နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒေါ့မန်တို့ နိုင်ပွဲဆက်လိမ့်မယ် – ဘွန်ဒက်လီဂါ ပွဲကြိုသုံးသပ်ချက်

ဒေါ့မန် vs မိန့်ဇ်

အခုတစ်ပတ် စနေနေ့ ည ၉ နာရီမှာတော့ ဒေါ့မန်နဲ့ မိန့်ဇ်တို့ရဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ် ရှိနေပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ ခြေစွမ်းပြပြီး နိုင်ပွဲ ပြန်ရထားတဲ့ ဒေါ့မန်တို့ အမှတ်ပေးဇယား အောက်ဆုံးက မိန့်ဇ်နဲ့ တွေ့ဆုံနေလို့ ပွဲချောင်နေတယ်လို့ ဆိုရမှာပါ။ ဒေါ့မန်တို့ ပြီးခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ၂ ပွဲဆက် နိုင်ပွဲ ပြန်တွေ့ခဲ့ပြီး အဆင့် ၄ နေရာကို ပြန်ရောက်လာခဲ့ပေမယ့် မိန့်ဇ်ကတော့ ရလဒ်တွေ ဆိုးရွားနေလို့ အဆင့် ၁၈ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။

တိုက်စစ်မှူး အာလင်းဘရွတ်ဟာလန်း ဒဏ်ရာက ပြန်လည် သက်သာလာပြီး နောက်ပိုင်း ဒေါ့မန်တို့ နောက်ဆုံး ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါနဲ့ ပိုကယ်ဖလား ပွဲစဉ်တွေမှာ နိုင်ပွဲတွေ ပြန်လည်ရှာတွေ့ထားပါတယ်။ ဘွန်ဒက်စ်လီဂါ နောက်ဆုံး ၂ ပွဲဆက်တိုက် ဝုဖ်ဘတ်နဲ့ လိုက်ပ်ဇစ်တို့ကို ဂိုးပြတ်တွေ အနိုင်ရထားပြီး ရလဒ်တွေ ပြန်ကောင်းနေတဲ့ ဒေါ့မန်တို့ လက်ရှိမှာ အသင်းလိုက် ကစားပုံလည်း တော်တော်လေး ထက်မြတ်နေတာ တွေ့ရပါတယ်။ ဒေါ့မန်တို့ရဲ့ ရလဒ်ကောင်းမကောင်းဆိုတာ အာလင်းဘရွတ်ဟာလန်း အပေါ်မူတည်နေတာ ကတော့ အနာဂတ်အတွက် စိတ်ပူစရာ ရှိပါတယ်။ ဒေါ့မန်တို့ လက်ရှိ ဘွန်ဒက်စ်လီဂါ မှာ ၁၅ ပွဲကစား ၉ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၅ ပွဲအထိ ရှုံးထားပြီး ရမှတ် ၂၈ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ တစ်ချက်ရှိတာက အမှတ်ပေးဇယား အဆင့် ၂ နေရာက လိုက်ပ်ဇစ်နဲ့ ၃ မှတ်ပဲ ကွာဟနေလို့ အခုပွဲမှာ နိုင်ပွဲဆက်ဖို့ အာရုံစိုက်လာပါလိမ့်မယ်။ ဒေါ့မန်တို့ အခုပွဲမှာတော့ ဝစ်ဆယ်၊ ရှမဲလ်ဇာ၊ သော်ဂန်ဟာဇတ်တို့ ကလွဲရင် ဟာလန်း၊ ဆန်ချို၊ ရေနာ၊ ရိုက်စ်၊ အမ်မရီချန်၊ အာကန်ဂျီ၊ ဟမ်းမဲလ်စ်၊ ဂွာရဲရိုး၊ သောမက်စ်မြူနီယာ၊ ဘာကီ တို့ ပါဝင်လာဖို့ ရှိနေပါတယ်။

