နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆေးလ်ဗားရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ ဗိုလ်လုပွဲ တက်ခဲ့တဲ့ မန်စီးတီး | အက်ဖ်အေဖလား (ပွဲကြိုသုံးသပ်ချက်)

မန်ချက်စတာစီးတီး ၁-၀ ချဲလ်ဆီး

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲစဉ် မှာတော့ မန်ချက်စတာစီးတီး ချဲလ်ဆီးကို ဘာနာဒို ဆေးလ်ဗားရဲ့ တစ်လုံးတည်းသော နောက်ကျဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲမှာ မန်စီးတီးက ပွဲပန်းနေတဲ့ ပုံပေါ်ခဲ့ပြီး ချဲလ်ဆီးကို ခက်ခက်ခဲခဲ ကစားပြီးမှ အက်ဖ်အေဖလား ဗိုလ်လုပွဲကို နှစ်ရာသီဆက် တက်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ မန်စီးတီးက ၃-၂-၄-၁ အခင်းအကျင်းနဲ့ ပွဲထွက်ခဲ့ပြီး အော်တီဂါ၊ စတုန်းစ်၊ ဝေါလ်ကာ၊ အေခီ၊ အာကန်ဂျီ၊ ရိုဒရီ၊ ဒီဘရွန်းနား၊ ဖိုဒန်၊ ဆေးလ်ဗား၊ ဂရီးလစ်ရှ်၊ အဲလ်ဗာရက်ဇ် တို့နဲ့ ချဲလ်ဆီးကို ရင်ဆိုင်သွားခဲ့ပါတယ်။ ချဲလ်ဆီး ကတော့ ပီထရိုဗစ်၊ ဆေးလ်ဗား၊ ချာလိုဘာ့ရ်၊ ဂူစတို၊ ကူကာရယ်လာ၊ ဂယ်လာဟာ၊ အန်ဇို၊ ပါးလ်မား၊ မာဒူအီခီ၊ ဂျက်ဆန်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။

ချဲလ်ဆီးဟာ ဒီနှစ် မန်စီးတီးနဲ့ တွေ့ဆုံခဲ့တဲ့ နှစ်ပွဲမှာ ၄-၄၊ ၁-၁ ဆိုတဲ့ ရလဒ်တွေ ထွက်အောင် ကစားနိုင်ခဲ့ပြီး နည်းဗျူဟာပိုင်း မှန်ကန်မှုတွေနဲ့ အတူ ရလဒ်ကောင်းခဲ့တာလို့ ပြောလို့ ရပါတယ်။ ချဲလ်ဆီးက မန်စီးတီးကို ဒီလို အခြေအနေမျိုးမှာ ယှဉ်ကစားဖို့ မလွယ်ခဲ့ပေမယ့် မှန်ကန်တဲ့ နည်းစနစ် ဗျူဟာနဲ့ ရင်ဆိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲ ကတော့ အရင် နှစ်ပွဲနဲ့ မတူပါဘူး။ အဓိက ကတော့ မန်စီးတီး ပွဲပန်းနေမှုကြောင့် ချဲလ်ဆီးတို့ ပွဲချိန်ပြည့် ခြေရည်တူ ယှဉ်ကစားသွားနိုင်ခဲ့ပြီး အသာရခဲ့တဲ့ အချိန်တွေတောင် ရှိခဲ့တာ တွေ့ရပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် မန်စီးတီးဟာ ဒီပွဲရဲ့ အခိုက်အတန့် တချို့မှာ ကံတရားရဲ့ ဖေးမမှုတွေ ရှိခဲ့လို့ အနိုင်ရလဒ်နဲ့ အတူ ဗိုလ်လုပွဲ တက်သွားတယ်လို့ ဆိုနိုင်ပါတယ်။

ဒီပွဲမှာ မန်စီးတီးရဲ့ နေရာစုံက အားရစရာမရှိခဲ့ပါဘူး။ ပြောရမယ်ဆို မန်စီးတီး ဆိုတဲ့ လက်ရှိ ကမ္ဘာ့အကောင်းဆုံး အသင်း တစ်သင်းရဲ့ အဆင့်အတန်းနဲ့ ကိုက်ညီတဲ့ ပုံစံမျိုးတောင် မပြသနိုင်ခဲ့ပါဘူး။ တောင်ပံ ခံစစ်တွေ ဆိုရင်လည်း တစ်ပွဲလုံး အမှားများနေခဲ့ပြီး ချယ်လ်ဆီးရဲ့ တန်ပြန် တိုက်စစ်အား မကောင်းလို့သာ မန်စီးတီးတို့ သက်သာရာရခဲ့တာ ဖြစ်ပါတယ်။ ဒီလို အခြေအနေတွေ ရှိခဲ့ရက်နဲ့ ချဲလ်ဆီးတို့ ဘာလို့ အနိုင်ရအောင် မကစားနိုင်သလဲ ဆိုတော အဖြေထုတ်ကြည့်တဲ့ အခါမှာတော့ အရင်ဆုံး မျက်လုံးထဲ ပေါ်လာသူ ကတော့ နီကိုးလပ်စ် ဂျက်ဆန် ဖြစ်ပါတယ်။ ပုံမှန်ဆိုရင် ကစားသမား တစ်ဦးထဲကို ပြစ်တင် သုံးသပ်လေ့ မရှိပေမယ့် ဒီပွဲမှာတော့ ဆံပင်ကေ တစ်ပေါက် လျှမ်းလျှမ်းတောက်နေပေမယ့် ခြေစွမ်း ကတော့ ကြာလေ စုံးစုံးမြုပ်လေ ဖြစ်နေတဲ့ ဂျက်ဆန်ကို သေချာပေါက်ကို ဝေဖန်ရပါလိမ့်မယ်။

