နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရှက်ဗ်ချန်ကိုရဲ့ အသင်းကို မထင်မှတ်ပဲ ခက်ခက်ခဲခဲ ကျော်ဖြတ်ရမယ့် အင်္ဂလန် – ယူရို ၂၀၂၀ ပွဲကြိုသုံးသပ်ချက်

ယူကရိန်း – အင်္ဂလန်

ယူရို ၂၀၂၀ ကွာတားဖိုင်နယ် နောက်ဆုံးပွဲ အဖြစ် လာမယ့် ဇူလိုင်လ ၄ ရက်နေ့မှာ  ယူကရိန်းနဲ့ အင်္ဂလန်တို့ အီတလီနိုင်ငံ၊ ရောမမြို့က အိုလံပီကို ကွင်းကြီးမှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ ယူကရိန်း အနေနဲ့ ယူရိုပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်ကို ပထမဦးဆုံးအကြိမ် ကစားရမှာ ဖြစ်ပြီး အင်္ဂလန် ကတော့ ယူရို ကွာတားဖိုင်နယ် ၅ ကြိမ် ကစားခဲ့ရာမှာ ၂ ကြိမ်သာ အနိုင်ရထားတဲ့ အသင်း ဖြစ်ပါတယ်။

ယူကရိန်းရဲ့ ယူရို ၂၀၂၀ ဖြတ်သန်းမှုကို ပြန်ကြည့်ရင် အုပ်စု အဆင့်မှာ မြောက်မက်ဆီဒိုးနီးယား တစ်သင်းတည်းကို အနိုင်ရခဲ့ပြီး နယ်သာလန်၊ ဩစတြီးယားတို့ကို ရှုံးနိမ့်ပြီး ရမှတ် ၃ မှတ်နဲ့ အိမ်ပြန်ရပြီလို့တောင် ထင်ခဲ့တာပါ။ ဒါပေမယ့် ကံကောင်းစွာနဲ့ အကောင်းဆုံး တတိယအသင်း အဖြစ်နဲ့ ရှုံးထွက်တက်ခွင့်ရခဲ့ပြီး ခြေတက်နေတဲ့ ဆွီဒင်နဲ့ တွေ့ဆုံခဲ့ပေမယ့် ဇင်ချန်ကို၊ မယ်လင်နော့ဗ်စကီး တို့ရဲ့ ခြေစွမ်းပြမှုနဲ့ အတူ ရှက်ဗ်ချန်ကိုရဲ့ မှန်ကန်တဲ့ နည်းဗျူဟာ လူစားလဲလှယ်မှုကြောင့် အချိန်ပိုရဲ့ နာကျင် အချိန်ပို ရောက်မှာ အာတမ်ဒိုဗစ်ခ်ရဲ့ ဂိုးနဲ့ အနိုင်ရလာခဲ့တာ ဖြစ်ပါတယ်။ မည်သို့ပင်ဆိုပါစေ ဆွီဒင်နဲ့ ပွဲက ယူကရိန်းရဲ့ ကစားပုံဟာ မဆိုးဘူးလို့ ပြောလို့ရပါတယ်။ အခုပွဲမှာ ယူကရိန်း အနေနဲ့ အင်္ဂလန်လို အဘက်ဘက်က တောင့်တင်းတဲ့ အကြီးတစ်သင်းကို သမရိုးကျ ပုံစံနဲ့တော့ ဘယ်လိုမှ ရင်ဆိုင်ဖို့ မဖြစ်နိုင်တာ ရှက်ဗ်ချန်ကို ရိပ်မိပြီးသား ဖြစ်ပါလိမ့်မယ်။ ပြီးခဲ့တဲ့ပွဲမှာ မယ်လင်နော့ဗ်စကီးလို့ ကစားသမားမျိုးကို ဒုတိယပိုင်းမှာ အသုံးပြုခဲ့တာမျိုး အခုပွဲမှာရော အင်္ဂလန်ကို ဘယ်လို နည်းဗျူဟာတွေနဲ့ ခက်ခဲစေဦးမလဲ ဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ယူကရိန်းရဲ့ ယူရို ၂၀၂၀ ဖြတ်သန်းမှုကို ပြန်ကြည့်ရင် အုပ်စု အဆင့်မှာ မြောက်မက်ဆီဒိုးနီးယား တစ်သင်းတည်းကို အနိုင်ရခဲ့ပြီး နယ်သာလန်၊ ဩစတြီးယားတို့ကို ရှုံးနိမ့်ပြီး ရမှတ် ၃ မှတ်နဲ့ အိမ်ပြန်ရပြီလို့တောင် ထင်ခဲ့တာပါ။
အင်္ဂလန်နဲ့ နောက်ဆုံး တွေ့ဆုံမှု ၂ ကြိမ်စလုံး သရေကစားထားနိုင်တဲ့ ယူကရိန်း

