နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

CIES က ထုတ်ပြန်တဲ့ တန်ဖိုးအမြင့်ဆုံး ကစားသမား စာရင်းကို ဘွန်ဒက်စ်လီဂါမှ အာလင်းဘရွတ်ဟာလန်း ဦးဆောင်

ဘောလုံး အားကစားလေ့လာဆန်းစစ်ရေး အဖွဲ့တစ်ခုဖြစ်တဲ့ CIES ရဲ့ ထုတ်ပြန်ချက်အရ ဥရောပထိပ်သီးလိဂ်ပြိုင်ပွဲ ၅ ခုထဲမှ ဈေးကွက်တန်ဖိုး အမြင့်ဆုံး ကစားသမားစာရင်းကို ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန် အသင်း လူငယ် တိုက်စစ်မှူး အာလင်းဘရွတ်ဟာလန်းက ဦးဆောင်နိုင်ခဲ့ပါတယ်။ ဟာလန်း အနေနဲ့ ဈေးကွက်တန်ဖိုး ယူရိုသန်း  ၁၅၀-၂၀၀ နဲ့ ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပြီး မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာလည်း ဟာလန်းနဲ့ တန်ဖိုးတူ ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

CIES ရဲ့ တွက်ချက်ဖော်ပြမှုအရ ဟော်လန်းနဲ့ ရက်ရှ်ဖို့ဒ်တို့ဟာ လက်ရှိ ဈေးကွက်တန်ဖိုး ယူရိုသန်း ၁၅၀ နဲ့ ၂၀၀ ကြား တန်ကြေး ရှိနေပြီး တန်ဖိုးအမြင့်ဆုံး ကစားသမားတွေအဖြစ် ထိပ်ဆုံးမှာ ရပ်တည်ခဲ့ကြတာ ဖြစ်ပါတယ်။ ဘွန်ဒက်စ်လီဂါ က နော်ဝေး တိုက်စစ်မှူးလေးကတော့ ဒေါ့မန်တစ်သင်းလုံး တန်ဖိုးရဲ့ ၅ ပုံ ၁ပုံကျော် ၂၁.၅ ရာခိုင်နှုန်း ရှိနေပြီး မားကပ်စ်ရက်ရှ်ဖို့ဒ် ကတော့ မန်ချက်စတာယူနိုက်တက် တစ်သင်းလုံး တန်ဖိုးရဲ့ ၇ ပုံ ၁ ပုံကျော် ၁၄.၈ ရာခိုင်နှုန်း ရှိနေပါတယ်။ သူတို့ရဲ့ နောက်မှာတော့ အက်တလက်တီကို မက်ဒရစ် အသင်းရဲ့ လူငယ်တိုက်စစ်မှူး ဂျာအိုဖီးလစ်၊ မန်ချက်စတာစီးတီး တိုက်စစ်မှူး ဖေးလ် ဖိုဒန်၊ ပီအက်စ်ဂျီက အန်ဘာပေ၊ အာဆင်နယ် ကွင်းလယ်ကစားသမာ ဆာကာတို့က ယူရို သန်း ၁၂၀ ကနေ ၁၅၀ ကြား တန်ဖိုး ရှိနေပြီး ထုတ်ပြန်တဲ့ စာရင်းမှာ အစဉ်အလိုက် ရပ်တည်နေပါတယ်။

ဘွန်ဒက်စ်လီဂါ က နော်ဝေး တိုက်စစ်မှူးလေးကတော့ ဒေါ့မန်တစ်သင်းလုံး တန်ဖိုးရဲ့ ၅ ပုံ ၁ပုံကျော် ၂၁.၅ ရာခိုင်နှုန်း ရှိနေပြီး မားကပ်စ်ရက်ရှ်ဖို့ဒ် ကတော့ မန်ချက်စတာယူနိုက်တက် တစ်သင်းလုံး တန်ဖိုးရဲ့ ၇ ပုံ ၁ ပုံကျော် ၁၄.၈ ရာခိုင်နှုန်း ရှိနေပါတယ်။
ပေါင်သန်း ၁၂၀မှ ၁၅၀ ကြား တန်ကြေးရှိနေတဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ်

