နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

သမိုင်းဝင်‌ အောင်မြင်မှုဆီ အကောင်းဆုံး ခြေစွမ်းနဲ့ တစ်ဆင့်ချင်း တက်လှမ်းနေတဲ့ အင်္ဂလန် – ယူရို ၂၀၂၀ ပွဲပြီးသုံးသပ်ချက်

ယူကရိန်း ၀ – ၄ အင်္ဂလန်

(ကိန်း ၄’၊ ၅၀’၊ မက်ဂွိုင်းယား ၄၆’၊ ဟန်ဒါဆင် ၆၃’)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရို ၂၀၂၀ ကွာတားဖိုင်နယ် နောက်ဆုံးပွဲစဉ် မှာတော့ အင်္ဂလန်တို့ ယူကရိန်းကို ဟယ်ရီကိန်း၊ မက်ဂွိုင်းယား၊ ဟန်ဒါဆန် တို့ရဲ့ သွင်းဂိုးတွေနဲ့ ယူကရိန်းကို ၄ ဂိုးပြတ် အနိုင်ယူပြီး ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

ယူကရိန်း နည်းပြ ရှက်ဗ်ချန်ကို အနေနဲ့ ပြီးခဲ့တဲ့ ဆွီဒင်နဲ့ ပွဲကလူစာရင်းကို အနည်းငယ် အပြောင်းအလဲ လုပ်ခဲ့ပြီး စတက်ဖင်နန်ကို အစား မိုင်ကိုလန်ကို ပွဲထွက်လာခဲ့သလို ၃-၅-၂ အစား ၅-၃-၂ ကို ပြောင်းလဲ အသုံးပြုခဲ့ပါတယ်။ ဆောက်ဂိတ်ရဲ့ အသင်း ကတော့ ဂျာမနီနဲ့ ပွဲတုန်းက သုံးခဲ့တဲ့ ၃-၄-၃ ကစားကွက် အစား ၄-၂-၃-၁ နဲ့ ပြန်လည် ပွဲထွက်လာခဲ့ပြီး ဒဏ်ရာပြသနာ ရှိနေတဲ့ ဘာကာယို ဆာကာ နေရာမှာ ဂျေဒန်ဆန်ချို ပါဝင်လာခဲ့ပါတယ်။ အုပ်စု ပွဲစဉ်တွေ အပြီး တဖြေးဖြေး ခြေစွမ်းတည်ငြိမ်လာတဲ့ အင်္ဂလန်တို့ ဂျာမနီကို ၂-၀ နဲ့ အကောင်းဆုံး ကျော်ဖြတ်ပြနိုင်ခဲ့သလို အခုပွဲမှာလည်း ယူကရိန်းကို ပွဲချိန်ပြည့် တစ်ဖက်သတ် နီးပါး ကစားပြီး ၄-၀ ပြတ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ပွဲအစ ၄ မိနစ် မှာတင် စတာလင်ရဲ့ အကွက်မြင်တဲ့ ဖန်တီးမှုကနေ ဟာရီကိန်းက ဦးဆောင်ဂိုး သွင်းပေးခဲ့ပါတယ်။ အဲ့နောက် ပထမပိုင်း ပွဲပြီးတဲ့ အချိန်ထိ ယူကရိန်းတို့ အင်္ဂလန်ကို အပြန်အလှန် ကစားသွားခဲ့လို့ ၁-၀ ရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။ ဒုတိယပိုင်း မှာတော့ ဒီနှစ်သင်းရဲ့ ခြေစွမ်းဟာ တော်တော်လေး ကွာဟသွားခဲ့တာ တွေ့ရပြီး ပွဲပြန်စပြီးလို့ ၁ မိနစ် အကြာမှာပဲ လုခ်ရှောရဲ့ အလွတ်တည်ကန်ဘော ကနေ မက်ဂွိုင်းယားက ဒုတိယဂိုး၊ နောက်ထပ် ၅ မိနစ် အကြာမှာ ရှောရဲ့ ဖြတ်တင်ဘော ကနေ ဟာရီကိန်းက တတိယဂိုးနဲ့ ၆၃ မိနစ်မှာ ဒေါင့်ကန်ဘော ကနေ မေဆင်မောင့်ရဲ့ ကန်တင်ပေးပို့မှုကို ဂျော်ဒန် ဟန်ဒါဆင်က စတုတ္ထမြောက်ဂိုး တွေကို အသီးသီး သွင်းယူပေးခဲ့ကြပါတယ်။ အဲ့နောက်ပိုင်း မှာတော့ နည်းပြ ဆောက်ဂိတ် အနေနဲ့ လာမယ့် ဆီမီးဖိုင်နယ် ပွဲစဉ် အတွက် အဓိကကစားသမားတွေ ဖြစ်တဲ့ ရှော၊ စတာလင်၊ ကယ်ဗင်ဖီးလစ်၊ ဟာရီကိန်း တို့ကို အနားပေးခဲ့ပြီး ထရစ်ပီယာ၊ ရက်ရှ်ဖို့ဒ်၊ ဘယ်လင်ဂမ်၊ ကဲလ်ဗတ်လီဝင်းတို့ ဝင်လာခဲ့ပါတယ်။ ပွဲပြီးတဲ့ အချိန်ထိ အင်္ဂလန်တို့ ၄-၀ ရလဒ်ကို ထိန်းကစားသွားခဲ့ပြီး ယူရို ၂၀၂၀ ပွဲစဉ်တွေအားလုံး ဂိုးမပေးရတဲ့ စံချိန်ကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