အင်္ဂလန်ဟာ ပြည်တွင်း ပရိသတ်အများစု အားပေးတဲ့ အသင်းဖြစ်လို့ အထွေထူး ပြောစရာ မလိုပါဘူး။ အင်္ဂလန် ပွဲဆိုတာနဲ့ မလွတ်တမ်း ကြည့်တတ်တဲ့ ပရိသတ်တွေ အနေနဲ့ ကိုယ်အားပေးတဲ့ အသင်းရဲ့ လက်ရှိ ခြေစွမ်း ဘယ်လို ရှိတယ် ဆိုတာ သိပြီးကြမှာပါ။ အင်္ဂလန် အတွက် လက်ရှိ ယူရို ၂၀၂၀ အုပ်စု ပွဲစဉ် ၃ ပွဲ ဟာ ထင်သလောက် မကြပ်ခဲ့ပေမယ့် အဖွင့်ပွဲမှာ စိတ်ပျက်စရာ ခြေစွမ်းနဲ့ ခရိုအေးရှားကို အနိုင်ရခဲ့ပါတယ်။ ဒုတိယပွဲမှာ ပိုပြီး စိတ်ပျက်စရာ ခြေစွမ်းနဲ့ စကော့တလန်ကို သရေကျခဲ့ပါတယ်။ နောက်ဆုံးပွဲ မှာတော့ ချက်ကို စတာလင်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် အုပ်စု ပထမနေရာနဲ့ ရှုံးထွက်တက်ပါတယ်။ ရှုံးထွက်မှာတော့ အင်္ဂလန်ရဲ့ ပုံစံကောင်း တစ်ခုကို မြင်တွေ့လာရပြီး ယော်ကင်လိုးရဲ့ ဂျာမနီကို ခံစစ်ပိုင်း ကျစ်လျစ်မှုနဲ့ ရင်ဆိုင်သွားပြီး ၂-၀ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဆောက်ဂိတ် အနေနဲ့ ဂျာမနီနဲ့ ပွဲမှာ ၃-၄-၃ ကစားကွက်ကို စတင် အသုံးပြုခဲ့တာ အလုပ်ဖြစ်တယ်လို့ ပြောရမှာပါ။ ဒါကြောင့် အခုပွဲမှာ ဟယ်ရီ မက်ဂွိုင်းယား၊ ဂျွန်စတုန်းစ်၊ ကိုင်လီဝေါလ်ကာတို့ ၃ ဦးကို နောက်တန်းမှာ ထားပြီး ကွင်းလယ်မှာ ကယ်ဗင်ဖီးလစ်-ဟန်ဒါဆင် ဒါမှမဟုတ် ဖီးလစ်-ဒီကလန်ရိုက်စ် ဒါမှမဟုတ် ဒီကလန်ရိုက်စ်-ဟန်ဒါဆင် ဘယ်အတွဲကို သုံးမလဲဆိုတာ စောင့်ကြည့်ရပါမယ်။ ဘန်ချေးလ်ဝဲလ်နဲ့ မေဆင်မောင့်တို့ ပြန်ကစားနိုင်ပြီ ဖြစ်ပေမယ့် လုခ်ရှော ခြေစွမ်းပြနေလို့ ချေးလ်ဝဲလ် ကတော့ ကစားခွင့်ရဖို့ မသေချာပါဘူး။ ၄-၂-၃-၁နဲ့ ၃-၄-၃  ကစားကွက် နှစ်မျိုး အပေါ် မူတည်ပြီး မောင့်နဲ့ ဆာကာ နှစ်ယောက်လုံးပဲ ပါဝင်လာမလား၊ တစ်ဦးစီပဲ သုံးမလား ဆိုတာ စောင့်ကြည့်ရပါမယ်။ စတာလင်နဲ့ ဟာရီကိန်းတို့ ကတော့ ကျိန်းသေပေါက် အင်္ဂလန် တိုက်စစ်ကို ဦးဆောင်လာဖို့ ရှိနေပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ယူကရိန်းနဲ့ အင်္ဂလန်တို့ဟာ ယူရိုပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့် ပွဲစဉ်တွေမှာ တစ်ကြိမ်သာ တွေ့ဆုံထားခဲ့ပါတယ်။ ယူရို ၂၀၁၂ ရှုံးထွက်အဆင့်မှာ တွေ့ဆုံခဲ့တာ ဖြစ်ပြီး မှတ်မှတ်ရရ လက်ရှိ ယူကရိန်း နည်းပြ အန်ဒရီ ရှက်ဗ်ချန်ကိုဟာ ဒုတိယပိုင်းမှာ လူစားဝင်ခဲ့သူ ဖြစ်ပြီး ပျာတော့ဗ်နဲ့ ယာမိုလန်ကို တို့က ပွဲချိန်ပြည့် ကစားသွားခဲ့ကြသူတွေ ဖြစ်ပါတယ်။ အဲ့ဒီပွဲ မှာတော့ တိုက်စစ်မှူး ဝိန်းရူနီက အင်္ဂလန်တို့ ကွာတားဖိုင်နယ်ကို ရောက်ရှိစေမယ့် ဂိုးကို သွင်းပေးခဲ့တာ ဖြစ်ပါတယ်။ ယူကရိန်းတို့ သမိုင်းတစ်လျှောက် အင်္ဂလန်နဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ၇ ကြိမ်မှာ ၁ ကြိမ်သာ  အနိုင်ရထားခဲ့ပါတယ်။ ကိယက်ဗ်မြို့မှာ ကစားခဲ့တဲ့ ၂၀၁၀ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယအကျော့မှာ ဆာဟီ နဇာရန်ကိုရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အင်္ဂလန်ကို ရှားရှားပါးပါး အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန် ကတော့ ၄ ကြိမ် အထိ အနိုင်ရခဲ့ပြီး နောက်ဆုံး တွေ့ဆုံမှု ၂ ကြိမ် ဖြစ်တဲ့ ၂၀၁၄ ကမ္ဘာ့ဖလားခြေစစ်ပွဲ နှစ်ကျော့စလုံး မှာတော့ သရေ ရလဒ်တွေပဲ ထွက်ပေါ်ထားခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်များ

