နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အစဉ်အလာတွေကို မေ့ပြီး လိဒ်စ်ယူနိုက်တက်ကို ယုံကြည်ထားရမယ် – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

ဘရိုက်တန် – လိဒ်စ်ယူနိုက်တက်

အခုတစ်ပတ် စနေနေ့မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်(၃၄)ကို ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိပြီး ဘရိုက်တန်က လိဒ်စ်ယူနိုက်တက်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ ဘရိုက်တန်တို့ အစဉ်အလာအရ အသာရခဲ့ပေမယ့်  လက်ရှိ ခြေစွမ်းပိုင်းအရ ဆိုရင်တော့ လိဒ်စ်ယူနိုက်တက်ကို ခြေရည်တူ ကစားဖို့ ခက်ခဲပါလိမ့်မယ်။

ဘရိုက်တန်တို့ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၄ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပြီး ရမှတ် ၂ မှတ်ပဲ ရှာဖွေနိုင်ခဲ့တာကြောင့် အမှတ်ပေးဇယား အဆင့် ၁၇ နေရာအထိ ကျဆင်းသွားခဲ့ပါတယ်။ ဒါပေမယ့် တန်းဆင်းဇုန်ထဲက ဖူလ်ဟမ်နဲ့ ၇ မှတ်အထိ ကွာဟနေသေးတာကြောင့် ဘရိုက်တန်တို့ ဖိအားအရမ်းများနေတဲ့ အခြေအနေတော့ မဟုတ်ပါဘူး။ တစ်ချက်ရှိတာက ဘရိုက်တန်ဟာ မန်ချက်စတာယူနိုက်တက်ကို ကပ်ရှုံးခဲ့တာ ဖြစ်သလို ချဲလ်ဆီး၊ အဲဗာတန် တို့ကို သရေ ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ပွဲ မှာတော့ ရှက်ဖီးလ်ယူနိုက်တက် လို ပရီးမီးယားလိဂ် ကနေ တန်းဆင်းသွားတဲ့ အသင်းကိုမှ ရှုံးနိမ့်ခဲ့လို့ ခြေစွမ်းက ခန့်မှန်းရခက်ပါတယ်။ အတက်အကျ မမှန်ပါဘူး။ သေချာတာက ဘရိုက်တန်တို့ ဒီပွဲပြီးရင် ဝုဗ်၊ ဝက်စ်ဟမ်း၊ မန်ချက်စတာစီးတီး၊ အာဆင်နယ်တို့နဲ့ တောက်လျောက် ကစားရမှာ ဖြစ်လို့ ပွဲအနည်းငယ်ချောင်နေတဲ့ အချိန်မှာ တတ်နိုင်သမျှ အမှတ်ရဖို့ အားစိုက်ကစားလာမှာ သေချာပါတယ်။ လက်ရှိ အသင်းမှာ ဆိုလီမာ့ချ် တစ်ဦးတည်း ဒဏ်ရာပြသနာရှိနေပြီး ကျန်ကစားသမားတွေ အားလုံးကတော့ ပွဲထွက် ကစားနိုင်ဖို့ ရှိနေပါတယ်။

