နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အပြာရောင် ခမ်းနားမှုတွေနဲ့ အတူ ဘွန်ဒက်စ်လီဂါဆီ အမြန်ဆုံးပြန်လာခဲ့ပါ…ရှော်ကေးရေ။

“လောကမှာ ဘယ်အရာမှ မမြဲဘူး။” ဆိုတဲ့ သဘောတရားကို တစ်ချိန်က ဘွန်ဒက်စ်လီဂါရဲ့ ထိပ်သီးကလပ် အသင်း ဖြစ်ခဲ့တဲ့ ရှော်ကေး ကတော့ လက်တွေ့ သက်သေပြ သွားခဲ့ပြန်ပါပြီ။

တော်ဝင်အပြာရောင်များလို့ နာမည်ပြောင် ခေါ်ဝေါ်ကြတဲ့ ရှော်ကေးတို့ အာမီးနီးယား ဘိုင်လီဖဲလ်ဒ်ကို အိမ်ကွင်းမှာ ၀-၁ နဲ့ ရှုံးခဲ့တဲ့ ပွဲအပြီး ရာသီမကုန်ခင် မှာတင် စိတ်မကောင်းစွာနဲ့ တန်းဆင်းသွားခဲ့ရတာ ဖြစ်ပါတယ်။ ‌ဒါ့ကြောင့် ဘွန်ဒက်စ်လီဂါမှာ ရာသီပေါင်း ၃၀ ဖြတ်သန်းခဲ့တဲ့ ရှော်ကေးကို ဘွန်ဒက်စ်လီဂါ ၂ မှာ မြင်တွေ့ရတော့ မှာလည်း ဖြစ်ပါတယ်။

တကယ့်ကို အဆိုးရွားဆုံး အခြေအနေ တစ်ခုနဲ့ တန်းဆင်းသွားခဲ့ရတာ ဖြစ်ပြီး တစ်ရာသီလုံး နိုင်ပွဲ ၂ ပွဲသာ ရခဲ့သလို ၇ ပွဲသရေ၊ ၂၁ ပွဲ အထိ ရှုံးနိမ့်ခဲ့ပါတယ်။ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၃၀ အထိ ကစားပြီးချိန်မှာ ရှော်ကေးဟာ အော့စ်ဘတ်နဲ့ ဟော့ဖမ်ဟိန်း နှစ်သင်းကိုပဲ အနိုင်ရခဲ့ပြီး လက်ရှိအချိန်အထိလည်း ၁၃ မှတ်ပဲ ရထားပါတယ်။ ဒါ့အပြင် တိုက်စစ်က ၁၈ ဂိုးသာ သွင်းယူထားနိုင်ခဲ့ပေမယ့် ခံစစ်က ပေးဂိုး ၇၆ ဂိုး အထိ ရှိနေခဲ့ပါတယ်။ ဒါဟာ ၁၉၆၅-၆၆ ဘောလုံးရာသီက ရမှတ် ၁၀ မှတ်နဲ့ တန်းဆင်းခဲ့ရတဲ့ တက်စမေးနီးယားဘာလင် ပြီးရင် ဘွန်ဒက်စ်လီဂါ သမိုင်းတစ်လျှောက် ဒုတိယမြောက် အဆိုးရွားဆုံး တန်းဆင်းရတဲ့ အသင်း အဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။

ဘွန်ဒက်စ်လီဂါ ချန်ပီယံဆု ၇ ကြိမ်၊ ဒုတိယ ၁၀ ကြိမ်၊ ပိုကယ်ဖလား ၄ ကြိမ်၊ ယူရိုပါလိဂ်ဖလား ၁ ကြိမ်၊ ဂျာမန်စူပါဖလား ၁ ကြိမ် အောင်မြင်မှုတွေရခဲ့တဲ့ ရှော်ကေးတို့ ဒီလောက်အထိ မြန်မြန်ဆန်ဆန် တန်းဆင်းသွားရလိမ့်မယ်လို့ တွေးကို မတွေးမိခဲ့ပါဘူး။
ဘေယန်မြူးနစ်ပြီးရင် ဂျာမနီရဲ့ ဒုတိယ အကြီးမားဆုံး ကလပ်ဖြစ်ခဲ့တဲ့ ရှော်ကေး

တန်းဆင်းရခြင်းရဲ့ အဓိကပြသနာ အရင်းခံ ကတော့ လုံးဝကို ညံ့ဖျင်းတဲ့ ငွေကြေး စီမံခန့်ခွဲမှု ပုံစံကြောင့် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီကတည်းက ငွေကြေးပြသနာတွေ ရှိခဲ့ပြီး အဆင့် ၁၂ နေရာပဲ ရခဲ့တဲ့ ရှော်ကေးတို့ အခြေအနေ သိပ်မဟန်ဘူး ဆိုတာ ရိပ်မိခဲ့ပေမယ့် ဒီလောက်အထိ ဖြစ်သွားလိမ့်မယ်လို့  ထင်ကိုမထင်ထားခဲ့တာပါ။ ငွေကြေး လိုအပ်ချက်အရ အဓိက ကစားသမားတွေ ဖြစ်တဲ့ ဝက်စ်တန်း မက်ကင်နီ၊ ကာဘက်ခ်၊ နူဘယ်လ် တို့ကို ရောင်းထုတ်ခဲ့ပေမယ့် လုံလောက်တဲ့ ကစားသမားအင်အား ဖြည့်တင်းမှု ပြန်ပြီး မပြုလုပ်ခဲ့တာက အသင်းကို အဆိုးရွားဆုံး အခြေအနေအထိ ရောက်သွားစေခဲ့တာ ဖြစ်ပါတယ်။ အလွတ် ပြောင်းရွှေ့ကြေးတွေ၊ အငှားစာချုပ်တွေနဲ့ ခေါ်ယူခဲ့တဲ့ ဖရန့်ဖတ်က ရိုနောင်း၊ ပက်စီယန်စီယာ၊ ဟာသာဘာလင်က အိုင်ဘီဆီဗစ်၊ အာဆင်နယ်က ကိုလာဆီနက်ချ်၊ မူစတာဖီ၊ မိန့်ဇ်က လတ်ဇာ၊ ဝုဖ်ဘတ်က ဝီလျံတို့ဟာ တကယ်တမ်း လက်တွေ့မှာ လုံလောက်တဲ့ ခေါ်ယူဖြည့်တင်းမှုတွေ ဟုတ်ရဲ့လားဆိုတာ အသင်းဘုတ်အဖွဲ့ အနေနဲ့ သေချာစဉ်းစားခဲ့ ရမှာပါ။

