လိဒ်စ်ယူနိုက်တက် – မန်ချက်စတာယူနိုက်တက်
အခုတစ်ပတ် တနင်္ဂနွေနေ့မှာ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေထဲကမှ SBOTOP ပရိသတ်တွေကို ရင်ခုန်စိတ်လှုပ်ရှားစရာ အကောင်းဆုံးနဲ့ ဖျော်ဖြေမှုရသ အပြည့်ပေးမယ့် ပွဲဖြစ်ပါတယ်။ အသင်းကြီးတွေနဲ့ ဆက်တိုက်ကစားနေရပေမယ့် ပုံစံကောင်းတစ်ခု ပျက်မသွားပဲ ရလဒ်ကောင်းတွေ ရှာဖွေထားနိုင်တဲ့ လိဒ်စ်ယူနိုက်တက်တို့ အခုတစ်ကြိမ်မှာရော မန်ချက်စတာယူနိုက်တက်ကို ဘယ်လောက်အထိ တုန့်ပြန်ကစားသွားနိုင်ဦးမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
မာဆယ်လို ဘီရယ်ဆာရဲ့ အသင်းက ဒီရာသီမှ တန်းပြန်တက်လာပေမယ့် သူတို့တွေရဲ့ ရည်မှန်းချက် အတိုင်း လက်တွေ့ကျကျ အကောင်အထည် ဖော်ထားနိုင်တာ တွေ့ရပါတယ်။ ရာသီသိမ်းချိန်မှာ ပရီးမီးယားလိဂ် အဆင့် ၁၀ အတွင်း ဝင်ဖို့ ပစ်မှတ်ထားခဲ့တဲ့ လိဒ်စ်ယူနိုက်တက်တို့ လက်ရှိမှာလည်း အဆင့် ၁၀ နေရာမှာ ရပ်တည်နေပြီး အဆင့် ၈ နေရာက အဲဗာတန်နဲ့ ၃ မှတ်ပဲ ကွာဟပါတယ်။ ၄-၁-၄-၁ ကစားကွက်ကိုပဲ ရာသီအစကတည်းက အသုံးပြုခဲ့တဲ့ မာဆယ်လို ဘီရယ်ဆာ အနေနဲ့ အသင်းမှာရှိတဲ့ ကစားသမားတွေ မကြာခဏ ဒဏ်ရာပြသနာ ကြုံတွေ့နေရတာ ကလွဲရင် မှန်းချက်နဲ့ နှမ်းထွက် ကိုက်လွန်းနေတယ်လို့ ဆိုရမှာပါ။ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ ပွဲမှာ ရှုံးပွဲလုံးဝမရှိထားတဲ့ လိဒ်စ်တို့ ဂိုးမသွင်းနိုင်တဲ့ ပွဲကလည်း ချဲလ်ဆီးနဲ့ တစ်ပွဲသာ ရှိခဲ့ပါတယ်။ ဘီရယ်ဆာ အနေနဲ့ အခုပွဲမှာလည်း အရင်ပွဲတွေတုန်းက လူစာရင်းကို အပြောင်းအလဲ အနည်းငယ်ပြုလုပ်ပြီး ရင်ဆိုင်လာမယ့် သဘောရှိ ပါတယ်။ ရာဖင်ညာ၊ ရိုဒရီဂိုတို့ ဒဏ်ရာရနေလို့ ယူနိုက်တက် နောက်တန်းကို ကျော်ဖြတ်ရာမှာ ခက်ခဲနိုင်ပေမယ့် ဘမ်းဖို့ဒ်၊ ဂျက်ဟာရစ်ဆင်၊ ကော်စတာ၊ ဒါးလက်စ်တို့ ဘယ်လောက်အထိ ခြေစွမ်းပြဦးမလဲ ဆိုတာ စောင့်ကြည့်ရဦးမှာပါ။ နောက်ခံလူ လီယမ်ကူပါးရဲ့ ပွဲပယ် ပြစ်ဒဏ် မပြီးဆုံးသေးတာကြောင့် အခုပွဲမှာလည်း စရူအစ်ဂ်ကိုပဲ ပွဲထွက်စေမယ့် သဘောရှိပါတယ်။
