ဒေါ့မန် – ဝါဒါဘရီမင်
အခုတစ်ပတ် အတွက် ကစားဖို့ ကျန်တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၂၉ ရဲ့ နောက်ဆုံး ပွဲစဉ် တစ်ပွဲမှာတော့ ဒေါ့မန်တို့ ဝါဒါဘရီမင်တို့ တွေ့ဆုံနေပါတယ်။ ပထမအကျော့ ဝါဒါဘရီမင် ကွင်းမှာ အနိုင်ရထားတဲ့ ဒေါ့မန်တို့ အခုတစ်ကြိမ်မှာရော အသာရသွားနိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။
အီဒင် တာဇစ်ရဲ့ အသင်းဟာ ခြေစွမ်းပိုင်း ထင်သလောက် မဆိုးခဲ့ပေမယ့် ချန်ပီယံလိဂ် ပါ တွဲကစားခဲ့ရလို့ ဘွန်ဒက်စ်လီဂါရဲ့ ရလဒ်ပိုင်းကိုပါ ထိခိုက်ခဲ့ရတာ တွေ့ရပါတယ်။ ဘွန်ဒက်စ်လီဂါ နောက်ဆုံး ၅ ပွဲရလဒ်ကို ကြည့်မယ်ဆိုရင် ဘေယန်မြူးနစ်၊ ဖရန့်ဖတ် တို့ကို ရှုံးနိမ့်ခဲ့ပြီး ကိုလုံးနဲ့ သရေကျကာ စတုဂတ်နဲ့ ဟာသာဘာလင် တို့ကိုတော့ အနိုင်ရခဲ့ပါတယ်။ လက်တလော အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး အဆင့် ၄ နေရာက ဖရန့်ဖတ်နဲ့ ၇ မှတ်အထိ ကွာဟနေလို့ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် မသေချာတဲ့ အခြေအနေ ဖြစ်ပါတယ်။ လက်တလော အသင်းမှာ ဝစ်ဆဲလ်၊ ဇာဂါဒူ၊ ရှမဲလ်ဇာ၊ ဒီလာနေး တို့အပြင် ဂျေဒန်ဆန်ချိုလည်း ဒဏ်ရာပြသနာကြောင့် ပါဝင်လာနိုင်မှာ မဟုတ်ပေမယ့် ကွင်းလယ်က လူငယ် ကစားသမားလေး ဂျူ့ဒ် ဘယ်လင်ဂမ် အပြင် ဒါဟော့ဒ်၊ အန်းစ်ဂါ နော့ဖ် တို့လည်း ခြေစွမ်းပြနေလို့ စိတ်မပူစရာတော့ မရှိပါဘူး။ ဒါပေမယ့် နောက်ဆုံး ၅ ပွဲမှာ တစ်ပွဲ ပျမ်းမျှ ၂ ဂိုးနှုန်း ပေးထားရတဲ့ ခံစစ်ကိုတော့ သတိထားရပါမယ်။
ဝါဒါဘရီမင်တို့ နောက်ဆုံး ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ၄ ပွဲဆက် ရှုံးပြီး လက်ရှိ တန်းဆင်းဇုန်ရဲ့ အထက် အဆင့် ၁၃ နေရာမှာ ရပ်တည်နေပါတယ်။ ဒါပေမယ့် တန်းဆင်းဇုန်ထဲက အသင်းနဲ့ ၄ မှတ်သာ ကွာဟနေတာကြောင့် ဝါဒါဘရီမင် တို့ရဲ့ လက်ရှိ အနေအထားက စိတ်ချရပြီလို့ ပြောလို့ မရသေးပါဘူး။ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ဆိုရင် ဘေယန်မြူးနစ်၊ ဝုဖ်ဘတ်၊ စတုဂတ်၊ လိုက်ပ်ဇစ်တို့လို အသင်းတွေနဲ့ တွေ့ဆုံခဲ့ပြီး ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိ အသင်းမှာ အော်ဂတ်စ်တင်ဆင်၊ ဖူးလ်ခရဂ်၊ တော့ပ်ရက်ခ် တို့လို ကစားသမားတွေ ဒဏ်ရာရနေလို့ ကျိန်းသေပေါက် ရုန်းကန်ရဦးမှာပါ။ ဝါဒါဘရီမင်တို့ရဲ့ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင်တော့ ၄ ပွဲနိုင်၊ ၅ ပွဲသရေ၊ ၅ ပွဲရှုံးနိမ့်ထားပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
ဒေါ့မန်နဲ့ ဝါဒါဘရီမင်တို့ရဲ့ ၁၀ စုနှစ် တစ်ခုအတွင်း ပြိုင်ပွဲစုံ ထိပ်တိုက်တွေ့ဆုံမှု ၂၄ ကြိမ်မှာ ဒေါ့မန်က ၁၅ ကြိမ်အထိ အနိုင်ရပြီး ဝါဒါဘရီမင်က ၄ ကြိမ်ပဲ ပြန်လည် အနိုင်ရထားပါတယ်။ အခုရာသီ ဘွန်ဒက်စ်လီဂါ ပထမအကျော့ အပါအဝင် နောက်ဆုံးတွေ့ဆုံမှု ၃ ကြိမ်မှာ ဒေါ့မန်တို့ နှစ်ပွဲနိုင်ပြီး ၁ ပွဲသရေကျထားပါတယ်။
လောင်းကစားဆိုင်ရာအကြံပြုချက်များ
ဒေါ့မွန် vs ဝါဒါ ဘရီမင် | 1X2 ဒေါ့မွန် @ 1.77 | |
ဧပြီလ ၁၈ ရက်, ည ၈:၀၀ နာရီ (GMT + ၆:၃၀) |
1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၁.၃၆ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၇.၅၀ ဆ ကြေးဖွင့် ပြီး သရေအတွက် ၅.၂၅ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ဒေါ့မန်တို့ ချန်ပီယံလိဂ်ကို လက်ပြနှုတ်ဆက်ထားရတာကြောင့် အမှတ်ပေးပြိုင်ပွဲကိုပဲ ဒေါ့မန်တို့ ပြန်ပြီး အာရုံစိုက်လာလိမ့်မယ်။ ဝါဒါဘရီမင်တို့ ဒေါ့မန်နဲ့ တွေ့ဆုံမှု တော်တော်များများမှာ အသာမရခဲ့လို့ အခုတစ်ကြိမ်မှာလည်း ဒေါ့မန်ကွင်းမှာ ရုန်းကန်ရပါဦးမယ်။ ဒေါ့မန်တို့ အနိုင်သေချာတဲ့ ပွဲဖြစ်ပြီး အပြန်အလှန်သွင်းဂိုးတွေတော့ မြင်တွေ့ရပါလိမ့်မယ်။
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.