ချက် vs အင်္ဂလန်
မနက်ဖြန် ည ၁:၃၀ နာရီမှာတော့ ယူရို ၂၀၂၀ အုပ်စု(D)ရဲ့ နောက်ဆုံး ပွဲစဉ်တွေ ဆက်လက် ကစားဖို့ ရှိနေပြီး ပထမနဲ့ ဒုတိယနေရာမှာ ရပ်တည်နေတဲ့ ချက်နဲ့ အင်္ဂလန် ထိပ်တိုက်တွေ့ဆုံနေပါတယ်။ အင်္ဂလန်ဟာ ချက်ကို အိမ်ကွင်းမှာ ကစားချိန်တိုင်း ဘယ်တုန်းကမှ မရှုံးခဲ့ဘူးသလို မှတ်မှတ်ရရ ပြီးခဲ့တဲ့ ၂၀၁၉ တုန်းက ဝင်ဘာလေကွင်းမှာ ချက်ကို ၅ ဂိုးပြတ်နဲ့ အနိုင်ရထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ ခြေစွမ်းပိုင်းရော၊ စိတ်ဓာတ်ပိုင်းမှာပါ အမြင့်ဆုံး ရောက်နေတဲ့ ချက်ကို အင်္ဂလန်တို့ ဘယ်လိုရလဒ်မျိုး ထွက်အောင် ကစားနိုင်မလဲ ဆိုတာ ကျိန်းသေပေါက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဒီပွဲနိုင်မှ အင်္ဂလန်တို့ အုပ်စု ပထမနေရာ ရမှာ ဖြစ်ပေမယ့် ရှုံးထွက်အဆင့်မှာ အုပ်စု(F) က ဂျာမနီ၊ ပြင်သစ်၊ ပေါ်တူဂီ သုံးသင်းထဲက တစ်သင်းနဲ့ ထိပ်တိုက်တွေ့ဆုံရမှာ ဖြစ်ပါတယ်။ အုပ်စု ဒုတိယနေရာ ရမယ် ဆိုရင်တော့ စပိန်၊ ဆွီဒင်၊ ပိုလန်၊ ဆလိုဗက်ကီးယား တို့ အုပ်စု(E)က ဒုတိယရတဲ့ အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။ ဒီလိုဆိုရင်တော့ အုပ်စု ဒုတိယ ရရင်တောင် အင်္ဂလန်ရဲ့ ချန်ပီယံပြေးလမ်း အတွက် ပိုပြီး လွယ်ကူနိုင်ဖို့ ရှိပါတယ်။ အင်္ဂလန်ရဲ့ ယူရို ၂၀၂၀ ခြေစွမ်းကို ပြောပါ ဆိုရင်တော့ ခရိုအေးရှားနဲ့ အဖွင့်ပွဲမှာ အားရစရာ မကောင်းခဲ့သလို စကော့တလန်နဲ့ ဒုတိယပွဲမှာ ပိုပြီး စိတ်ပျက်စရာ ကောင်းသွားခဲ့ပါတယ်။ တစ်ခါတစ်ရံမှာ နည်းပြ ဆောက်ဂိတ် ဘာတွေးနေလဲဆိုတာ စဉ်းစားလို့ မရအောင် ပွဲထွက်ကစားသမား အသုံးပြုတဲ့ နေရာမှာ ထူးဆန်းလွန်းတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ နှစ်ပွဲမှာ စတာလင်နဲ့ ဖိုဒန်ကို ဘယ်ညာ ပြောင်းပြီး ပွဲထွက်စေခဲ့ပြီး ပရိသတ်တွေ မျှော်လင့်နေတဲ့ ဂရီးလစ်ရှ်နဲ့ ရက်ရှ်ဖို့ဒိုဒ် တို့ကို ဒုတိယပိုင်း မိနစ် ၆၀ ကျော်မှာ ထည့်သွင်းခဲ့ပေမယ့် ခြေစွမ်းပိုင်းက အားရစရာ အခြေအနေလည်း မရှိခဲ့သလို နိုင်ပွဲလည်း မရခဲ့ပါဘူး။ ဒီနေ့ပွဲ မှာတော့ စတာလင်၊ ကိန်း၊ ဖိုဒန်တို့နဲ့ အတူ ဂရီးလစ်ရှ်ကိုပဲ ပထမလူစာရင်းမှာ ထည့်သွင်းလာမယ့် သဘောရှိပြီး ကွင်းလယ် မှာတော့ ကယ်ဗင်ဖီးလစ်နဲ့ ဒီကလန်ရိုက်စ် ဒါမှမဟုတ် ဟန်ဒါဆန်နဲ့ ရိုက်စ်ကို အသုံးပြုမယ့် သဘော ရှိပါတယ်။ နောက်တန်းမှာ မက်ဂွိုင်းယား ပြန်ပါလာဖို့ ရှိနေလို့ ဂျွန်စတုန်းစ်နဲ့ တွဲကစားခိုင်းဖို့ များနေပါတယ်။ ညာဘက်ခြမ်းမှာ ဝေါလ်ကာ(သို့) ထရစ်ပီယာနဲ့ ဘယ်ခြမ်းမှာတော့ လုခ်ရှော ပါဝင်လာမယ် ထင်ပါတယ်။
