အေဂျက်စ် – ဘက်ရှီးတက်စ်
အခုတစ်ပတ် ချန်ပီယံလိဂ်ရဲ့ အစောဆုံး ပွဲစဉ် တစ်ပွဲ အဖြစ် အေဂျက်စ်နဲ့ ဘက်ရှီးတက်စ်တို့ စက်တင်ဘာလ ၂၈ ရက် မြန်မာစံတော်ချိန် ည ၁၁:၁၅ မှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။
ဒက်ချ် အမှတ်ပေး ချန်ပီယံ အေဂျက်စ်တို့ ချန်ပီယံလိဂ် အဖွင့်ပွဲမှာ တိုက်စစ် ခြေစွမ်းပြပြီး ပေါ်တူဂီ ထိပ်သီး စပို့တင်း လစ္စဘွန်းကို ဂိုးပြတ် အနိုင်ရထားခဲ့ပါတယ်။ ပေါ်တူဂီမြေမှာ သွားရောက် ကစားခဲ့ပေမယ့် ဆဘက်ရှန် ဟော်လာ တစ်ဦးတည်း ၄ ဂိုး သွင်းပြီး အေဂျက်စ်တို့ ၁-၅ ရလဒ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ အဲရစ်ခ် ဟန် တက်ဂ်ရဲ့ အသင်းက ပုံစံကောင်း တစ်ခုနဲ့ အတူ နောက်ဆုံး ၆ ပွဲဆက် အနိုင်ရရှိထားသလို တိုက်စစ် ကလည်း တစ်ပွဲ ပျမ်းမျှ ၄ ဂိုးနှုန်းလောက် သွင်းယူထားနိုင်တာ တွေ့ရပါတယ်။ ပိုပြီး အားရစရာ ကောင်းတာက လက်ရှိရာသီ ပြိုင်ပွဲစုံ ၈ ပွဲ ကစားပြီးချိန်မှာ ဂိုး မပေးရတဲ့ ပွဲ ၆ ပွဲ အထိ ရှိခဲ့ပြီး ပေးဂိုး အနေနဲ့ ဆိုရင်တော့ ၂ ဂိုးသာ ရှိထားပါတယ်။ ဝက်စ်ဟမ်းမှာ ခြေစွမ်း မပြနိုင်ခဲ့တဲ့ ဆဘက်ရှန် ဟော်လာ အနေနဲ့ လက်ရှိ အေဂျက်စ် တိုက်စစ်မှာ ခြေစွမ်းပြနေပြီး အခုပွဲ အတွက်လည်း စောင့်ကြည့်ရမယ့် ကစားသမား ဖြစ်ပါတယ်။ တာဒစ်၊ မာတီနက်ဇ်၊ မက်ဇ်ရူအီ၊ တင်ဘာ၊ ဂရဘ်ဗန်ဘက်ချ်၊ အဲလ်ဗာရက်စ်၊ ဘာဂ်ဟျူ့စ်တို့ အားလုံး ခြေစွမ်းပြနေသလို စတက်ကယ်လန်ဘက်ဂ်၊ အိုနာနာ တို့လို အဓိက ဂိုးသမား ၂ ဦးလုံး မရှိချိန်မှာ ပက်စ်ဗီယာ အနေနဲ့ အေဂျက်စ်တို့ ဂိုးမပေးရရေး အကောင်းဆုံး လက်စွမ်းပြနေပါတယ်။ အဓိက ပြိုင်ဘက် ဒေါ့မန်ကို ကျော်ပြီး အုပ်စု ပထမ နေရာ ကနေ နောက်တစ်ဆင့် တက်ဖို့ အတွက် အေဂျက်စ်တို့ အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာနိုင်ပြီး သေချာပေါက် အနိုင် ၃ မှတ် ရရှိဖို့ အားစိုက်လာပါလိမ့်မယ်။
ဘက်ရှီးတက်စ် ကတော့ အဖွင့် ပွဲစဉ် အိမ်ကွင်းမှာ ဒေါ့မန်ကို ၁-၂ ရလဒ်နဲ့ ရှုံးနိမ့်ခဲပြီး ချန်ပီယံလိဂ် အုပ်စု (C) ရဲ့ တတိယ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ ရာသီကြို ပြင်ဆင်မှု အနေနဲ့ ပီယာနစ်၊ မွန်တီရို၊ ဘတ်ရှူဝါရီ တို့လို နာမည်ကြီး ကစားသမားတွေနဲ့ ခေါ်ယူ အားဖြည့်ထားခဲ့ပေမယ့် လက်ရှိ အထိတော့ ဘက်ရှီးတပ်စ်တို့ရဲ့ ပုံစံကောင်းတစ်ခုကို မမြင်ရသေးပါဘူး။ နောက်ဆုံး ကစားထားတဲ့ ပြိုင်ပွဲစုံ ၅ ပွဲမှာ ၂ ပွဲနိုင်၊ ၂ ပွဲရှုံး၊ ၁ ပွဲ သရေကျပြီး တိုက်စစ်က တစ်ပွဲပျမ်းမျှ ၂ ဂိုးနှုန်း ရထားပေမယ့် ခံစစ် ကတော့ တစ်ပွဲ ၁ ဂိုးနှုန်းလောက် ပြန်ပေးထားရပါတယ်။ ဘက်ရှီးတက်စ်တို့ လက်ရှိ ရင်ဆိုင်နေရတဲ့ ပြသနာ ကတော့ အဓိက ပွဲထွက် ကစားသမားတွေ ဖြစ်တဲ့တီဇီးရား၊ ဘတ်ရှူဝါရီ၊ ဗီဒါ၊ အန်ကူဒူတို့ ဒဏ်ရာကြောင့် အနားယူနေရတာ ဖြစ်ပြီး အခု လာမယ့်ပွဲ မှာလည်း လွဲချော်ဖို့ သေချာသလောက် ရှိနေပါတယ်။ ဒါကြောင့် ဆာဂန် ရလ်ရှင်ရဲ့ အသင်း အနေနဲ့ အဘက်ဘက်က တောင့်တင်းလွန်းနေတဲ့ အေဂျက်စ်ကို ပွဲချိန်ပြည့် ခံကစားနိုင်ဖို့ တော်တော်လေး ခက်ခဲနေပါလိမ့်မယ်။ ဘက်ရှီးတက်စ် အသင်းက အဓိက စောင့်ကြည့်ရမယ့် ကစားသမား ဆိုရင်တော့ ဗဟိုခံစစ် ကစားသမားလေး ဖရန်ဆစ်စကို မွန်တဲရိုး ကိုပဲ မြင်မိပါတယ်။ အသက် ၂၂ နှစ် အရွယ် စပိန်သား အနေနဲ့ နိုင်လို စိတ် ခပ်ပြင်းပြင်းနဲ့ ဘက်ရှီးတက်စ် အတွက် ဘယ်လောက် အထိ စွမ်းဆောင် ပေးနိုင်မလဲ ဆိုတာ ကြည့်ရပါမယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
ဒီနှစ်သင်းဟာ သမိုင်းတစ်လျှောက် ၂ ကြိမ်သာ တွေ့ဆုံထားခဲ့ပြီးတော့ ၂ ကြိမ် စလုံးမှာ အေဂျက်စ်တို့ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် ၁၉၆၆/၆၇ ခုနှစ်တုန်းက နောက်ဆုံး ကစားခဲ့တာ ဖြစ်လို့ ဒီနှစ်သင်းကြားမှာ Head To Head ရလဒ်ကို ထည့်မတွက် လို့တောင် ရပါတယ်။
လောင်းကစားဆိုင်ရာအကြံပြုချက်များ
အေဂျက်စ် – ဘက်ရှီးတက်စ် | အချိန်ပြည့် ၃ ဂိုးနဲ့ အထက် @ 1.63 | |
စက်တင်ဘာလ ၂၈ ရက် , ည ၁၁:၁၅ နာရီ (GMT + ၆:၃၀) |
1X2 ရဲ့ ပေါက်ကြေး အရ အိမ်ရှင် အတွက် ၁.၁၂ ဆ၊ ဧည့်သည် အတွက် ၁၄.၅၀ ဆနဲ့ သရေ အတွက် ၉.၂၅ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ဘက်ရှီးတက်စ်တို့ ဒီပွဲမှာ အဓိက ကစားသမားတွေ မပါပဲ ကစားရမှာ ဖြစ်တာကြောင့် ရလဒ် ကောင်းဖို့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အခြေအနေပါ။ အေဂျက်စ် ကတော့ ဒီရာသီမှာ ပုံစံကောင်း ရထားပြီး ဂိုးမြူးနေတဲ့ အသင်း ဖြစ်ပါတယ်။ အဲ့တော့ အများကြီး တွေးနေစရာမလိုပါဘူး။ အေဂျက်စ်နဲ့ ဂိုးပေါင်း ၃ ဂိုးနဲ့ အထက်ကို ရဲရဲကြီး ရွေးချယ်လိုက်ပါလို့ပဲ တိုက်တွန်းပါရစေ။
ခန့်မှန်းရလဒ် (၃-၀)
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.