နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပြင်သစ်၊ ဘယ်လ်ဂျီယံနဲ့ ပေါ်တူဂီတို့ နိုင်ပွဲ ကိုယ်စီ ရရှိခဲ့ကြတဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲ အုပ်စု ပွဲစဉ်များ

ယူရို ၂၀၂၄ မနေ့ညကတော့ ယူရို ၂၀၂၄ ခြေစစ်ပွဲ ဥရောပဇုန် အုပ်စု ပွဲစဉ်တွေ ယှဉ်ပြိုင် ကစားခဲ့ကြပြီးတော့ ဘယ်ဂျီယံ၊ ပြင်သစ်နဲ့ ပေါ်တူဂီတို့ နိုင်ပွဲ ကိုယ်စီ ရရှိခဲ့ကြပါတယ်။ 


နယ်သာလန် ၁-၂ ပြင်သစ်

အုပ်စု (B) ရဲ့ ပွဲကောင်း တစ်ပွဲ ဖြစ်တဲ့ နယ်သာလန်နဲ့ ပြင်သစ်တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုမှာတော့ ဧည့်သည် အသင်းက အဘက်ဘက်က အသာစီးနဲ့ ကစားပြီး နိုင်ပွဲ ရရှိခဲ့တာ ဖြစ်ပါတယ်။ အရေးကြီးတဲ့ ပွဲစဉ် ဖြစ်လို့ နှစ်သင်းစလုံး အတောင့်တင်းဆုံး လူအင်အားနဲ့ ပွဲထွက်လာခဲ့ကြပြီး နယ်သာလန်တို့ လိုအပ်နေတဲ့ ရမှတ်တွေ အတွက် အားစိုက်ခဲ့ပါတယ်။ ဒါပေမယ့် ပြိုင်ဘက် တိုက်စစ်မှူး ကီလီယန် အမ်ဘာပေးရဲ့ ဦးဆောင်ဂိုး ၂ ကြိမ်စလုံးကို ခွင့်ပြုပေးခဲ့ရပြီး နောက်က လိုက်ကစားခဲ့ရပါတယ်။ ပွဲချိန် မိနစ် ၈၀ ကျော်မှာ နယ်သာလန်တို့ ချေပဂိုး ရခဲ့ပြီး ဟာ့တ်မန်းက သွင်းယူပေးခဲ့ပေမယ့် ပြင်သစ်က အနိုင်ရလဒ်ကို ထိန်းကစားသွားတာကြောင့် ရှုံးပွဲ ကြုံခဲ့ရတာ ဖြစ်ပါတယ်။ ပွဲအပြီးမှာ ပြင်သစ်က ရမှတ် ၁၈ မှတ်နဲ့ အုပ်စု B ကို ဆက်လက် ဦးဆောင်နိုင်ခဲ့ပြီး ယူရို ၂၀၂၄ ခြေစစ်ပွဲ အောင်မြင်သွားခဲ့ပါတယ်။ ဒါပေမယ့် တစ်ဖက်က နယ်သာလန် ကတော့ ခြေစစ်ပွဲ အောင်မြင်ရေး လက်ကျန် ၂ ပွဲမှာ မဖြစ်မနေ ရလဒ်ကောင်းဖို့ လိုအပ်သွားခဲ့ပါတယ်။


ပေါ်တူဂီ ၃-၂ ဆလိုဗက်ကီးယား

ရော်နယ်ဒိုရဲ့ နိုင်ငံတကာ သွင်းဂိုး အရေအတွက် ကတော့ ၁၂၅ ဂိုးအထိ ရှိလာခဲ့ပြီး သူ့ရဲ့ အသင်း ကလည်း ယူရို ၂၀၂၄ ခြေစစ်ပွဲ ရာနှုန်းပြည့် နိုင်ပွဲကို ဆက်လက် ဖော်ဆောင်နိုင်ခဲ့ပါတယ်။
နိုင်ငံတကာ သွင်းဂိုး ၁၂၅ ဂိုး အထိ သွင်းယူထားနိုင်ခဲ့တဲ့ ရော်နယ်ဒို

