တော့တင်ဟမ်ဟော့စပါး – မန်ချက်စတာယူနိုက်တက်
ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ ရဲ့ အကောင်းဆုံးပွဲစဉ်တစ်ပွဲအဖြစ် မြင်တွေ့ရဖို့ ရှိနေပါတယ်။အမှတ်ပေးဇယားအထက်အောက် ရပ်တည်နေတဲ့ အသင်းနှစ်သင်းဖြစ်သလိုနောက်ပိုင်းနှစ်တွေမှာပြိုင်ဆိုင်မှုပြင်းထန်တဲ့ အသင်းနှစ်သင်းဖြစ်လို့ ပရိသတ် အကြိုက် ပွဲစဉ်တစ်ပွဲဖြစ်လာမှာပါ။ပရီးမီးယားလိဂ်မှာရလဒ်ပိုင်းလိုအပ်ချက် မြင့်မားနေတဲ့ အသင်းနှစ်သင်းရဲ့ အကြားအားပြိုင်မှုကအပြန်အလှန် သွင်းဂိုးတွေရှိလာမလား၊ ခံစစ်ကောင်းတဲ့ တော့တင်ဟမ်ဟော့စပါးဆီကနေမန်ချက်စတာယူနိုက်တက်တို့ အမှတ်ပြည့် ရယူနိုင်မလားဆိုတာကတော့ စိတ်ဝင်စားစရာအချက်တွေအဖြစ် ရှိနေပြန်ပါတယ်။
စပါးအနေနဲ့အခုနှစ် ပရီးမီးယားလိဂ်ရာသီအစမှာတာထွက် ကောင်းခဲ့တယ် ဆိုပေမယ့် နောက်ပိုင်းပွဲတွေမှာထင်သလောက် အလုပ်မဖြစ်ခဲ့ပါဘူး။ နောက်ဆုံး၅ပွဲမှာ၃ပွဲနိုင်၂ပွဲရှုံးဆိုတဲ့ရလဒ်ကလက်ခံနိုင်စရာအခြေအနေမှာရှိနေပေမယ့်တကယ်တမ်းကတော့လိုအပ်ချက်မြင့်နေဆဲပါပဲ။အထူးသဖြင့် ဟာရီကိန်း၊ ဆွန်ဟောင်မင်တို့ ဂိုးမသွင်းနိုင်ရင် အသင်းရဲ့ တိုက်စစ်ကအဓိပ္ပါယ် မဲ့နေသလိုပါပဲ။ ဒီအခြေအနေကကစားသမားတွေနဲ့ တိုက်ရိုက် မပတ်သက်ဘူးဆိုတဲ့ အနေအထားမှာနည်းပြ ဆန်းတို့စ်ရဲ့ နည်းဗျူဟာပိုင်းကိုမေးခွန်းထုတ်စရာဖြစ်နေတာပါ။ ၉ ပွဲကစားပြီးချိန်မှာ ၉ ဂိုးပဲရရှိထားတယ် ဆိုတဲ့ အသင်းတိုက်စစ် အခြေအနေကပိုင်ဆိုင်ထားတဲ့ ကမ္ဘာ့အဆင့် တိုက်စစ်သမားတွေရဲ့ တန်ဖိုးကိုလျော့ကျ စေသလိုပါပဲ။ ပိုချက်တီနို၊ မော်ရင်ဟိုတို့ အလွန် စပါးရဲ့ အခြေအနေကအကျဘက် အနည်းငယ် ပိုပြီးရောက်နေသလိုလက်ရှိအချိန်အထိလည်းနိုင်သင့်နိုင်ထိုက်တဲ့ ပွဲတွေမှာရလဒ်ကောင်းဖို ့ရုန်းကန်နေရဆဲပါ။ ကြားရက်မှာကစားခဲ့တဲ့ လိဂ်ဖလားပွဲမှာဆိုရင်လည်းဘန်လေလိုခံစစ်လိုအပ်ချက် မြင့်နေတဲ့ အသင်းကို ၁ ဂိုးနဲ့ ကပ်ပြီးအနိုင်ရခဲ့တာကိုကြည့်ရင့် စပါးတိုက်စစ် လိုအပ်ချက် မြင့်နေတာကိုတွေ့ရပါလိမ့်မယ်။ ဒါပေမဲ့ တစ်ခုအားသာချက် ရှိတာကတော့ တိုက်စစ်ရဲ့ လိုအပ်ချက်ကိုခံစစ်ကအနည်းငယ် ထိန်းကျောင်းပေးနေတာကသတိပြုရမယ့် အချက်ပါ။ ဒါကလည်းတစ်ချို့ပွဲတွေမှာသွင်းဂိုးအနည်းဘက်ကိုဦးတည်ဖို့ ခိုင်လုံတဲ့ အနေအထားပါ။ နောက်ဆုံး ၃ ပွဲမှာဂိုးအနည်းချည်းပဲဖြစ်ခဲ့ခြင်းရဲ့ အဖြေကတိုက်စစ်ကသွင်းဂိုးနည်းပြီးခံစစ်ကပေးဂိုးနည်းတယ် ဆိုတဲ့ ရလဒ်ဖြစ်နေပါတယ်။ စပါးရဲ့ ခံစစ်ပိုင်းကတော့ ထိပ်တန်းအသင်းကြီးတွေနီးပါးတည်ငြိမ်မှုရှိနေခဲ့တာပါ။ ယူနိုက်တက်နဲ့ ပွဲစဉ်အတွက် ဘရိုင်ယန်ဂေးလ်နဲ့ ဆက်ဆဂနွန်တို့ နှစ်ဦးသာလွဲချော်နိုင်တဲ့ အခြေအနေရှိနေပါတယ်။ ဘန်လေနဲ့ပွဲမှာအရံကစားသမားအဖြစ် ချန်လှပ် ခံထားရတဲ့ ဆွန်ဟောင်မင်ကိုဟာရီကိန်းနဲ့ အတူပွဲထွက် ကစားသမားအဖြစ် အသုံးပြုဖို ့ရှိနေပြီးလူးကပ်စ်မိုရာ၊ အန်ဒွန်ဘီလီ၊ ဒီရာ၊ အီမာဆန်တို့လည်းအခွင့်အရေးရဖို့ ရှိနေပါတယ်။
လက်ရှိပရီးမီးယားလိဂ်နည်းပြတွေထဲမှာဖိအားအများဆုံးကဆိုးလ်ရှားပဲဖြစ်ပါလိမ့်မယ်။ အကောင်းဆုံးကစားသမားစုဖွဲ့မှု၊ နေရာလိုက် အကောင်းဆုံးအနေအထားတွေရှိနေပေမယ့် ယူနိုက်တက်ရဲ့ အခြေအနေကသာမန်အဆင့်ထက် မပိုသလိုခါးသီးပြိုင်ဘက်တွေကိုဂိုးပြတ်၊ ခြေပြတ် အရေးနိမ့်နေတဲ့ အခြေအနေကပရိသတ်တွေအတွက် အားမလိုအားမရဖြစ်နေစေတာပါ။ နည်းပြဆိုးလ်ရှားရဲ့နည်းဗျူဟာပိုင်းအရလိုအပ်ချက်တွေရှိတယ်ဆိုပေမယ့်အချို့ပွဲစဉ်တွေမှာကံတရားအကြောင်းမလှလို့အနိုင်ရလဒ်တွေမရရှိခဲ့တာလို့ပဲယူဆမိပါတယ်။ဒါပေမဲ့ ဒီပွဲစဉ် ကတော့ ဆိုးလ်ရှားအတွက် အဆုံးအဖြတ် ပွဲစဉ် ဖြစ်လာဖို့ ရှိနေတာကိုတော့ သတိပြုရမှာပါ။ အသင်းဘုတ် အဖွဲ့ကဆိုးလ်ရှားကိုအာမခံချက် အပြည့်ပေးနေတယ် ဆိုပေမယ့် စပါးနဲ့ပွဲအရေးနိမ့်ခဲ့မယ် ဆိုရင်တော့ ဘာမဆိုဖြစ်လာနိုင်ပါတယ်။ နောက်ဆုံး ၅ ပွဲမှာနိုင်ပွဲ ၂ ပွဲပဲရှိထားတဲ့ အခြေအနေ၊ ပရီးမီးယားလိဂ်နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးထားတဲ့ အနေအထားတို့ကဒီပွဲအတွက် ရုန်းအားဖြစ်လာနိုင်ပါတယ်။ ပြင်သစ် ကစားသမားတွေဖြစ်တဲ့ ဗာရိန်း၊ မာရှယ်တို့ ကြံ့ခိုင်မှုပိုင်းလိုအပ်ချက် ရှိနေသလိုကွင်းလယ် ကစားသမားပေါ့ဘာကလည်းပွဲပယ်ပြစ်ဒဏ် ရှိနေပြန်ပါတယ်။ စီရော်နယ်ဒို၊ ဖာနန်ဒက်စ်၊ ရက်ချ်ဖို့ဒ် တို့ကိုပွဲထွက် အသုံးပြုလာနိုင် သလိုမဖြစ်မနေနိုင်ပွဲရဖို့ လိုအပ်နေတဲ့ အတွက် ဘယ်တောင်ပံအခြမ်းမှာကာဗာနီကိုပါ အသုံးပြုလာနိုင်ပါတယ်။ ပြိုင်ပွဲစုံနောက်ဆုံး ၅ ပွဲမှာ ၁၃ ဂိုးအထိပေးထားရတဲ့ ခံစစ် ပြဿနာကတော့ ယူနိုက်တက် အတွက် ဖိအားဖြစ်နေနိုင်ပါတယ်။ ဒါပေမဲ့ဒီပွဲကတော့အမှားမခံနိုင်တော့တဲ့အခြေအနေမို့နည်းပြဆိုးလ်ရှားတစ်ယောက်သေချာပေါက်အကောင်းဆုံးပြင်ဆင်လာမှာသေချာပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
နောက်ပိုင်းနှစ်တွေမှာအစဉ်အလာပြိုင်ဘက်ကောင်းတွေဖြစ်ခဲ့သလိုအစဉ်အလာထိပ်တိုက်တွေ့ဆုံမှုတွေအရဆိုရင်ယူနိုက်တက်ကပိုပြီးအသာရနေခဲ့ပါတယ်။နောက်ဆုံး ၁၆၆ ကြိမ် ထိပ်တိုက် တွေ့ဆုံမှုမှာမန်ချက်စတာယူနိုက်တက်က ၈၇ ကြိမ် အထိအနိုင်ရထားပြီးစပါးက ၃၉ ကြိမ်နိုင်၊ အကြိမ် ၄၀ သရေကျ ထားတယ်ဆိုတဲ့ မှတ်တမ်းရှိနေပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီစပါးအသင်းရဲ့ အိမ်ကွင်းမှာကစားခဲ့စဉ် ကတော့ ယူနိုက်တက်တို့ ၁-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိထားခဲ့ပါတယ်။
လောင်းကစားဆိုင်ရာအကြံပြုချက်များ
တော့တင်ဟမ်ဟော့စပါး – မန်ချက်စတာယူနိုက်တက် | အချိန်ပြည့် 1X2 ဧည့်သည် @ ၂.၀၄ | |
အောက်တိုဘာ ၃၀ရက်၊ ည ၁၁:၀၀ နာရီ ( GMT+ ၆း၃၀) |
1×2 ရဲ့ ပေါက်ကြေးအရအိမ်ရှင် အတွက် ၂.၈၇ ဆ၊ သရေအတွက် ၃.၆၀ ဆ၊ ဧည်သည့် အတွက် ၂.၀၄ ဆ ကြေးဖွင့်ထားပါတယ်။နှစ်သင်းလုံးအတွက် အရေးပါဆုံးပွဲစဉ်တစ်ပွဲဖြစ်လာမှာပါ။ စပါးအသင်းအတွက် အိမ်ကွင်းနိုင်ပွဲရဖို့ အရေးပါသလိုယူနိုက်တက် နည်းပြ ဆိုးလ်ရှားအတွက် ရာထူးတည်မြဲရေးကလည်းမဖြစ်မနေအနိုင်ရဖို့ လိုအပ်နေပါတယ်။ တိုက်စစ် ကစားသမားကောင်းတွေပိုင်ဆိုင်ထားသလိုပွဲအဖြေပြောင်းလဲနိုင်စွမ်းရှိသူတွေရှိနေတဲ့ အသင်းဖြစ်လို့ အပြန်အလှန် သွင်းဂိုးတွေရှိလာနိုင်တယ်လို့ မျှော်လင့်ရပါတယ်။ စပါးခံစစ်ကိုအသိအမှတ် ပြုရမှာဖြစ်ပေမယ့် အကျိုးအမြတ် အတွက် မန်ချက်စတာယူနိုက်တက်ကိုပဲရွေးချယ် စေချင်ပါတယ်။ ဂုဏ်သိက္ခာနဲ့ အနာဂတ် အတွက် နည်းပြဆိုးလ်ရှားကိုအခွင့်အရေးပေးရမယ့် အချိန်ပါ။ မန်ချက်စတာယူနိုက်တက်နဲ့ အရဲစွန့် ရပ်တည် စေချင်ပါတယ်။
ခန့်မှန်းရလဒ် (၁-၂)
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.