချယ်၊ ပုပ် တို့ကို စတာလင်၊ ရိုက်စ်၊ ဂရီးလစ်ရှ်၊ ဝှိုက်၊ ဝက်ဒ်ပရောက်စ် တို့နဲ့ တွဲဖက် ကစားခဲ့စေခဲ့ပါတယ်။ အိုင်ဗရီကို့စ် ကတော့ ဆဘက်ရှန် ဟယ်လာကို အထောင် တိုက်စစ် နေရာမှာ ထားပြီး နီကိုလပ်စ် ပေပေ၊ ကောနတ်၊ ကတ်ဆေး၊ အော်ရီယာ၊ ဘိုင်ယီ တို့နဲ့ အတောင့်တင်းဆုံး ရင်ဆိုင်လာခဲ့ပါတယ်။ ပထမပိုင်း မိနစ် ၃၀ မှာပဲ အင်္ဂလန် တို့ ဦးဆောင်ဂိုး ရခဲ့ပြီး အိုလီဝက်ကင်န်က သွင်းယူပေးခဲ့ပါတယ်။ အဲ့နောက် အိုင်ဗရီကို့စ်တို့ အင်္ဂလန်ကို အပြန်အလှန် ကစားနိုင်ခဲ့ပေမယ့် ပွဲချိန် မိနစ် ၄၀ မှာ ညာနောက်ခံလူ ဆာ့ဂျ် အော်ရီယာ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရလို့ အားနည်းသွားခဲ့ပါတယ်။ ဒါကြောင့် ပထမပိုင်းပြီးခါနီးမှာ အင်္ဂလန်တို့ ဒုတိယဂိုး ထပ်ရခဲ့ပြီး စတာလင်က သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာ နှစ်သင်းလုံး ကစားသမား အပြောင်းအလဲတွေ ဆက်တိုက်ပြုလုပ်ခဲ့ပြီး စမစ်ရိုးဝ်၊ ရှော၊ ကိန်း၊ ဖိုဒန်၊ ဂယ်လက်ဂါ တို့ ဝင်ရောက်လာချိန် အင်္ဂလန်တို့ ပိုပြီး ဖိဖိစီးစီး ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း တိုက်စစ် အဆုံးသတ် လိုအပ်ချက်တွေကြောင့် နာကျင် အချိန်ပို ရောက်မှ တတိယဂိုး ထပ်ရခဲ့ပြီး ဖိုဒန်ရဲ့ ထောင့်ကန်ဘောကနေ တိုင်ရုန်း မင်းဂ်စ်က ခေါင်းတိုက်သွင်းယူခဲ့တာ ဖြစ်ပါတယ်။
စပိန် ၅-၀ အိုက်စလန်
အဲလ်ဘေးနီးယားနဲ့ ပွဲက လူစာရင်းကို အပြောင်းအလဲ တော်တော်များများ ပြုလုပ်ပြီး ပွဲထွက်လာခဲ့တဲ့ စပိန်တို့ ဒီပွဲ မှာတော့ အကောင်းဆုံး ပုံစံ ပြန်ရခဲ့ပြီး မိုရာတာ ဦးဆောင်တဲ့ တိုက်စစ်ကလည်း ဂိုးမြူးခဲ့ပါတယ်။ စပိန်တို့ တစ်ပွဲလုံး အတိုင်းအတာနဲ့ ဘောလုံး ပိုင်ဆိုင်မှု ၈၄ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး အိုက်စလန်ကို တစ်ဖက်သတ် ဖိကစားသွားခဲ့တာ ဖြစ်ပါတယ်။ စပိန် အတွက် အနိုင်ဂိုးတွေ ကိုတော့ မိုရာတာ၊ ပီနိုနဲ့ ဆာရာဘီရား တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
ဘယ်ဂျီယံ ၃-၀ ဘာကီနာဖာဆို