??
ယူကရိန်း vs အဂ်လန် 1X2 အဂ်လန် @ 1.42
ဇူလိုင် လ ၄ ရက်, ည ၁:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ ယူကရိန်း အတွက် ၈.၅၀ ဆနဲ့ အင်္ဂလန် အတွက် ၁.၄၀ ဆ ကြေးဖွင့် ပြီး သရေအတွက် ၄.၅၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ လက်ရှိမှာ အင်္ဂလန်ဟာ အဘက်ဘက်က အသာရနေတဲ့ အသင်းဆိုတာ အားလုံး လက်ခံထားပြီးသားပါ။ တစ်ချက်ကြည့်ရမှာက နာမည်ကြီး မီဒီယာတွေမှာပါ ဖော်ပြခံရနေတဲ့ အန်ဒရီ ရှက်ဗ်ချန်ကိုရဲ့ နည်းစနစ်ပိုင်း ကျွမ်းကျင်မှု ဖြစ်ပြီး ဆောက်ဂိတ်နဲ့ ဗျူဟာချင်း ယှဉ်ပြိုင်ရဦးမှာ ဖြစ်ပါတယ်။ ဆောက်ဂိတ် အနေနဲ့ အသင်းရဲ့ ပွဲထွက်လူစာရင်းကို ထူးထူးခြားခြား အပြောင်းအလဲ မလုပ်ရင်တော့ အင်္ဂလန်တို့ ခက်ခက်ခဲခဲ ကစားရရင်တောင် သာမန်ပွဲကစားချိန် အတွင်း အနိုင်ရဖို့ လုံးဝကို မခက်ပါဘူး။ ခန့်မှန်းရလဒ် ၀-၁ ဒါမှမဟုတ် ၀-၂ လောက်နဲ့ ပွဲပြီးမယ် ထင်ပါတယ်၊

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်