ယူကရိန်း ကတော့ နိုင်ငံရေး အခြေအနေ မငြိမ်သက်မှုတွေ ရှိနေတဲ့ ကြားက ယူရို ၂၀၂၀ မှာ ကွာတားဖိုင်နယ် အထိ ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့တာကိုပဲ ချီးကျုးရမှာ ဖြစ်ပါတယ်။
အဓိကပြိုင်ပွဲကြီးတွေရဲ့ ကွာတားဖိုင်နယ် အဆင့်ကို ဒုတိယအကြိမ်မြောက် ရောက်ရှိခဲ့တဲ့ ယူကရိန်း

ဒီနေ့ပွဲမှာ အင်္ဂလန်ရဲ့ တစ်ပွဲထက် တစ်ပွဲ ပိုကောင်းလာတဲ့ အသင်းလိုက် ကစားပုံ၊ တစ်ဦးချင်း စွမ်းဆောင်ရည် တွေကို မြင်တွေ့ခဲ့ရပြီး သမိုင်းတစ်လျှောက် တစ်ကြိမ် တစ်ခါမှ ဗိုလ်မစွဲခဲ့ဘူးတဲ့ ယူရိုပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး ဖြစ်လာခဲ့ပါပြီ။ ယူကရိန်း ကတော့ နိုင်ငံရေး အခြေအနေ မငြိမ်သက်မှုတွေ ရှိနေတဲ့ ကြားက ယူရို ၂၀၂၀ မှာ ကွာတားဖိုင်နယ် အထိ ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့တာကိုပဲ ချီးကျုးရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကစားသမား ဘဝမှာ သာမက နည်းပြ ဘဝမှာပါ ယူကရိန်းတို့ရဲ့ သမိုင်းတစ်လျှောက် အမြင့်ဆုံး အောင်မြင်မှုတွေ ဖြစ်တဲ့ ၂၀၀၆ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်နဲ့ ယူရို ၂၀၂၀ ကွာတားဖိုင်နယ်‌ ရောက်ရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ အန်ဒရီ ရှက်ဗ်ချန်ကို အရည်အချင်း ကိုလည်း မဖြစ်မနေ ဂုဏ်ပြုရမှာ ဖြစ်ပါတယ်။
 

ကြယ်ပွင့် ကစားသမား – ဟာရီကိန်း

(စာရေးသူ စိတ်ကြိုက်ကစားသမား – လုခ်ရှော)

ဒီနေ့ပွဲရဲ့ အကောင်းဆုံး ကစားသမားဆု ကိုတော့ အင်္ဂလန် အတွက် ၂ ဂိုးသွင်းပေးခဲ့တဲ့ ဟာရီကိန်းက ရရှိသွားခဲ့ပါတယ်။ ကိန်းဟာ အုပ်စု ပွဲစဉ်‌ တောက်လျောက် ဂိုးသွင်းခြေ ပျောက်ဆုံးနေခဲ့ပေမယ့် ပြီးခဲ့တဲ့ ဂျာမနီနဲ့ ပွဲမှာ ဂိုးပေါက် ပြန်တွေ့ခဲ့သလို ဒီနေ့ပွဲ မှာလည်း အင်္ဂလန်ရဲ့ တိုက်စစ်ကို အကောင်းဆုံး ဦးဆောင်သွားနိုင်ခဲ့တာ တွေ့ရပါတယ်။ ကိန်း အနေနဲ့ ဂိုးကန်သွင်းခွင့် ၄ ကြိမ် ရရှိခဲ့ရာမှာ ဂိုးပေါက် ၃ ကြိမ် တည့်ခဲ့ပေမယ့် ပွဲချိန် ၆၂ မိနစ်မှာ ယူကရိန်း ဂိုးသမား ဘူရှန်းရဲ့ အံ့အားသင့်ဖွယ် ကာကွယ်မှုကြောင့် ဟက်ထရစ် ရနိုင်မယ့် အခွင့်အရေးနဲ့ လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။ ကိန်း အပြင် ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပေးခဲ့တဲ့ လုခ်ရှော ဟာလည်း အင်္ဂလန်ရဲ့ နိုင်ပွဲ အတွက် အရေးပါခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် အတွက်သာမက အင်္ဂလန် အတွက်လည်း မရှိမဖြစ် အရေးပါတဲ့ ကစားသမား ဖြစ်ကြောင်း သက်သေ ပြထားနိုင်ခဲ့ပါပြီ။
 