ရာသီအစမှာကတည်းက ဘေယန်မြူးနစ်ကို ၈ ဂိုးပြတ် ရှုံးနိမ့်ခဲ့တာကြောင့် ဦးချိုးခံလိုက်ရသလို ဖြစ်သွားပြီး ကစားသမားတွေ အနေနဲ့လည်း ရှုံးရင်း စိတ်ဓာတ်ကျရင်း၊ ရှုံးရင်း အာရုံစူးစိုက်မှု လျော့လာရင်းနဲ့ နိုင်လိုစိတ် လုံးဝပျောက်သွားပြီး တဖြေးဖြေးချင်းနဲ့ လုံးပါးပါးသွားခဲ့ဟန် တူပါတယ်။ ပြီးခဲ့တဲ့ လပိုင်းလောက်က ရှော်ကေးရဲ့ သမိုင်းတစ်လျှောက် ဒုတိယမြောက် ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ခဲ့တဲ့ ဟန်တယ်လာ အသင်းဆီ ပြန်လာပြီး ကယ်တင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ဘယ်လိုမှကို ဆေးမမှီတော့လို့ အခုဆိုရင် နယ်သာလန်သား တိုက်စစ်မှူးကြီးလည်း လုံးဝကို လက်လျှော့လိုက်ရပါပြီ။

တကယ်တမ်းတော့ ရှော်ကေးဟာ အခုလို လွယ်လွယ်ကူကူ တန်းဆင်းသွားရလောက်အောင် အသင်းငယ်လေး တစ်သင်းလည်း မဟုတ်ခဲ့ပါဘူး။ လွန်ခဲ့တဲ့ ၃ နှစ်ကတောင် ရှော်ကေးတို့ ဘွန်ဒက်စ်လီဂါမှာ အဆင့် ၂ နေရာနဲ့ ရာသီသိမ်းခဲ့ပြီး ချန်ပီယံလိဂ်တောင် ကစားခဲ့ရပါသေးတယ်။ နောက်ပြီး သမိုင်းကြောင်းကို ပြန်လှန်ကြည့်မယ် ဆိုရင် ၁၉၀၄ ခုနှစ်မှာ စတင် တည်ထောင်ခဲ့ပြီး ကလပ်အသင်း သက်တမ်းက ၁၁၆ နှစ်ကျော်ရှိခဲ့ပါပြီ။ ဘေယန်မြူးနစ် ပြီးရင် ဂျာမနီရဲ့ ဒုတိယအကြီးဆုံး ကလပ်အသင်း ဖြစ်ပြီး ကမ္ဘာပေါ်မှာဆိုရင် စတုတ္ထအကြီးဆုံးကလပ် ဖြစ်ခဲ့ပါတယ်။ ဘွန်ဒက်စ်လီဂါ ချန်ပီယံဆု ၇ ကြိမ်၊ ဒုတိယ ၁၀ ကြိမ်၊ ပိုကယ်ဖလား ၄ ကြိမ်၊ ယူရိုပါလိဂ်ဖလား ၁ ကြိမ်၊ ဂျာမန်စူပါဖလား ၁ ကြိမ် အောင်မြင်မှုတွေရခဲ့တဲ့ ရှော်ကေးတို့ ဒီလောက်အထိ မြန်မြန်ဆန်ဆန် တန်းဆင်းသွားရလိမ့်မယ်လို့ တွေးကို မတွေးမိခဲ့ပါဘူး။

တစ်ချိန်က အိုဇေးလ်၊ ကလက်စ်ဂျန် ဟန်တယ်လာ၊ နော်အာ၊ ဆာနေးတို့လို ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေ မွေးထုတ်ပေးခဲ့တဲ့ ရှော်ကေးတို့ ဘွန်ဒက်စ်လီဂါ ၂ မှာ ဆက်ပြီး မရုန်းကန်ရပဲ လာမယ့်ရာသီ အကုန်မှာတင် ဘွန်ဒက်စ်လီဂါ ကို ချက်ချင်း ပြန်လည် တက်လှမ်းလာဖို့ပဲ ဘောလုံးပရိသတ် တစ်ယောက်အနေနဲ့ မျှော်လင့်ပါတယ်။

အပြာရောင် ခမ်းနားမှုတွေ နဲ့အတူ အသင်းရဲ့ မူလဌာနေ ဖြစ်တဲ့ ဘွန်ဒက်စ်လီဂါ ဆီကို လန်းလန်းဆန်းဆန်းနဲ့ အမြန်ဆုံး ပြန်လာခဲ့ပါ…ရှော်ကေးရေ။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်