နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ (ပွဲပြီးသုံးသပ်ချက်များ)

ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားခဲ့ရာမှာတော့ ဖရန့်ဖတ်-ဘာစီလိုနာ၊ လိုက်ပ်ဇစ်-အတ္တလန္တာ၊ ဝက်စ်ဟမ်း-လိုင်ယွန် ပွဲတွေ ကတော့ တိုက်တိုက်ဆိုင်ဆိုင် တစ်ဖက် တစ်ဂိုးစီ သရေ ရလဒ်တွေနဲ့ ပြီးဆုံးခဲ့ပြီး ဘရာဂါ ကတော့ ရိန်းဂျားစ်ကို ၁-၀ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။


ဖရန့်ဖတ် ၁-၁ ဘာစီလိုနာ

ရှုံးထွက်အဆင့် ပထမအကျော့ ပွဲစဉ်တွေဆိုရင် ရုန်းကန်ရလေ့ရှိတဲ့ ဘာစီလိုနာ ထုံးစံ အတိုင်း အဝေးကွင်းမှာ ခက်ခက်ခဲခဲ ကစားသွားခဲ့ရတာ ဖြစ်ပါတယ်။ အိုလီဗာ ဂလက်စနာရဲ့ အသင်းက ၃-၄-၂-၁ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး ဘော်ရီ၊ ကာမာဒါ၊ နော့ဖ်၊ ဂျာကစ်၊ ကော့စတစ်၊ တူတာ၊ အန်ဒီကာ တို့နဲ့ လူစုံခဲ့ပါတယ်။ ဇာဗီ ကတော့ ပုံမှန် ပွဲထွက်နေကျ ၄-၃-၃ အခင်းအကျင်းနဲ့ကိုမှ အော်ဘာမီယန်း၊ ထရာအိုရေးနဲ့ ဖာရန်းတောရက်စ် တို့ကို တိုက်စစ်မှာ တွဲဖက်ပေးခဲ့ပြီး ကွင်းလယ်နဲ့ ခံစစ် မှာတော့ ဂါဗီရာ၊ ဘူးစကွက်စ်၊ ပက်ဒရီ၊ ဂျော်ဒီ အဲလ်ဘာ၊ ဂါစီယာ၊ ပီကေး၊ အာရူဟို တို့ ပါဝင်လာခဲ့ပါတယ်။ ဖရန့်ဖတ်ရဲ့ မထင်မှတ်တဲ့ တုန့်ပြန်မှုကြောင့် ဘာစီလိုနာတို့ ပထမပိုင်းမှာ တော်တော်လေး ရုန်းကန်ခဲ့ရပါတယ်။ ပွဲချိန် ၃၉ မိနစ်မှာ ဘော်ရီကြောင့် ဖရန့်ဖတ်တို့ ပင်နယ်တီ ရခဲ့ပေမယ့် VAR ပြန်ကြည့်ပြီး ပယ်ဖျက်ခဲ့လို့ ဘာစီလိုနာတို့ ကံကောင်းခဲ့ရပါတယ်။

ဒုတိယပိုင်း ပြန်စချိန် မှာတော့ ဖရန့်ဖတ်တို့ ဦးဆောင်ဂိုး ရရှိသွားခဲ့ပြီး အန်စ်ဂါ နော့ဖ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ဘာစီလိုနာတို့ ဘောလုံး ပိုင်ဆိုင်မှု အသာစီးရခဲ့ပေမယ့် ဖရန့်ဖတ် ဂိုးပေါက်ကိုတော့ ထိရောက်တဲ့ ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် ပွဲချိန် ၆၆ မိနစ်မှာ ထရာအိုရေးနဲ့ ဂါဗီ အစား ဒမ်ဘီလီနဲ့ ဖရန်ကီ ဒီယောင်တို့ ဝင်ရောက်လာချိန်မှာ ဘာစီလိုနာတို့ ကစားအား ပိုကောင်းသွားခဲ့ပြီး ပွဲချိန် မိနစ် ၈၀ လောက်မှာ ဖရန့်ဖတ်ရဲ့ အဓိက နောက်ခံလူ တစ်ဦး ဖြစ်တဲ့ တူတာ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရလို့ ဧည့်သည် အသင်းပဲ တစ်ဖက်သတ် ဆန်ဆန် ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လက်ကျန် မိနစ်တွေမှာ နှစ်သင်းလုံး ဂိုးထပ်မသွင်းနိုင်တော့ ၁-၁ ရလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပြီး ဘာစီလိုနာတို့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်းဖို့ အခြေအနေ ကောင်းသွားခဲ့ပါတယ်။