ပွဲစဉ်ရဲ့ အဓိကအချက်အလက်များ

•        အင်္ဂလန်တို့ ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် ဂိုးအပြတ်ဆုံး နိုင်ပွဲ ရရှိခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ယူရို ၉၆ မှာ နယ်သာလန်ကို ၄-၁၊ ၂၀၀၄ မှာ ဆွစ်ဇာလန် ကို ၃-၀ နဲ့ အနိုင်ရခဲ့တာ အင်္ဂလန် အတွက် ဂိုးအပြတ်ဆုံး နိုင်ပွဲတွေလည်း ဖြစ်ခဲ့ပါတယ်။

•        အင်္ဂလန်တို့ ၁၉၆၆ ကမ္ဘာ့ဖလားမှာ ဂျာမနီကို ၄-၂ နဲ့ အနိုင်ရပြီးနောက် အဓိက ပြိုင်ပွဲကြီးတွေရဲ့ ရှုံးထွက်အဆင့်မှာ ဒုတိယအကြိမ်မြောက် ၄ ဂိုး သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

•        အင်္ဂလန်တို့ ၁၉၆၆ ကမ္ဘာ့ဖလားမှာ ၄ ပွဲဆက် ပေးဂိုးမရှိ စံချိန်တင်ခဲ့ပြီး နောက်ပိုင်း လက်ရှိ ယူရို ၂၀၂၀ မှာတော့ ပေးဂိုး မရှိတဲ့ပွဲဟာ ၅ ပွဲအထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။

•        ဟာရီကိန်း အနေနဲ့ အင်္ဂလန် အတွက် အရေးပါတဲ့ ပွဲစဉ် အားလုံးမှာ ၂၄ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။

•        ဟာရီကိန်းဟာ ယူရိုပြိုင်ပွဲ ရှုံးထွက်အဆင့်မှာ ၂ ဂိုး သွင်းနိုင်ခဲ့တဲ့ ပထမဦးဆုံး အင်္ဂလန် ကစားသမား ဖြစ်လာခဲ့ ပါတယ်။ ယူရိုပြိုင်ပွဲ နောက်ဆုံးအဆင့် ပွဲစဉ်တွေမှာ ၂ ဂိုးသွင်းနိုင်ခဲ့တဲ့ ကစားသမား ကတော့ ဝိန်းရူနီ ဖြစ်ပြီး ယူရို ၂၀၀၄ တုန်းက ခရိုအေးရှားနဲ့ ပွဲမှာ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

•        ဒီနေ့ပွဲရဲ့ လူစားဝင် ကစားသမား ဂျူ့ဒ်ဘယ်လင်ဂမ် (၁၈ နှစ်နဲ့ ၄ ရက်)ဟာ ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် ရှုံးထွက်အဆင့်မှာ ကစားခွင့်ရတဲ့ အသက်အငယ်ဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

•        ယူကရိန်းတို့ နောက်ဆုံးကစားခဲ့တဲ့ နိုင်ငံတကာပွဲစဉ် ၁၁ ပွဲမှာ ဂိုးမသွင်းတဲ့ ပွဲ ၂ ပွဲသာ ရှိခဲ့ပေမယ့် ယူရိုပြိုင်ပွဲရဲ့ နောက်ဆုံး အဆင့် ပွဲစဉ် ၁၁ ပွဲ ကစားခဲ့ရာ မှာတော့ ဂိုးမပေးရတဲ့ပွဲ လုံးဝ မရှိသေးပါဘူး။

•        အခုပွဲဟာ အင်္ဂလန်ရဲ့ ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် ၄ ကြိမ်မြောက် ကွာတားဖိုင်နယ် ပွဲစဉ် ဖြစ်ပြီး ပင်နယ်တီ အဆုံးအဖြတ် မခံယူရတဲ့ ပထမဦးဆုံး ပွဲလည်း ဖြစ်ခဲ့ပါတယ်။
 

လာမယ့်ပွဲစဉ်များ

ယူရို ၂၀၂၀ ဆီမီးဖိုင်နယ် အဆင့်မှာတော့ အင်္ဂလန်တို့ တစ်ဖက်မှာ ချက်ရီပက်ဘလစ်ကို အနိုင်ယူကျော်ဖြတ်လာတဲ့ ဒိန်းမတ် အသင်းနဲ့ ရင်ဆိုင်ရမှာပါ။ ဒီပွဲကိုတော့ ဇူလိုင်လ ၇ ရက်နေ့၊ လန်ဒန်မြို့က ဝင်ဘလေကွင်းကြီးမှာ ယှဉ်ပြိုင် ကစားရမှာ ဖြစ်လို့ အင်္ဂလန် အနေနဲ့ အိမ်ကွင်း အားသာချက် အပြည့်ရှိနေတဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်လို့လည်း ပြောနိုင်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်