ဆိုးလ်ရှားရဲ့ ယူနိုက်တက်က ယူရိုပါလိဂ်ပါ တွဲကစားနေရပေမယ့် ပရီးမီးယားလိဂ် မှာလည်း ပုံစံကောင်းတစ်ခုကို ဆက်လက် ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲဆက် နိုင်ပွဲ ပြန်ရထားပြီး ပရီးမီးယားလိဂ် မှာဆိုရင် ဝက်စ်ဟမ်း၊ ဘရိုက်တန်၊ တော့တင်ဟမ်ဟော့စပါး၊ ဘန်လေ တို့လို ကစားအားကောင်းတဲ့ အသင်းတွေကို အနိုင်ရထားပါတယ်။ ပွဲဆက်တွေ များခဲ့ပေမယ့် ဆိုးလ်ရှားရဲ့ အသင်းက အရင်လို ဟန်ချက် လုံးဝပျက်မသွားပဲ ပုံမှန်ခြေစွမ်းကို အချိန်ကြာကြာ ထိန်းထားနိုင်တဲ့အတွက် မဖြစ်မနေကို ချီးကျူးရတော့မှာ ဖြစ်ပါတယ်။ တိုက်စစ်က မာစီရယ် ဒဏ်ရာရနေတဲ့ အပြင် တောင်ပံက မားကပ်စ် ရက်ရှ်ဖို့ဒ်လည်း ဂိုးသွင်းခြေ ပျောက်ဆုံးနေပေမယ့် မေဆင်ဂရင်းဝုဒ်နဲ့ အက်ဒီဆင်ကာဗာနီ တို့ရဲ့ ပွဲဆက် သွင်းဂိုးတွေကြောင့် နိုင်ပွဲတွေ ရရှိထားခဲ့တာ ဖြစ်ပါတယ်။ အခုပွဲပြီးရင် ယူနိုက်တက်တို့ ရိုးမားနဲ့ ယူရိုပါလိဂ် ကစားရမှာတာကြောင့် အရန်ကစားသမားတချို့ကို အသုံးပြုလာနိုင်ပြီး ဒန်ဂျိမ်းစ်၊ ဗန်ဒီဘိခ်၊ အဲလက်စ်တဲလက်စ်တို့လို ကစားသမားတွေ ပွဲထွက်လာဖွယ် ရှိပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
၁၆ နှစ်အကြာမှာ ပထမဦးဆုံး ပြန်တွေ့တဲ့ ဒီနှစ်သင်းရဲ့ ပရီးမီးယားလိဂ် ပထမအကျော့ ထိပ်တိုက်တွေ့ဆုံမှုကတော့ တော်တော်လေး ပြတ်သားခဲ့ပြီး ယူနိုက်တက်တို့ အိုးထရက်ဖို့ဒ်မှာ ၆-၂ ရလဒ်နဲ့ ဂိုးပြတ်အနိုင်ရထားခဲ့ပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံးတွေ့ဆုံ ကစားခဲ့တဲ့ ၄ ပွဲမှာတော့ ယူနိုင်တက်တို့ ၂ ပွဲနိုင်၊ ၁ ပွဲရှုံးပြီး ၁ ပွဲသရေကျထားပါတယ်။
လိဒ်စ်ယူနိုက်တက် – မန်ချက်စတာယူနိုက်တက်
လိဒ်စ်ယူနိုက်တက် vs မန်ချက်စတာယူနိုက်တက် | အချိန်ပြည့် 1X2 သရေ @ ၄.၂၀ ဆ | |
ဧပြီလ ၂၅ ရက်, ည ၇:၃၀ နာရီ (GMT + ၆:၃၀) |
1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၄.၀၀ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၁.၇၅ ဆ ကြေးဖွင့် ပြီး သရေအတွက် ၄.၂၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ နှစ်သင်းလုံး ပုံစံကောင်းတစ်ခုနဲ့အတူ ရှေ့ဆက်နေကြလို့ အနိုင်အရှုံးထက် အပြန်အလှန် ဂိုးတွေသွင်းပြီး သရေကျသွားမယ်လို့ပဲ ထင်ပါတယ်။ ပထမအကျော့တုန်းက အမှားတွေကို ပြင်ပြီး လိဒ်စ်တို့ မန်ချက်စတာယူနိုက်တက်ကို အများဆုံး သရေ တစ်မှတ်ပဲ ခွဲပေးမယ့် သဘောရှိပါတယ်။
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.