အဲ့ဒီစာရင်းအရ ဆိုရင် ယူရိုသန်း ၉၀ ကနေ ၁၂၀  ကြား တန်ကြေးရှိတဲ့ ကစားသမားတွေက ၇ ဦးအထိ ရှိနေပြီး ချဲလ်ဆီး တိုက်စစ်မှူး တီမိုဗာနာ၊ လစ်ဗာပူးလ်နောက်ခံလူ အလက်ဇန္တား ထရန့်အာနိုးလ်၊ ဘေယန်မြူးနစ် ဘယ်နောက်ခံလူ အဲလ်ဖွန်ဆိုဒေးဗီးစ်၊ ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီဒီယောင်၊ အင်တာမီလန် တိုက်စစ်မှူး လော်တာရိုး မာတီနက်ဇ်၊ ဂျူဗင်တပ်စ် နောက်ခံလူ ဒီလစ်ဂျ်၊ စပါး တိုက်စစ်မှူး ဟယ်ရီကိန်း တို့က အစဉ်လိုက် ရပ်တည်နေပါတယ်။ တစ်သင်းလုံးတန်ကြေးရဲ့ ရာခိုင်နှုန်း အများဆုံး ကစားသမားတွေကတော့ ၂၂.၃ ရာခိုင်နှုန်းနဲ့ ပီအက်စီဂျီ တိုက်စစ်မှူး အန်ဘာပေး၊ ၂၁.၅ ရာခိုင်နှုန်းနဲ့ ဒေါ့မန် ကြယ်ပွင့် အာလင်းဘရွတ်ဟာလန်း၊ ၂၀ ရာခိုင်နှုန်းနဲ့ အာဆင်နယ် လူငယ်ကစားသမားလေး ဘာကာယို ဆာကာ တို့က ထိပ်ဆုံးက ဦးဆောင်နိုင်ခဲ့ပါတယ်။

 

ထိပ်ဆုံးက ဦးဆောင်နေခဲ့တဲ့ ဒေါ့မန် တိုက်စစ်မှူးလေး အာလင်းဘရွတ်ဟာလန်းကတော့ အသင်းဟောင်း ရက်ဘူးလ် ဆဲလ်ဘတ် အသင်းမှာ ပြိုင်ပွဲစုံ ပွဲပေါင်း ၃၀ ကစားပြီး သွင်းဂိုး ၃၀ ရရှိခဲ့သလို လက်ရှိ ဒေါ့မန်မှာလည်း ၅၂ ပွဲကစားပြီး ၅၁  ဂိုး သွင်းယူခဲ့ပါတယ်။ လက်ရှိရာသီ ဘွန်ဒက်စ်လီဂါ ၂၁ ပွဲကစားပြီး ၂၁ ဂိုးသွင်းယူထားခဲ့သလို ချန်ပီယံလိဂ်မှာလည်း ၆ ပွဲကစားပြီး ၁၀ ဂိုးသွင်းယူထားခဲ့ပါတယ်။ မားကပ်စ်ရက်ရှ်ဖို့ဒ်ကတော့ လက်ရှိအချိန်အထိ မန်ချက်စတာယူနိုက်တက်မှာ ၂၇၇ ပွဲ ကစားပြီး ၉၁ ဂိုး သွင်းယူထားသလို လက်ရှိရာသီ ပရီးမီးယားလိဂ်မှာတော့ ၂၇ ပွဲကစား ၉ ဂိုးသွင်းပြီး ဖန်တီးမှု ၇ ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။

လက်ရှိမှာတော့ အာလင်းဘရွတ်ဟာလန်းကို ချဲလ်ဆီး၊ ဘေယန်မြူးနစ်တို့က ခေါ်ယူဖို့ အဓိက ပစ်မှတ်ထားနေပေမယ့် ဒေါ့မန် အသင်းကတော့ ရောင်းထုတ်မယ့် အလားအလာ မရှိပဲ မားကပ်စ်ရက်ရှ်ဖို့ဒ်ကတော့ မန်ချက်စတာယူနိုက်တက်မှာပဲ ကာလအတန်ကြာ ဆက်လက်ကစားဖို့ အခြေအနေကောင်းနေခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်