ဒီပွဲ ကလည်း GOAT ကြီး ရော်နယ်ဒိုရဲ့ ပွဲ ဖြစ်ခဲ့တယ်လို့ပဲ ဆိုရပါမယ်။ ပေါ်တူဂီ အတွက် ဦးဆောင်ဂိုးကို ဂွန်ဆာလို ရာမို့စ်က ၁၈ မိနစ်မှာ သွင်းယူခဲ့ပါတယ်။ အဲ့နောက် ပွဲချိန် ၂၉ မိနစ်မှာ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်ဒိုက ပင်နယ်တီက တဆင့် ဒုတိယဂိုးနဲ့ ဒုတိယပိုင်း ၇၂ မိနစ်မှာ ဖရီးကစ် ကနေ တတိယဂိုး တို့ကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဆလိုဗက်ကီးယား အတွက် နောက်ကျ ချေပဂိုး ၂ ဂိုး ကိုတော့ ၆၉ မိနစ်မှာ ဟန့်ကိုနဲ့ မိနစ် ၈၀ တို့မှာ လိုဘွတ်ကာက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့ နိုင်ငံတကာ သွင်းဂိုး အရေအတွက် ကတော့ ၁၂၅ ဂိုးအထိ ရှိလာခဲ့ပြီး သူ့ရဲ့ အသင်း ကလည်း ယူရို ၂၀၂၄ ခြေစစ်ပွဲ ရာနှုန်းပြည့် နိုင်ပွဲကို ဆက်လက် ဖော်ဆောင်နိုင်ခဲ့ပါတယ်။ ရှုံးနိမ့်ခဲ့တဲ့ ဆလိုဗက်ကီးယား ကတော့ ရမှတ် ၁၃ မှတ်နဲ့ အုပ်စု အဆင့် ၂ နေရာမှာ ဆက်ရှိနေပြီး ခြေစစ်ပွဲ အောင်မြင်ဖို့တော့ အခြေအနေကောင်းနေဆဲ ဖြစ်ပါတယ်။


ဩစတြီးယား ၂-၃ ဘယ်လ်ဂျီယံ

အုပ်စု (F)ရဲ့ ပွဲစဉ် တစ်ပွဲ မှာတော့ ဘယ်လ်ဂျီယံတို့ ဩစတြီးယားရဲ့ အိမ်ကွင်းမှာ သွားရောက် ကစားခဲ့ပြီး အပြန်အလှန် သွင်းဂိုးတွေနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲမှာ အိမ်ရှင် အသင်းက ဘောလုံး ပိုင်ဆိုင်မှု အသာစီးရခဲ့ပေမယ့် အဆုံးသတ် အပိုင်းမှာတော့ ဘယ်လ်ဂျီယံ တို့က ပိုကောင်းခဲ့ပါတယ်။ ဧည့်သည် အသင်း အတွက် ဂိုးတွေ ကိုတော့ ဆီဗီလာ ကစားသမားကို လူကီဘာကီယိုက ၁၂ မိနစ်နဲ့ ၅၅ မိနစ် တို့မှာ သွင်းယူပေးခဲ့ပြီး ၅၈ မိနစ် မှာတော့ လူကာကူက သွင်းယူပေးခဲ့ပါတယ်။ ဩစတြီးယား အတွက် ချေပဂိုး ၂ ဂိုး ကိုတော့ လိုင်မာနဲ့ ဆဘစ်ဇာ တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ 

ကမ္ဘာ့ ဖလား
ဥရုဂွေး
ဘရာဇီး
1X2 သရေ @ 3.25
ဘရာဇီးလ် အာရှ ဟန်းဒီးကပ် -0.75 @ 2.07
ဂိုးပေါ် 2.50 @ 2.05
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အခြားပွဲစဉ်ရလဒ်များ

အိုင်ယာလန် ၀-၂ ဂရိ

အိုက်စလန် ၁-၁ လူဇင်ဘော့ဂ်

လက်ချင်စတိန်း ၀-၂ ဘော့စ်နီးယား


ခြေစမ်းပွဲ ရလဒ်များ

ဂျော်ဒန် ၁-၃ အီရန်

အင်္ဂလန် ၁-၀ ဩစတြေးလျ


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်