ချက် တို့ ယူရို ၂၀၂၀ အဖွင့်ပွဲမှာ စကော့တလန်ကို ၂ ဂိုးပြတ် အနိုင်ရခဲ့ပြီး ဒုတိယပွဲမှာ ခရိုအေးရှားကို သရေကျခဲ့လို့ ရမှတ် ၄ မှတ်နဲ့ လက်တလော အုပ်စု(D)ကို ဦးဆောင်နေတဲ့ အသင်း ဖြစ်ပါတယ်။ ချက်ကို စကော့တလန်နဲ့ အဖွင့်ပွဲစဉ် မတိုင်ခင် ဒီလောက်အထိ ခြေစွမ်းမာကျောမယ်လို့ မထင်ခဲ့မိပါဘူး။ ပြီးခဲ့တဲ့ ပွဲမှာ ချက်တို့ ခရိုအေးရှားနဲ့ သရေကျခဲ့တယ် ဆိုပေမယ့်လည်း ခြေရည်တူ ကစားနိုင်ခဲ့သလို ဦးဆောင်ဂိုးလည်း သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ ဆိုရှက်ခ်၊ ဆိုဖယ်လ် တို့ရှိနေတဲ့ ခံစစ်နဲ့ ကွင်းလယ်က တော်တော်လေး တောင့်တင်းလွန်းနေသလို တိုက်စစ်က ပက်ထရစ်ရှစ်ခ် ကလည်း ရပ်တန့်လို့ မရနိုင်တဲ့ ခြေစွမ်းနဲ့ အတူ လက်ရှိပြိုင်ပွဲမှာ ၂ ပွဲကစားပြီး ၃ ဂိုးသွင်းထားနိုင်တာ ဆိုလို့ ရော်နယ်ဒိုနဲ့ ရှစ်ခ်ပဲ ရှိပါသေးတယ်။ အခုပွဲမှာ အင်္ဂလန်တို့ နောက်တန်းနဲ့ ကွင်းလယ်က အပေးအယူတွေ မမှားဖို့ သတိပြုရမှာ ဖြစ်ပြီး မထိတထိ ပုံစံဆိုရင်တော့ တန်ပြန်တိုက်စစ် ကောင်းပြီး ဂိုးသွင်းလည်း တိကျတဲ့ ဒါရီဒါ၊ မာဆိုပွတ်စ်၊ ဂျန့်ခ်တိုနဲ့ ပက်ထရစ် ရှစ်ခ်တို့ အုပ်စု အကြိုက် ဖြစ်သွားနိုင်ပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
ထိပ်တိုက်တွေ့ဆုံမှုကို ကြည့်ရမယ် ဆိုရင်တော့ အပေါ်မှာ သမိုင်းတစ်လျှောက် ထိပ်တိုက်တွေ့ဆုံမှု ၄ ကြိမ်မှာ ချက်က ၁ ပွဲနိုင်၊ ၁ ပွဲသရေနဲ့ အင်္ဂလန်က ၂ ပွဲအနိုင်ရထားပါတယ်။ ၂၀၁၉ ခုနှစ်က တွေ့ဆုံကစားခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲ ပထမအကျော့မှာ အင်္ဂလန်က ဝင်ဘလေကွင်းမှာ စတာလင်၊ ကိန်း တို့ရဲ့ သွင်းဂိုးတွေနဲ့ ၅ ဂိုးပြတ် အနိုင်ရခဲ့ပေမယ့် ဒုတိယအကျော့ ချက်မြေမှာတော့ ၂-၁ နဲ့ ပြန်လည် ရှုံးနိမ့်ထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
ချက် vs အင်္ဂလန် | 1X2 သရေ @ 3.30 | |
ဇွန် လ ၂၃ ရက်, မနက် ၁:၃၀ နာရီ (GMT + ၆:၃၀) |
1X2ရဲ့ ပေါက်ကြေးအရ အင်္ဂလန် ၁.၅၃ အတွက် ဆ၊ ချက် ၈.၀၀ အတွက် ဆနဲ့ သရေအတွက် ၃.၆၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ လက်ရှိ ဒီနှစ်သင်းကို နှိုင်းယှဉ်ကြည့်မယ် ဆိုရင် အင်္ဂလန်က နာမည်ကြီး ကစားသမားတွေ ပါဝင်နေတာမှာ ပိုသာပါတယ်။ စိတ်ဓာတ်ပိုင်း၊ အသင်းလိုက်စုဖွဲ့မှု အားကောင်းတဲ့ ချက်ကို ဒီတစ်ကြိမ်မှာ အင်္ဂလန်တို့ ခက်ခက်ခဲခဲ ကစားရပါလိမ့်မယ်။ နောက်တစ်ချက်က ရှုံးထွက်မှာ ဘယ်အသင်းနဲ့ တွေ့ဆုံနိုင်မလဲ ဆိုတဲ့ ချန်ပီယံ လမ်းကြောင်း ကြိုတင်တွက်ဆမှု ဖြစ်ပါတယ်။ လက်ရှိ အနေအထားအရ ဆိုရင် အင်္ဂလန် အတွက် အုပ်စု ဒုတိယရတာက ပိုပြီး အဆင်ပြေနိုင်တဲ့ အခြေအနေ ဖြစ်လို့ ဆောက်ဂိတ် အပေါ်လည်း မူတည်နေ ပါသေးတယ်။ မှန်းဆရ ခက်ပါတယ်။ သရေကျမယ်လို့ပဲ ထင်ပါတယ်။ ၁-၁ လောက်နဲ့ပဲ ပွဲပြီးသွားဖို့ များပါတယ်။
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.