နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နိုင်ပွဲ ကိုယ်စီ ရရှိခဲ့ကြတဲ့ အင်္ဂလန်၊ နယ်သာလန်၊ စပိန်နဲ့ ဂျာမနီ (နိုင်ငံတကာ ခြေစမ်းပွဲ ပွဲပြီးသုံးသပ်ချက်များ)

မနေ့ညက နိုင်ငံတကာ ခြေစမ်းပွဲတွေ ယှဉ်ပြိုင်ကစားသွားခဲ့ပြီး အသင်းကြီး တော်တော်များများ နိုင်ပွဲ ကိုယ်စီ ရရှိခဲ့ကြပါတယ်။

အင်္ဂလန် ၂-၁ ဆွစ်ဇာလန်

အင်္ဂလန်နဲ့ ဆွစ်ဇာလန် တို့ရဲ့ နိုင်ငံတကာ ခြေစမ်းပွဲ မှာတော့ အင်္ဂလန်တို့ ဝင်ဘလေမှာ ခက်ခက်ခဲခဲ ကစားပြီး လုခ်ရှောနဲ့ ဟယ်ရီကိန်းရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရသွားခဲ့ပါတယ်။ အခုပွဲမှာ ဆောက်ဂိတ်ရဲ့ အသင်းက ၃-၅-၂ အခင်းအကျင်းနဲ့ ပွဲထွက်လာခဲ့ပြီး ဖိုဒန်နဲ့ ဟယ်ရီကိန်း တို့ကို တိုက်စစ်မှာ တွဲဖက်ပေးခဲ့ပါတယ်။ ကွင်းလယ်မှာ မောင့်၊ ဟန်ဒါဆန်၊ ဂယ်လက်ဂါ၊ ဝေါလ်ကာပီတာ၊ လုခ်ရှော၊ ခံစစ်နဲ့ ဂိုးမှာတော့ ဂေးဟီ၊ ကိုဒီ၊ ဘန်ဝှိုက်နဲ့ ပစ်ခ်ဖို့ဒ်တို့ပဲ ပါဝင်လာခဲ့ပါတယ်။ ဆွစ်ဇာလန် ကတော့ တိုက်စစ်မှာ အမ်ဘိုလို တစ်ဦးတည်းကို အထောင်ထားပြီး ရှကီရီ၊ ဗားဂတ်စ်၊ စတီဖင်၊ ဖရီအူလာ၊ ချာကာ၊ အကန်ဂျီ၊ ရိုဒရီဂတ်ဇ်တို့ ပွဲထွက်ခဲ့ပါတယ်။ ဆွစ်ဇာလန်တို့ အဝေးကွင်းမှာ လာရောက် ကစားခဲ့ပေမယ့် အင်္ဂလန်ကို အပြန်အလှန် ကစားသွားနိုင်ခဲ့ပြီး ပထမပိုင်း ၂၂ မိနစ်မှာပဲ ရှကီရီရဲ့ ကန်တင်ပေးပို့မှု ကနေ အမ်ဘိုလိုက ခေါင်းတိုက်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် တောင်ပံက ဂယ်လက်ဂါ ပြန်ချိုးပေးတဲ့ ဘောလုံးကို လုခ်ရှောက အားပါတဲ့ ကန်ချက်နဲ့ အဆုံးသတ်ပေးခဲ့လို့ ပထမပိုင်း ပြီးခါနီးမှာ အင်္ဂလန်တို့ ချေပဂိုး ပြန်လည် ရရှိခဲ့ပါတယ်။

ဒုတိယပိုင်း မှာတော့ နှစ်သင်းလုံး ကစားသမား အပြောင်းအလဲတွေ ဆက်တိုက် ပြုလုပ်ခဲ့ပြီး အနိုင်ဂိုး ရဖို့ အားထုတ်ခဲ့ကြပါတယ်။ အင်္ဂလန် ခံစစ်ရဲ့ လျော့ရဲတဲ့ ကစားပုံကြောင့် ဆွစ်ဇာလန်တို့ အခွင့်အရေးတွေ ပိုရခဲ့ပြီး ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့တာက အင်္ဂလန် ဖြစ်ပြီး ပွဲချိန် ၇၈ မိနစ်မှာ ဟယ်ရီကိန်းက ပင်နယ်တီက တစ်ဆင့် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေမှာ လူစားလဲလှယ်မှု တချို့ ထပ်မံ ပြုလုပ်ခဲ့ပေမယ့် ဂိုးထပ်မရတော့လို့ ၂-၁ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။


စပိန် ၂-၁ အဲလ်ဘေးနီးယား

စပိန်တို့ ခြေစွမ်းအသာနဲ့ ကစားခဲ့ပေမယ့် နိုင်ပွဲရဖို့တော့ ခက်ခဲခဲ့ပါတယ်။ တစ်ပွဲလုံး အတိုင်းအတာနဲ့ ဘောလုံး ပိုင်ဆိုင်မှု ၈၂ ရာခိုင်နှုန်း ရှိခဲ့ပြီး ဂိုးပေါက် ကန်ချက် ၁၃ ကြိမ်၊ ဂိုးပေါက် တည့်မှု ၇ ကြိမ် အထိ ရှိခဲ့ပေမယ့် ဒန်နီ အော်လမိုရဲ့ နောက်ကျဂိုးကြောင့်သာ စပိန်တို့ နိုင်ပွဲ ရရှိခဲ့တာ ဖြစ်ပါတယ်။ စပိန်က ၄-၃-၃ အခင်းအကျင်းနဲ့ ပွဲထွက်ခဲ့ပြီး အဲလ်ဘေးနီးယား ကတော့ ၃-၄-၁-၂ ကစားကွက်နဲ့ ပြန်လည် ရင်ဆိုင်ခဲ့ပါတယ်။