 
လိဒ်စ်ယူနိုက်တက် ကတော့ လက်တလောမှာ အသင်းလိုက် ကစားပုံ ဟန်ချက်ညီနေပြီး ပုံစံကောင်းတစ်ခုကို ထိန်းသိမ်းထားတာ တွေ့ရပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၆ ပွဲဆက် ရှုံးပွဲ မရှိခဲ့တဲ့ လိဒ်စ်ယူနိုက်တက်တို့ ချဲလ်ဆီး၊ လစ်ဗာပူးလ်၊ မန်ချက်စတာယူနိုက်တက်လို အသင်းတွေကို သရေကစားထားပြီး မန်စီးတီးကို အီတီဟတ်မှာ တစ်ယောက်လျော့နဲ့ အနိုင်ရအောင် ကစားထားခဲ့ပါတယ်။ အစောပိုင်း သုံးသပ်ချက်တွေမှာ ‌ပြောခဲ့သလိုပဲ မာဆယ်လို ဘီရယ်ဆာရဲ့ ၄-၁-၄-၁ ကစားကွက်က လက်ရှိ လူစာရင်းနဲ့ တော်တော်လေး အသားကျသွားခဲ့တာ တွေ့ရပြီး ရာဖင်ညာ၊ ရိုဒရီဂို၊ လီယမ်ကူပါး၊ ဟဲလ်ဒါကော်စတာတို့ မကစားနိုင်တဲ့ အချိန်မှာတောင် ရှိတဲ့လူစာရင်းနဲ့ ပုံစံကောင်းတစ်ခု ပျက်မသွားအောင် ထိန်းကစားနိုင်တာ တွေ့ရပါတယ်။ လိဒ်စ်တို့ နောက်ဆုံး ၅ ပွဲမှာ ယူနိုက်တက်နဲ့ ပွဲမှာပဲ ဂိုးမသွင်းနိုင်ခဲ့တာ ဖြစ်ပေမယ့် အခုပွဲမှာတော့ မာကျောတဲ့ ဘရိုက်တန်ရဲ့ ခံစစ်ကို ကျော်ဖြတ်နိုင်ဖို့တော့ အခက်အခဲ ရှိနိုင်ပါတယ်။ လိဒ်စ်ယူနိုက်တက်တို့ လက်တလော ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရပ်တည်ထားနိုင်လို့ သူတို့ရဲ့ ရည်ရွယ်ချက်အတိုင်း ရာသီအကုန်မှာ အဆင့် ၁၀ အတွင်း ဝင်ဖို့အတွက် တတ်နိုင်သမျှ အမှတ်ရှာဖွေဖို့ ကြိုးပမ်းလာပါလိမ့်မယ်။

ဘရိုက်တန်တို့ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၄ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပြီး ရမှတ် ၂ မှတ်ပဲ ရှာဖွေနိုင်ခဲ့တာကြောင့် အမှတ်ပေးဇယား အဆင့် ၁၇ နေရာအထိ ကျဆင်းသွားခဲ့ပါတယ်။
နောက်ဆုံး ၅ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားတဲ့ ဘရိုက်တန်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဘရိုက်တန်တို့ လိဒ်စ်ယူနိုက်တက်တို့ အစဉ်အလာအရ တော်တော်လေး အသာရခဲ့တာ တွေ့ရပြီး နောက်ဆုံးတွေ့ဆုံမှု ၁၃ ကြိမ်မှာ ဘရိုက်တန်တို ၉ ကြိမ်အထိ အနိုင်ရထားပါတယ်။ လိဒ်စ်ကတော့ ၂ ကြိမ်သာ ပြန်လည် အနိုင်ရခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ် တွေ့ဆုံမှုမှာလည်း ဘရိုက်တန်က အဲလန်ရုတ်ဒ်မှာ ၀-၁ နဲ့ အနိုင်ရထားပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဘရိုက်တန် – လိဒ်စ်ယူနိုက်တက် အချိန်ပြည့် 1X2 ဧည့်သည် @ 3.00
မေလ ၁ ရက်, ည ၈:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၂.၂၀ ဆ နဲ့ ဧည့်သည်အသင်းအတွက်  ၃.၂၀ ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၅၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ဘရိုက်တန်တို့ လိဒ်စ်နဲ့ တွေ့ဆုံချိန်တိုင်းမှာ အသာရခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိ အခြေအနေအရတော့ လိဒ်စ်တို့ အကောင်းဆုံး ပုံစံရနေတာကြောင့် အစဉ်အလာတွေကို မေ့လိုက်ရမယ့် သဘောမှာ ရှိပါတယ်။ လိဒ်စ်ယူနိုက်တက်တို့ ၁-၂ လောက်နဲ့ အနိုင်ရသွားမယ် ထင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်