အဲဗာတန် ၂ – ၁ အာဆင်နယ်
မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ပွဲစဉ် တစ်ပွဲမှာတော့ အဲဗာတန်က အိမ်ကွင်း ဂူဒီဆင်ပါ့ခ်မှာ အာဆင်နယ်ကို ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရသွားပါတယ်။ အခုပွဲရလဒ်ကြောင့် အဲဗာတန်တို့ ပရီးမီးယားလိဂ် မှာ ၃ ပွဲဆက် နိုင်ပွဲရခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၂ နေရာအထိ ပြန်လည်တက်လှမ်းနိုင်ခဲ့ပေမယ့် အာဆင်နယ်ကတော့ ရှုံးမြဲအတိုင်း ရှုံးပွဲဆက်ခဲ့လို့ အမှတ်ပေးဇယား အဆင့် ၁၅ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါ တယ်။
ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် နှစ်ပွဲဆက်တိုက် ချဲလ်ဆီးနဲ့ လက်စတာစီးတီးတို့လို အသင်းတွေကို အနိုင်ရထားလို့ စိတ်ဓာတ်တက်ကြွနေတဲ့ အဲဗာတန်တို့ အခုပွဲစဉ်မှာလည်း အာဆင်နယ်ကို အနိုင်ရဖို့ အတွက် အရင်ပွဲစဉ်တွေက လူစာရင်းအတိုင်း ပွဲထွက်လာခဲ့ ပါတယ်။ အာဆင်နယ်မှာတော့ ခံစစ်က ဂါဘရီရယ်၊ ကွင်းလယ်က ဂရန်းနစ် ရှာကာတို့ အနီကတ် ပြစ်ဒဏ်ကြောင့် ပါဝင်လာနိုင်ခြင်းမရှိပဲ တိုက်စစ်က အော်ဘာမီယန်းလည်း ခြေသလုံးကြွက်သား ဒဏ်ရာကြောင့် ပါဝင်လာခြင်းမရှိပါဘူး။ အဲဗာတန်ရော အာဆင်နယ်ရော ပွဲစတာနဲ့ သွင်းဂိုးတွေ ရရှိဖို့ အတွက် တောင်ပံက ဖြတ်တင်ပေးပို့မှုတွေနဲ့ အပြန်အလှန် တိုက်စစ်ဆင် ကစားခဲ့ကြပေမယ့် ထိရောက်တဲ့ ဂိုးပေါက် ခြိမ်းခြောက်မှုတွေတော့ မပြုလုပ်နိုင်ခဲ့ကြပါဘူး။ ဒါပေမယ့် ပွဲချိန် ၂၂ မိနစ်မှာ ကလဲဗက်လီဝင်းရဲ့ ခေါင်းတိုက်ချက်ကို တားဆီးခဲ့တဲ့ ရော့ဘ် ဟိုးလ်ဒင်းရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့တဲ့ ဂိုး ကြောင့် အဲဗာတန်တို့ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် ၃၅ မိနစ်မှာ အာဆင်နယ်တို့ ချေပဂိုးပြန်ရခဲ့ပြီး ပင်နယ်တီ ကနေတစ်ဆင့် နီကိုလာစ် ပေပေက သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်တို့ ချေပဂိုးရရှိပြီးလို့ ၁၀ မိနစ် အကြာမှာတင် အဲဗာတန်တို့ နောက်ထပ်ဂိုးတစ်ဂိုး ရခဲ့ပါတယ်။ ဒီဂိုးကိုတော့ ကွင်းလယ်က ဆီဂတ်ဆန်ရဲ့ ဖြတ်တင်ပေးပို့မှုက တစ်ဆင့် ရယ်ယီ မီနာက ခေါင်းတိုက်သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ အာဆင်နယ်တို့ ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူ ကစားနိုင်ခဲ့ပေမယ့် လိုအပ်တဲ့ ချေပဂိုးတွေ သွင်းယူနိုင်ခြင်း မရှိခဲ့လို့ ပွဲအပြီးမှာ ၂-၁ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။
ပွဲပြီးသုံးသပ်ချက်
မီခယ်အာတေးတားရဲ့ အသင်းက ခံစစ်မရှိ၊ ကွင်းလယ်က ဖန်တီးမှုမရှိ၊ တိုက်စစ်က ဂိုးမသွင်းနိုင်တဲ့ အခြေအနေ ဖြစ်ပြီး အာဆင်နယ်တို့ ဒီပုံအတိုင်းဆက်သွားရင် ရာသီကုန်မှာ တန်းတောင်ဆင်းသွားနိုင်ပါတယ်။ အဓိကက မီခယ် အာတေးတားရဲ့ နည်းစနစ်ပိုင်းဖြစ်ပြီး စပိန်သားနည်းပြရဲ့ ပွဲတစ်ပွဲကို ချဉ်းကပ်ပုံ၊ စဉ်းစားပုံက တော်တော်လေး လွဲချော်နေပြီဆိုတာ ပိုပိုပြီး သိသာလာခဲ့ပါတယ်။ အရပ်မောင်းမြင့်မားပြီး ခေါင်းတိုက်ဘောတွေကနေ တစ်ဆင့် ဂိုးသွင်းတတ်တဲ့ အသင်းမျိုးနဲ့ တွေ့ဆုံနေတဲ့အချိန်မှာတောင် အရပ်အမောင်းနိမ့်တဲ့ ကစားသမားတွေနဲ့ လူကပ်ကစား စေတာဟာ အာတေးတား ဘယ်လောက်အထိ စွမ်းဆောင်ရည် ညံသလဲဆိုတာကို မီးမောင်းထိုးပြလိုက်သလို ပါပဲ။ နောက်ပြီး တစ်ပွဲလုံး ဂိုးပေါက် ခြိမ်းခြောက်မှု ၁၃ ကြိမ်အထိ ရှိခဲ့ပေမယ့် ဂိုးပေါက်တည့်မှုက ၂ ကြိမ်ပဲ ရှိခဲ့တာ ကတော့ တော်တော်လေး စိတ်ပျက်စရာကောင်းပါတယ်။ ခြုံငုံပြီးသုံးသပ်ရရင် အခုပွဲမှာ အဲဗာတန်တို့ ခြေစွမ်းက အကောင်းဆုံးမှာ ရှိနေလို့ အနိုင်ရခဲ့တာ မဟုတ်ပဲ အာဆင်နယ်တို့ ခြေစွမ်း ဆိုးရွားလွန်းလို့သာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲအပြီးမှာ အာဆင်နယ်တို့ ရခဲ့တဲ့ နောက်ထပ် ဆိုးရွားတဲ့ စံချိန်တွေကတော့ ပရီးမီးယားလိဂ် မှာ ၁၄ ပွဲကစားရာမှာ ၁၄ မှတ်သာရရှိထားပြီး နှစ်ပေါင်း ၆၀ အတွင်း အဆိုးရွားဆုံး အခြေအနေကို ပိုင်ဆိုင်ထားခဲ့ရပါပြီ။ အာတေးတား ကိုင်တွယ်ချိန်ကစလို့ ကိုယ့်ဂိုးကိုယ် အများဆုံး သွင်းယူထားတဲ့ အသင်းဖြစ်လာခဲ့ပါပြီ။
လာမယ့်ပွဲစဉ်များ
အာဆင်နယ်တို့ကတော့ ကံဆိုးပြီးရင်းဆိုးရင်း ပါပဲ။ လာမယ့် ပွဲစဉ်မှာ မန်ချက်စတာစီးတီးနဲ့ ခရာဘောင်ဖလား ရှုံးထွက်ပွဲစဉ် ကစားရဖို့ရှိသလို စူပါဆန်းဒေးမှာတော့ ချဲလ်ဆီးနဲ့ ကစားရဦးမှာပါ။ အဲဗာတန်တို့ဟာလည်း လာမယ့်ရက်မှာ မန်ချက်စတာယူနိုက်တက်နဲ့ ခရာဘောင်ဖလား ကွာတားဖိုင်နယ်ပွဲစဉ် ကစားရဖို့ ရှိနေပြီး ရှက်ဖီးလ်ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားရဖို့ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.