လာလီဂါ
ကာဒပ်ဇ်
ရီးယဲလ် ဘက်တစ်
1X2 သရေ @ 3.15
ရီးယဲလ် ဘက်တစ် အာရှ အကျောပေး -0.25 @ 2.00
ဂိုး‌ပေါ်် 2.50 @ 2.28
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

လိုက်ပ်ဇစ် ၁-၁ အတ္တလန္တာ

ခြေညီတဲ့ နှစ်သင်း ကစားတဲ့ပွဲ ဖြစ်လို့ အပြန်အလှန် ထိုးဖောက်မှုတွေနဲ့ ကြည့်ကောင်းခဲ့ပြီး အဆုံးသတ်ပိုင်း အားနည်းချက်တွေ ရှိခဲ့လို့သာ သရေ ရလဒ်နဲ့ပဲ ပြီးဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ နှစ်သင်းလုံး ခံစစ် ၃ ယောက်တန်း အခင်းအကျင်းတွေနဲ့ ပွဲထွက်ခဲ့ကြပြီး လူစုံခဲ့ကြပါတယ်။ လိုက်ပ်ဇစ်ရဲ့ တိုက်စစ်မှာ အန်ကွန်ကူနဲ့ အန်ဒရီဆေးလ်ဗားပဲ ဦးဆောင်လာခဲ့ပြီး ဒန်နီ အော်လမို၊ ကမ်ပဲလ်၊ အိန်ဂျယ်လီနို၊ ဟန်းနရစ်ချ်၊ လိုင်မာ၊ ဂက်ဗာဒီယို၊ အော်ဘန်၊ ကလော့စတာမန်၊ ဂူလက်ရှီ တို့ ပါဝင်ခဲ့ပါတယ်။ အတ္တလန္တာ ကတော့ လူးဝစ် မူရီရယ်ကို False 9 ကစားစေပြီး ပါဆာလစ်၊ ပက်ဆီနာ၊ ဇာပါကော်စတာ၊ ဖရီအူလာ၊ ကူ့ပ်မိုင်းနား၊ ဟိတ်ဘိုးဝါး၊ ပယ်လိုမီနို၊ ဒါမီရယ်၊ ဒီရွန်၊ မူဆို တို့ကို ပွဲထုတ်ခဲ့ပါတယ်။

လိုက်ပ်ဇစ် တို့ အိမ်ကွင်း အားသာချက်နဲ့ ပွဲစကတည်းက ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် ပွဲချိန် ၁၇ မိနစ်မှာတင်ပဲ အတ္တလန္တာတို့ ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။ ဇာပါကော်စတာရဲ့ ဖန်တီးပေးမှုကို လူးဝစ် မူရီရယ်က အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ချေပဂိုး ပြန်ရဖို့ အားစိုက်ခဲ့တဲ့ လိုက်ပ်ဇစ်ရဲ့ ကစားပုံကြောင့် ပွဲချိန် မိနစ် ၆၀ နီးပါး မှာတော့ အတ္တလန္တာ တို့ ချေပဂိုး ပြန်လည် ခွင့်ပြုပေးခဲ့ရပါတယ်။ ဒီဂိုး မတိုင်ခင် အန်ဒရီ ဆေးလ်ဗား ပင်နယ်တီ ကန်ခွင့်ရခဲ့ပေမယ့် မူဆို ကာကွယ်နိုင်ခဲ့လို့ အတ္တလန္တာတို့ ကံကောင်းခဲ့ရပါတယ်။ လက်ကျန် မိနစ်တွေ မှာတော့ နှစ်သင်းလုံး ဂိုးထပ်မသွင်းနိုင်တော့လို့ ၁-၁ ရလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပြီး ဒုတိယအကျော့ အိမ်ကွင်းမှာ ကစားရမယ့် အတ္တလန္တာတို့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် တက်ရေး အလေးသာသွားခဲ့ပါတယ်။


ဝက်စ်ဟမ်း ၁-၁ လိုင်ယွန်

အခုပွဲ ရလဒ်ကြောင့် ယူရိုပါလိဂ် ဒုတိယအကျော့ ပြင်သစ်မြေမှာ ဝက်စ်ဟမ်းတို့ ပိုပြီး အားစိုက်ဖို့ လိုအပ်သွားခဲ့ပြီး လိုင်ယွန် ကတော့ အနိမ့်ဆုံး ဂိုးမပေးရပဲ သရေ ကစားနိုင်ရင်တောင် ဆီမီးဖိုင်နယ် တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
ပွဲချိန် တစ်ဝက်နီးပါး တစ်ယောက်လျော့နဲ့ ကစားခဲ့ရပေမယ့် လိုင်ယွန် ကို သရေကစားနိုင်ခဲ့တဲ့ ဝက်စ်ဟမ်း