ဘွန်ဒက်စ်လီဂါ နောက်ဆုံး ၇ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပြီး ရမှတ် ၂ မှတ်သာ ရရှိထားတာကြောင့် အမှတ်ပေးဇယား အောက်ဆုံးကို ရောက်ရှိနေခဲ့ပါပြီ။
နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၈ ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားတဲ့ မိန့်ဇ်

မိန့်ဇ် တို့ကတော့ ဒီရာသီမှာ တော်တော်လေး ရုန်းကန်နေရပြီး ၁၅ ပွဲကစားပြီးချိန်မှာ နိုင်ပွဲ ၁ ပွဲပဲ ရသေးသလို ၃ ပွဲ သရေကျပြီး ၁၁ ပွဲရှုံးနိမ့်ထားပါတယ်။ ဘွန်ဒက်စ်လီဂါ နောက်ဆုံး ၇ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပြီး ရမှတ် ၂ မှတ်သာ ရရှိထားတာကြောင့် အမှတ်ပေးဇယား အောက်ဆုံးကို ရောက်ရှိနေခဲ့ပါပြီ။ ပိုကယ်ဖလားပြိုင်ပွဲမှာလည်း ဘွန်ဒက်စ်လီဂါ ၂ ကလပ် ဘိုချမ်လို အသင်းကို ပင်နယ်တီနဲ့ ရှုံးနိမ့်ပြီး ဒုတိယအဆင့်ကနေပဲ ထွက်ခွာထားခဲ့ရပါတယ်။ အသင်းလိုက်ကစားပုံ ပျက်ယွင်းနေပြီး ကစားသမားတွေလည်း စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျဆင်းနေပုံ ပေါ်ပါတယ်။ တိုက်စစ်က ရဂိုး ၁၄ ဂိုးသာ ရထားပြီး ပေးဂိုး ၃၃ ဂိုးအထိ ရှိနေလို့ လက်ရှိ ဘွန်ဒက်စ်လီဂါ ရဲ့ ခံစစ်အဆိုးရွားဆုံး အသင်းတွေထဲမှာ ပါဝင်နေပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဒေါ့မန်တို့ မိန့်ဇ်နဲ့ တွေ့ဆုံခဲ့တဲ့ အကြိမ် ၃၀ မှာ ၁၆ ကြိမ်အနိုင်ရပြီး ၆ ပွဲပဲ ရှုံးနိမ့်ထားခဲ့ပါတယ်။ သရေပွဲကတော့ ၈ ပွဲပဲ ရှိထားပါတယ်။ ပြီးခဲ့တဲ့ ရာသီက ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ်မှာတော့ တစ်ကြိမ်စီ အနိုင်ရထားခဲ့ပါတယ်။

 

လောင်းကြေးဆိုင်ရာအကြံပြုချက်များ

??
ဒေါ့မွန် vs မိန့်ဇ် 1X2 ဒေါ့မွန် @ 1.19
ဇန်နဝါရီလ ၁၆ ရက်, မနက် ၉:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက်   ၁.၂၀ ဆ၊ သရေအတွက် ၇.၀၀ ဆနဲ့ ဧည့်သည် အသင်း အတွက် ၁၃.၀၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ လက်ရှိ ခြေစွမ်းပိုင်းအရ ဒေါ့မန်တို့ အပြတ်အသတ် အသာရနေလို့ ပေါက်ကြေးမှာလည်း ၁၂ ဆ လောက် အကြောပေးထားပါတယ်။ ဒေါ့မန် တိုက်စစ်မှာ အာလင်းဟာလန်း ပြန်ပါလာခဲ့ပြီး နောက်ပိုင်း သွင်းဂိုးတွေ ပြန်ရနေသလို ရလဒ်တွေ ဆက်တိုက်ကောင်းနေပါတယ်။ မိန့်ဇ်ကတော့ ဒေါ့မန်ကို ယှဉ်နိုင်ဖို့ မရှိပါဘူး။ ဒေါ့မန်တို့ ဂိုးပြတ် နိုင်ပွဲ ရရှိသွားပါလိမ့်မယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်