ဒီနေရာမှာ စဉ်းစားမိတာက ဒီလောက်အထိ ချာတူးလန် ပျော့ဖတ်ပြီး တလွဲတွေ ဒိုင်ခံလုပ်နေတဲ့ တိုက်စစ်မှူး တစ်ဦးကို ပိုချက်တီနို တစ်ယောက် ဘယ်လို သည်းခံနိုင်စွမ်းနဲ့များ ထိုင်ကြည့်နေသလဲ ဆိုတာပါ။ ဒီနေ့ပွဲမှာ ဂျက်ဆန်သာ အပိုင်အခွင့်အရေးတွေကို မဖြုန်းတီးခဲ့ပဲ အသုံးချနိုင်ခဲ့မယ်ဆို ချယ်လ်ဆီးက (၂)ဂိုးလောက်တော့ အေးအေးဆေးဆေး ရပါတယ်။ ဂျက်ဆင်ကို တိုက်စစ်မှုးလားလို့ မေးခွန်းထုတ်ရလောက်အောင် အထိ ဂိုးသွင်း အဆုံးသတ်မှုတွေက ညံဖျင်းလွန်းခဲ့တာပါ။ ဒရော့ဘာ လက်သစ် ဆိုပြီး ဘယ်သူကများ စတင် တင်စားလိုက်သလဲလို့တောင် ရေရွတ်မိတဲ့ အထိပါပဲ။

ပွဲအကြောင်း ဆက်ရရင် ပွဲပြီးခါနီးမှာ မန်စီးတီးက တိုက်စစ် ပိုတင်ပြီး ကစားလာနိုင်ခဲ့ပေမယ့် ထိထိရောက်ရောက်တော့ မရှိခဲ့ပါဘူး။ ဒီလိုနဲ့ ပွဲချိန် (၈၄) မိနစ်မှာ မှာတော့ မန်စီးတီးတို့ လိုအပ်နေတဲ့ ဂိုးရခဲ့ပြီး ဒိုခု၊ ဒီဘရွန်းနား တွဲလုံးကနေ ပီထရိုဗစ် ကာကွယ်လိုက်တဲ့ ဘောလုံးက ဘာနာဒို ဆေးဗားလ် ရှေ့ကျသွားပြီး ဒီကစားသမား ကပဲ ရလာတဲ့ ရှားရှားပါးပါး အခွင့်အရေးကို အမှားအယွင်းမရှိ ဂိုးအဖြစ် ပြောင်းလဲပေးခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးဟာ ချန်ပီယံလိဂ်က ထွက်ခဲ့ရပြီးနောက် ဖိအားတွေလည်း များနေခဲ့တာ ဖြစ်ပါတယ်။ ဒီလို အချိန်မှာ ခြေစွမ်း ကလည်း မကောင်းခဲ့ပေမယ့် ချယ်လ်ဆီးကို အနိုင်ယူပြီး အက်ဖ်အေဖလား ဗိုလ်လုပွဲ တက်သွားတာ ပပ်ရဲ့ အသင်း အတွက်တော့ ကျေနပ်စရာပါ။ ဘာပဲပြောပြော မန်စီးတီးဟာ အက်ဖ်အေဖလား လက်ရှိ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့ အခြေအနေ ကောင်းနေသလို ပြည်တွင်း ဖလား နှစ်လုံး ချန်ပီယံ အဖြစ်နဲ့ ပရိသတ်ကို ချွေးသိပ်နိုင်ဖို့ အခြေအနေ ကောင်းနေခဲ့ပြီ ဖြစ်ပါတယ်။ ချဲလ်ဆီး ကတော့ ပြည်တွင်း ဖလား နှစ်လုံးရဲ့ အနီးကို ရောက်ခဲ့ပေမယ့် ကိုယ့်ကံကြမ္မာ ကိုယ်ရေးပြီး ဖလား လက်မဲ့ ရာသီ အဖြစ် ဖြတ်သန်းရတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် လာမယ့် ရာသီ ဥရောပဝင်ခွင့် ရဖို့လည်း ဝေဝါးနေပြီ ဖြစ်တာကြောင့် ပိုချက်တီနိုနဲ့ ချဲလ်ဆီးတို့ ဘာတွေ မှားနေပြန်ပြီလဲ ဆိုတာ အဖြေထုတ်ရတော့မှာ ဖြစ်ပါတယ်။

မန်စီးတီးဟာ လာမယ့် ဧပြီ ၂၆ ရက်နေ့မှာ ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားဖို့ ရှိပြီးတော့ ချဲလ်ဆီး ကတော့ ၂၄ ရက်နေ့မှာ အာဆင်နယ်နဲ့ ပွဲကျန်ကစားရမှာ ဖြစ်ပါတယ်။ လက်ရှိ ချန်ပီယံ မန်စီးတီး အသင်းနဲ့ ဗိုလ်လုပွဲမှာ ရင်ဆိုင်ရမယ့် အသင်း ကတော့ ကိုဗင်ထရီလား ယူနိုက်တက်လား ဆိုတာ ကတော့ ဒီညမှာ သိရမှာ ဖြစ်ပါတယ်။ ဘာနေနေ မန်စီးတီး အတွက်တော့ နှစ်သင်းစလုံးက လွယ်ကူဖို့ ရှိတာကြောင့် လက်ရှိ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့ အခြေအနေ ကောင်းနေပြီ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်