ဝက်စ်ဟမ်းတို့ အိမ်ကွင်း အားသာချက် ရှိခဲ့ပြီး ခြေစွမ်းလည်း ပိုကောင်းခဲ့ပေမယ့် ပွဲချိန် တစ်ဝက်လောက် တစ်ယောက်လျော့နဲ့ ကစားခဲ့ရလို့ ခက်ခဲတဲ့ ပွဲစဉ် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း တစ်ယောက်လျော့သွားချိန်မှာလည်း ဝက်စ်ဟမ်းတို့ ပုံစံကောင်း တစ်ခုနဲ့ လိုင်ယွန်ကို ပြန်လည် တုန့်ပြန်နိုင်ခဲ့ပြီး ဦးဆောင်ဂိုးလည်း သွင်းနိုင်ခဲ့ပါတယ်။ ဝက်စ်ဟမ်း အတွက် ဦးဆောင်ဂိုး ကိုတော့ ပွဲချိန် ၅၂ မိနစ်မှာ ဂျရော့ဒ် ဘိုဝင်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပွဲချိန် ၆၆ မိနစ်မှာ လိုင်ယွန်တို့ ချေပဂိုး ပြန်ရသွားခဲ့ပြီး အန်ဒွန်ဘီလီက သွင်းယူပေးခဲ့တာပါ။ ပွဲချိန် အတွင်း အငြင်းပွားမှု တချို့ ရှိခဲ့ပြီး နည်းပြ ဒေးဗစ် မွိက်စ်လည်း အဝါကတ် ပြသခံခဲ့ရပါတယ်။ တစ်ယောက်လျော့နဲ့ ကစားခဲ့ရလို့ ပွဲပြီး အချက်အလက်တွေမှာ ကွာဟမှု ရှိခဲ့ပေမယ့် တစ်ယောက်လျော့နဲ့ သရေရအောင် ကစားနိုင်ခဲ့တဲ့ ဝက်စ်ဟမ်းရဲ့ ခြေစွမ်း ကိုတော့ ချီးကျူးရမှာ ဖြစ်ပါတယ်။ အခုပွဲ ရလဒ်ကြောင့် ယူရိုပါလိဂ် ဒုတိယအကျော့ ပြင်သစ်မြေမှာ ဝက်စ်ဟမ်းတို့ ပိုပြီး အားစိုက်ဖို့ လိုအပ်သွားခဲ့ပြီး လိုင်ယွန် ကတော့ အနိမ့်ဆုံး ဂိုးမပေးရပဲ သရေ ကစားနိုင်ရင်တောင် ဆီမီးဖိုင်နယ် တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။


ဘရာဂါ ၁-၀ ရိန်းဂျားစ်

ဘရာဂါတို့ အိမ်ကွင်းမှာ ရိန်းဂျားစ်ကို လွယ်လွယ်ကူကူတော့ အနိုင်ရခဲ့တာ မဟုတ်ပါဘူး။ ဒီနေ့ပွဲမှာ ဘရာဂါတို့ ၃-၄-၃ အခင်းအကျင်းနဲ့ ပွဲထွက်ခဲ့ပြီး ရိန်းဂျားစ် ကတော့ ၄-၂-၃-၁ နဲ့ ပြန်လည် ရင်ဆိုင်သွားခဲ့ပါတယ်။ ပွဲအစ ၂၅ မိနစ် မှာပဲ ဘရာဂါတို့ ဦးဆောင်ဂိုး ရခဲ့ပေမယ့် VAR က ပြစ်ဒဏ်ဘော အဖြစ်သာ သတ်မှတ်ပေးခဲ့လို့ ရိန်းဂျားတို့ ကံကောင်းခဲ့ရပါတယ်။ ဒါပေမယ့် ပွဲချိန် မိနစ် ၄၀ မှာတော့ အိမ်ရှင်တို့ အမှန်တကယ် ဂိုးရသွားခဲ့ပြီး မက်ဒီရော့စ် ဖန်တီးပေးတဲ့ ဘောလုံးကို တိုက်စစ်မှူး အေဘယ် ရူအစ်ဇ် က ဧရိယာ ထိပ်ကနေ အပြင်းကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ဒုတိယပိုင်း မှာတော့ နှစ်သင်းလုံး ကစားသမား အပြောင်းအလဲတွေ ပြုလုပ်ခဲ့ပေမယ့် သွင်းဂိုးတွေ ထပ်မရခဲ့လို့ ၁-၀ ရလဒ်နဲ့ပဲ ဘရာဂါတို့ အိမ်ကွင်းမှာ အနိုင်ရသွားခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်