နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တစ်မှတ်စီခွဲယူကြဖို့များနေတဲ့ ရှက်ဖီးလ်ယူနိုက်တက်နဲ့ ဝုဗ်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၁

ရှက်ဖီးလ်ယူနိုက်တက် – ဝုဗ်

လာမယ့် တနင်္လာနေ့ည ၁၁နာရီ၃၀ အချိန်မှာ ရှက်ဖီးယူနိုက်တက်အသင်းနဲ့ ဝုဗ်အသင်းတို့ ပရီးမီးယားလိဂ် ပွဲစဉ် ၁အဖြစ် ယှဉ်ပြိုင်ကစားဖို့ရှိနေပါတယ်။ ပြီးခဲ့တဲ့ရာသီက နှစ်သစ်စလုံးခြေစွမ်းပြခဲ့ကြပေမယ့် ရာသီအကုန်မှာ ဥရောပဝင်ခွင့်တွေနဲ့ လွဲချော်ခဲ့ကြတဲ့ အသင်းတွေ ဖြစ်ပါတယ်။

နည်းပြခရစ္စဝိုလ်ဒါနဲ့ နူနိုအက်စ်ပီရီတို ဆန်းတို့စ်တို့ရဲ့ ရာသီအစပွဲစဉ်မှာ တော်တော်လေးခြေစွမ်းပြပြီး ယူရိုပါလိဂ်ဝင်ခွင့်တစ်နေရာအတွက် အကောင်းဆုံးတိုက်ပွဲဝင်ခဲ့ကြပေမယ့် ရာသီအကုန်မှာ အဆင့် ၇ နဲ့ ၉ နေရာတို့ပဲရရှိခဲ့ကြပါတယ်။ ဝုဗ် အသင်းကတော့ ပိုပြီး စိတ်မကောင်းစရာ ဖြစ်ခဲ့ရတယ်လို့ပြောရမှာပါ။ နောက်ဆုံးပွဲကျတော့မှ ချဲလ်ဆီးကို ရှုံးနိမ့်ပြီး တစ်ဖက်က စပါးအနေနဲ့ ရလဒ်ကောင်းခဲ့လို့ ဝုဗ်တို့ယူရိုပါလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရသလို အာဆင်နယ်အသင်းကလည်း အက်ဖ်အေဖလားချန်ပီယံ ဖြစ်ခဲ့တာကြောင့် ၃နှစ်ဆက်တိုက် ဥရောပဝင်ခွင့်ရရှိရေး နဲ့ လွဲချော်ခဲ့တာလည်း ဖြစ်ပါတယ်။ ရှက်ဖီးလ်ယူနိုက်တက် ကတော့ ပရီးမီးယားလိဂ် အဆင့် ၉ နေရာရရှိခဲ့ပြီး ကိုဗစ်ကာလ အလွန်ပွဲစဉ်တွေမှာ ရမှတ်တွေ ဆုံးရှုံးခဲ့လို့  အဆင့် ၆ နေရာနဲ့ ၅မှတ်အကွာကနေ ရာသီသိမ်းခဲ့ရတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ရာသီအသစ်မှာ ရလဒ်ကောင်းနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားတာကို တွေ့ရပါတယ်။
ဖေဘီယို ဆေးလ်ဗားကို ပေါင်သန်း ၄၀ထိပေးပြီး ခေါ်ယူထားတဲ့ ဝုဗ်

နှစ်သင်းစလုံးအနေနဲ့ ပြီးခဲ့တဲ့ရာသီက အမှားတွေကို ပြင်ဆင်ပြီး ပရီးမီးယားလိဂ် ရာသီအသစ်မှာ ရလဒ်ကောင်းနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားတာကို တွေ့ရပါတယ်။ ပေါ်တိုက ဗီတင်ဟာ၊ လိုင်ယွန်က မာကယ်၊ ဗီလာက မက်တီဂျာ ဆာကစ်တို့ကို ခေါ်ယူထားတာတွေ့ရပြီး ပေါ်တိုကွင်းလယ်တိုက်စစ်ကစားသမား ဖေဘီယို ဆေးလ်ဗားကို ပေါင်သန်း ၄၀ အထိအသုံးပြုပြီး ခေါ်ယူအားဖြည့်ထားပါတယ်။ ဝုဗ်လိုပဲ ရှက်ဖီးလ်ယူနိုက်တက်တို့ ကစားသမားသစ် ၆ ယောက်အထိ ခေါ်ယူအားဖြည့်ထားပြီး ပြီးခဲ့တဲ့ရာသီ လက်စွမ်းပြခဲ့တဲ့ ဂိုးသမား ဒင်းဟန်ဒါဆင်ရဲ့ နေရာမှာ ဘုန်းမောက်ဂိုးသမား အာရွန်ရမ်းစ်ဒေးလ်နဲ့ အစားထိုးထားပါတယ်။ အဲ့ နောက်မှာတော့ ဒါဘီကောင်တီက မက်လိုဝီ၊ ဂျေဒန်ဘိုဂဲလ်၊ ချဲလ်ဆီးက အမ်ပါဒူ၊ ဝက်စ်ဘရွန်းက အီလီဗာဘက်ခ်၊ ဒိန်းမတ်ကလပ် ဆက်စ်ဘောဂ့်က ကူလီဘာလီတို့ကို ခေါ်ယူထားပါတယ်။