ပရီးမီးယား လိဂ်
မန်ချက်စတာစီးတီး
လီဗာပူးလ်
1X2 သရေ @ 3.30
မန်ချက်စတာစီးတီးအာရှ ဟန်းဒီးကပ် -0.50 @ 2.09
ဂိုးပေါ် 2.75 @ 1.90
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲချိန် မိနစ် ၇၀ ကျော်အထိ ၀-၀ ရလဒ် ထွက်ပေါ်နေခဲ့ပြီး ဖာရန်းတောရက်စ်က ပွဲချိန် ၇၅ မိနစ်မှာ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ၈၅ မိနစ်မှာ အဲလ်ဘေးနီးယားက ချေပဂိုး ပြန်သွင်းသွားခဲ့လို့ ၁-၁ ဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း မိနစ် ၉၀ မှာ စပိန် အတွက် အနိုင်ဂိုးကို ဒန်နီ အော်လမိုက ဧရိယာ ထိပ်ကနေ လှလှပပ ကန်သွင်းပေးသွားခဲ့လို့ စပိန်တို့ အိမ်ကွင်းမှာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတကာ ခြေစမ်းပွဲ ဖြစ်လို့ စပိန်တို့ လူငယ် ကစားသမား အများစုကို အသုံးပြုခဲ့ပြီး ပုံစံကောင်း တစ်ခု ပြသနိုင်ခဲ့ပေမယ့် အဲလ်ဘေးနီးယားရဲ့ ခံစစ် ပိတ်ဆို့ ကစားမှုကြောင့် ဂိုးရဖို့ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် လိုအပ်နေတဲ့ သွင်းဂိုးတွေ ကိုတော့ အရယူသွားနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ နောက်ဆုံး ၇ ပွဲမှာ ပြင်သစ် တစ်သင်းတည်းကို ရှုံးပြီး နိုင်ပွဲ ၆ ပွဲ အထိ ရှာဖွေနိုင်ခဲ့ပါတယ်။


နယ်သာလန် ၄-၂ ဒိန်းမတ်

အသင်းကြီး နှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်လို့ အကြိတ်အနယ် ရှိခဲ့ပြီး အပြန်အလှန် သွင်းဂိုးတွေလည်း မြင်တွေ့ခဲ့ရပါတယ်။ လူးဝစ် ဗန်ဟားလ်ရဲ့ အသင်းက ဒီပေး၊ ဘက်ဂျ်ဝင်း၊ ဖရန်ကီဒီယောင်၊ ဒမ်ဖရီးစ်၊ ဗန်ဒိုက်ခ်တို့နဲ့ အတောင့်တင်းဆုံး ပွဲထွက်လာခဲ့ပြီး ဒိန်းမတ် ဘက်မှာလည်း ပိုလ်ဆင်၊ မာအဲလီ၊ ဒီလာနီ၊ အန်ဒါဆန်၊ ဗတ်စတာဂတ်၊ ရှမိုက်ကယ် တို့ ပါဝင်လာခဲ့ပါတယ်။

အဲရစ်ခ်ဆင် အနေနဲ့ ယူရို ၂၀၂၀ နောက်ပိုင်း ပထမဦးဆုံး အကြိမ် ကစားခွင့်ရခဲ့တဲ့ နိုင်ငံတကာ ခြေစမ်းပွဲမှာ ကွင်းထဲ ဝင်လာပြီး မိနစ်ပိုင်း အကြာမှာတင်ပဲ သူ့ရဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ပြန်လည် ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲရစ်ခ်ဆင် ဂိုးသွင်းနိုင်ပေမယ့် နယ်သာလန်ကို ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ ဒိန်းမတ်

ပွဲအစ ၁၆ မိနစ်မှာ နယ်သာလန် အတွက် ဘက်ဂျ်ဝင်းက ဦးဆောင်ဂိုး သွင်းယူပေးထားခဲ့ပြီး ၄ မိနစ် အကြာမှာ ဗတ်စတာဂတ်က ချေပဂိုး ပြန်လည် သွင်းယူပေးခဲ့ပါတယ်။ အဲ့နောက် ၂၉ မိနစ်နဲ့ ၃၈ မိနစ်တွေမှာ နယ်သာလန်တို့ ၂ ဂိုးဆက် ရရှိခဲ့ပြီး ပထမပိုင်း အပြီးမှာ ၃-၁ ရလဒ်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း မှာတော့ ခရစ္စတီယန် အဲရစ်ခ်ဆင် ဝင်ရောက်လာခဲ့ပြီး ၂ မိနစ် အကြာမှာပဲ ချေပဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ အဲရစ်ခ်ဆင် အနေနဲ့ ယူရို ၂၀၂၀ နောက်ပိုင်း ပထမဦးဆုံး အကြိမ် ကစားခွင့်ရခဲ့တဲ့ နိုင်ငံတကာ ခြေစမ်းပွဲမှာ ကွင်းထဲ ဝင်လာပြီး မိနစ်ပိုင်း အကြာမှာတင်ပဲ သူ့ရဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ပြန်လည် ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၇၁ မိနစ်မှာ ဘက်ဂျ်ဝင်းက နယ်သာလန် အတွက် အနိုင်သေချာစေမယ့်ဂိုးကို သွင်းယူပေးခဲ့လို့ ၄-၂ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးသွားခဲ့ပါတယ်။


အခြားပွဲရလဒ်များ

ဂျာမနီ ၂-၀ အစ္စရေး

ကာတာ ၂-၁ ဘူလ်ဂေးရီးယား


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်