အာဖရိက အသင်းငယ်လေးနဲ့ နိုင်ငံတကာ ခြေစမ်းပွဲ ကစားရတာ ဖြစ်လို့ ဘယ်ဂျီယံ နည်းပြ ရော်ဘတ်တို မာတီနက်ဇ် အနေနဲ့ အရန်ကစားသမား တော်တော်များများကို စမ်းသပ် အသုံးပြုသွားခဲ့ပါတယ်။ ဒီပွဲမှာလည်း ဘယ်ဂျီယံတို့ တစ်ဖက်သတ် ကစားသွားခဲ့ပြီး အခွင့်အရေးတွေ အသုံးမချနိုင်လို့သာ ၃-၀ ဆိုတဲ့ ရလဒ်နဲ့ပဲ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဘက်ရှူဝါရီ၊ ယာနူဇက် တို့ ခြေပျက်နေခဲ့ပေမယ့် ပထမပိုင်း ၁၄ မိနစ်နဲ့ ၁၈ မိနစ် တို့မှာ ဗနာကန်နဲ့ ထရော့ဆက်ဒ် တို့က ဦးဆောင်ဂိုးတွေ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း မှာတော့ ဒန်ဒွန်ကာ၊ ဆယ်လီမေကာစ်၊ ဘန်တီကီ၊ အော်ရီဂီ တို့ကို ထည့်သွင်း ကစားခဲ့ပြီး ၇၅ မိနစ်မှာ ဘန်တီကီက တတိယဂိုး သွင်းယူပေးခဲ့လို့ ၃-၀ ရလဒ်နဲ့ပဲ ဘယ်ဂျီယံတို့ အနိုင်ရသွားခဲ့ပါတယ်။
တူရကီ – အီတလီ
ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် ဆီမီးဖိုင်နယ် အဆင့်ကနေ ထွက်ခွာထားခဲ့ရတဲ့ နှစ်သင်း တိုက်တိုက်ဆိုင်ဆိုင် နိုင်ငံတကာခြေစမ်းပွဲ အဖြစ် ယှဉ်ပြိုင် ကစားခဲ့ကြတာ ဖြစ်ပါတယ်။ တူရကီတို့ လူစာရင်း အပြည့်နဲ့ ပွဲထွက်ခဲ့ပေမယ့် အီတလီ ကတော့ ဆကမ်မက်ကာ၊ ရက်စ်ပါဒိုရီ၊ ပက်ဆီနာ၊ ခရစ္စတန်တီ၊ ဇန်နီယိုလို၊ တိုနာလီ၊ ဘီရာဂီ တို့လို အရံကစားသမားတွေကို အဓိက ပွဲထုတ်ခဲ့ပါတယ်။ တူရကီ အတွက် အွန်ဒါက ပွဲအစ ၄ မိနစ်မှာပဲ ဦးဆောင်ဂိုး သွင်းပေးခဲ့ပေမယ့် ခရစ္စတန်တီနဲ့ ရက်စ်ပါဒိုရီ တို့က ပြန်လည် ချေပပေးခဲ့လို့ ပထမပိုင်း အပြီးမှာ ၁-၂ ရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။ ဒုတိယပိုင်း မှာတော့ အီတလီ အတွက် ရက်စ်ပါဒိုရီက တစ်ဂိုး ထပ်သွင်းပေးခဲ့ပြီး တူရကီ ကတော့ ချေပဂိုး ၁ ဂိုးသာ ပြန်ရခဲ့လို့ ၂-၃ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး ဧည့်သည်တို့ နိုင်ပွဲ ပြန်လည် ရှာတွေ့သွားခဲပါတယ်။
အခြားပွဲရလဒ်များ
ကာတာ ၀-၀ ဆလိုဗေးနီးယား
အစ္စရေး ၂-၂ ရိုမေးနီးယား
ဩစတြီးယား ၂-၂ စကော့တလန်
ဘော့စနီးယား ၁-၀ လူဇင်ဘတ်
အိုင်ယာလန် ၁-၀ လစ်သူရေးနီးယား
နယ်သာလန် ၁-၁ ဂျာမနီ
မြောက်အိုင်ယာလန် ၀-၁ ဟန်ဂေရီ
ဝေးလ်စ် ၁-၁ ချက်
ပြင်သစ် ၅-၀ တောင်အာဖရိက
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.