လက်ရှိခြေစွမ်းပိုင်းအရကြည့်မယ်ဆိုရင်လည်း ဝုဗ်အသင်းရဲ့ တိုက်စစ်ကထက်မြတ်နေသလို ခံစစ်ကလည်း ပေးဂိုးတွေနည်းနေတာကို တွေ့ရပါတယ်။ ဒါ့အပြင် ဂျင်မီးနက်ဇ်လို အဆုံးသတ်သေချာတဲ့ တိုက်စစ်မှူးအပြင် ထရာအိုရေး၊ မော်တင်ဟို၊ ဂျော့တာ တို့ရဲ့ ပံ့ပိုးမှုကောင်းကောင်းတွေကိုလည်း မြင်တွေ့ရဖို့ရှိနေပါတယ်။ ရှက်ဖီးလ်ယူနိုက်တက်ကတော့ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် မှာ ၃၈ ပွဲကစား ၃၉ ဂိုးသွင်းယူပြီး ၃၉ ဂိုးပြန်ပေးထားတာကြောင့် တိုက်စစ်ပိုင်းရော ခံစစ်ပိုင်းမှာပါ သိပ်တော့ အားရစရာမရှိဘူးလို့ မြင်ပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်းအစဉ်အလာ

ထိပ်တိုက်တွေ့ဆုံမှုအရ နောက်ဆုံး ၆ ကြိမ်မှာ ဝုဗ်က ၃ ပွဲနိုင်၊ ရှက်ဖီးလ်ယူနိုက်တက်က ၂ ပွဲနိုင်ပြီး ၁ပွဲသရေကျထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက တွေ့ဆုံမှုမှာတော့ ရှက်ဖီးလ်ယူနိုက်တက်ကွင်းမှာ ရှက်ဖီးလ်က အနိုင်ရခဲ့ပြီး ဝုဗ်ကွင်းမှာတော့ တစ်ဖက်တစ်ဂိုးစီနဲ့ သရေပွဲဖြစ်ထားပါတယ်။ အခုပွဲစဉ်မှာတော့ ဝုဗ်ဘက်က ၃-၄-၁-၂ ကစားပုံနဲ့ ပွဲထွက် လာဖွယ်ရှိပြီး  ရှက်ဖီးလ်ယူနိုက်တက်ဘက်ကတော့ ၃-၅-၂ ကစားကွက်နဲ့ ပွဲထွက်လာဖို့ရှိနေပါတယ်။ ဝုဗ်အနေနဲ့ ပွဲထွက်ကစားသမားပိုင်းအရ အထွေအထူးပြောင်းလဲလာဖွယ်မရှိပဲ ပြီးခဲ့တဲ့ ရာသီကအတိုင်း တိုက်စစ်မှူး ရာအူးလ်ဂျင်မီနက်ဇ်၊ ဒီယေဂိုဂျော့တာ၊ ပိုဒန့်စ်၊ ကွင်းလယ်မှာတော့ ထရာအိုရေး၊ ရူဘင်နာဗက်စ်၊ ဂျာအိုမော်တင်ဟို၊ ဗင်နာဂရီ၊ ရိုမိန်းဆစ်၊ ဝီလီဘိုလီ၊ ကော်နာ်ကိုဒီ၊ ဂိုးသမား ရူအီ ပက်ထရီစီရိုတို့နဲ့ ပွဲထွက်လာဖွယ်ရှိနေပါတယ်။ ရှက်ဖီးလ်ယူနိုက်တက်ကတော့ တိုက်စစ်ပိုင်းမှာ မက်ဂိုးလ်ဒ်ရစ်ခ်၊ မက်ဘန်း၊ အန်ဒါစတီဗင်၊ ဂျွန်ဖလက်ခ်၊ နောဝုဒ်၊ ဂျွန်လောင်းစတမ်း၊ ဘောလ်ဒေါ့ခ်၊ဘက်ရှမ်း၊ အီဂန်၊ ဂျက်အိုကော်နယ်လ်၊ ရမ်းစ်ဒေးလ်တို့နဲ့ ပွဲထွက်လာဖို့ရှိနေပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ရှက်ဖီးလ်ယူနိုက်တက် – ဝုဗ် အချိန်ပြည့် သရေ @ ၂.၉၀ ဆ
စက်တင်ဘာ ၁၄ ရက် , ည ၁၁:၃၀ နာရီ(GMT + ၆:၃၀)

1×2ရဲ့ ပေါက်ကြေးအရဆိုရင်တော့ အိမ်ရှင်အသင်းဘက်ကနေမယ်ဆိုရင်တော့ ၃.၄၅ ဆရရှိမှာ ဖြစ်ပြီးတော့ ဧည့်သည်အသင်းဘက်ကဆိုရင်တော့ ၂.၄၇ဆ ရရှိမှာပါ။ သရေအတွက်ကိုတော့ ၂.၉၀ ဆရရှိမှာ ဖြစ်ပါတယ်။ ဒီပွဲမှာတော့ ဆန်းတို့စ်ရဲ့ ဝုဗ်အသင်းက လူစာရင်းပိုပြီးတောင့်တင်းနေလို့ သဘောပိုကျနေပါတယ်။ ဒါပေမယ့် ရှက်ဖီးလ်ယူနိုက်တက်နဲ့ တွေ့ဆုံချိန်တိုင်း ဝုဗ်တို့ရုံးကန်ရတာကြောင့် တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန်ဂိုးတွေ သွင်းပြီး သရေရလဒ်နဲ့ ပွဲပြီးဆုံးသွားမယ်ထင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်