နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အက်စတွန်ဗီလာကို သရေကျပြီး နောက်ဆုံး ၅ ပွဲမှာ ၁ ပွဲပဲ အနိုင်ရခဲ့တဲ့ ချဲလ်ဆီး – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

ချဲလ်ဆီး ၁-၁ အက်စတွန်ဗီလာ

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်နဲ့ တော့တင်ဟမ်ဟော့စပါးတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ တစ်ဖက်နဲ့ တစ်ဖက် အကြိတ်အနယ်ရှိခဲ့ပြီး တစ်ဖက်တစ်ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။ ချဲလ်ဆီးနည်းပြ လမ်းပတ်အနေနဲ့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရခဲ့တာကြောင့် ဖိအားပိုများသွားခဲ့ ရပါတယ်။
 
အခုပွဲမတိုင်ခင် ချဲလ်ဆီးတို့ အာဆင်နယ်ကို ဂိုးပြတ် ရှုံးနိမ့်ထားလို့ အိမ်ကွင်း စတန်းဖို့ဒ် ဘရစ်ချ်မှာ နိုင်ပွဲ ပြန်ရှာဖို့ ကြိုးပမ်းခဲ့ပါတယ်။ အာဆင်နယ်နဲ့ ပွဲတုန်းက လူစာရင်းကို ၆ နေရာအထိ အပြောင်းအလဲ ပြုလုပ်ပြီး တိုက်စစ်မှာ ဂျီရူး၊ ပူလီဆစ်၊ အိုဒွိုင်းတို့ကို ပွဲထွက်ကစားစေခဲ့တာ တွေ့ရပါတယ်။ ဒင်းနစ် စမစ်ရဲ့ အက်စတွန်ဗီလာ ဘက်မှာတော့ အိုလီ ဝက်ကင်စ်၊ အလ်ဂါဇီ၊ ဂရီးလစ်ရှ်၊ ထရာအိုရေး၊ မက်ဂျင်း တို့လို ကစားသမားတွေနဲ့ ပွဲထွက်လာပါတယ်။ ချဲလ်ဆီးတိုက်စစ်မှူး ဂျီရူးကတော့ ပါဝင်ကစားခွင့်ရတဲ့ ပွဲစဉ်တိုင်းမှာ ပုံစံကောင်း ပြသခဲ့ပြီး အခုပွဲမှာလည်း ပွဲထွက်ကစားခွင့်နဲ့ ထိုက်တန်ကြောင်း ပြသခဲ့ပါတယ်။ ချဲလ်ဆီးတို့ ပွဲချိန် ၃၄ မိနစ် ဦးဆောင်ဂိုး စတင် ရရှိခဲ့ပြီး ဘန်ချေးလ်ဝဲလ် တင်ပေးတဲ့ ဘောလုံးကို တိုက်စစ်မှူး ဂျီရူးက ခေါင်းတိုက် အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက်မှာတော့ ချဲလ်ဆီးတို့ ဘောလုံး ပိုင်ဆိုင်မှု အသာစီးရယူနိုင်ခဲ့တာက လွဲရင် တိုက်စစ်အားနည်းမှုကြောင့် ထိရောက်တဲ့ ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခြင်း မရှိတော့ပဲ ရုန်းကန်ခဲ့ရပါတယ်။ ဒုတိယပိုင်း ပွဲချိန် မိနစ် ၅၀ မှာတော့ ဂိုးသမား မန်ဒီရဲ့ အမှားကနေ တစ်ဆင့် အက်စတွန်ဗီလာတို့ ချေပဂိုး ရသွားပြီး နောက်ခံလူ ကက်ရှ်ရဲ့ ပေးပို့မှုကနေ အလ်ဂါဇီက အမှားအယွင်းမရှိ ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန် မိနစ် ၉၀ ပြည့်တဲ့ အထိ ထိရောက်တဲ့ ထိုးဖောက်မှုတွေ မပြုလုပ်နိုင်တာကြောင့် ပွဲအပြီးမှာ ၁-၁ ရလဒ်ပဲ ထွက်ပေါ်ခဲ့ပါတယ်။

 အခုပွဲအပြီးမှာတော့ အက်စတွန်ဗီလာတို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာအထိ ပြန်လည် ရောက်ရှိလာခဲ့ပြီး ချဲလ်ဆီးကတော့ အဆင့် ၆ နေရာမှာ ရပ်တည်နေရဆဲ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေတဲ့ ချဲလ်ဆီး

 

ပွဲပြီးသုံးသပ်ချက်

ချဲလ်ဆီးတို့ကတော့ တိုက်စစ်ကစားသမားတွေရဲ့ အားနည်းချက်ကြောင့် ဦးဆောင်ဂိုး ရခဲ့ပေမယ့် ချေပဂိုးပေးခဲ့ရပြီး အနိုင်ဂိုး ထပ်မရှာနိုင်ခဲ့ပါဘူး။ နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲနိုင်ပွဲ ပျောက်ဆုံးခဲ့ရတာ ကတော့  အသင်းကြီး တစ်သင်းအနေနဲ့ မဖြစ်သင့်ပါဘူး။ ဂျီရူးက ပါဝင်ကစားခွင့်ရတဲ့ ပွဲမှာ အကောင်းဆုံး ခြေစွမ်းပြပြီး ဂိုးလည်း သွင်းပေးနေပေမယ့် တိုက်စစ်မှူး တီမိုဝါနာကတော့ ၁၁ ပွဲဆက်တိုက် ဂိုးပေါက် ပျောက်ဆုံးခဲ့ပြန်ပါပြီ။ ချဲလ်ဆီးရဲ့ လက်ရှိ အခြေအနေက ကစားသမား ကောင်းတွေ တပုံတပင်ရှိနေပေမယ့် ကန်ချင်သလို ကန်ဆိုပြီး ကွင်းထဲထည့်ပေးထားသလိုပါပဲ။ ဒီလို နိုင်ပွဲပျောက်ဆုံးခြင်း အတွက် အဓိကတာဝန်ရှိတာ ကတော့ နည်းပြ ဖရန့်ခ်လမ်းပတ် ဖြစ်ပြီး အဖြေမထုတ်နိုင်သေးရင်တော့ လာမယ့် ပွဲစဉ်တွေ မှာလည်း ရလဒ်ကောင်းဖို့ မမြင်သေးပါဘူး။ အက်စတွန်ဗီလာ ကတော့ နောက်ပိုင်း ပွဲစဉ်တွေမှာ ခြေစွမ်းပြန်တက်လာပြီး ရမှတ်ဘယ်လို ရှာဖွေရမယ်ဆိုတာ သဘောပေါက်လာပါတယ်။ အခုပွဲအပြီးမှာတော့ အက်စတွန်ဗီလာတို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာအထိ ပြန်လည် ရောက်ရှိလာခဲ့ပြီး ချဲလ်ဆီးကတော့ အဆင့် ၆ နေရာမှာ ရပ်တည်နေရဆဲ ဖြစ်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့မှာတော့ ချဲလ်ဆီးတို့ အိမ်ကွင်း စတန်းဖို့ဒ် ဘရစ်ချ်မှာ မန်ချက်စတာစီးတီး အသင်းကို လက်ခံကစားရဖို့ ရှိနေပြီး အက်စတွန်ဗီလာ ကတော့ မန်ချက်စတာယူနိုက်တက်ရဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်ကို သွားရောက်ကစားရဖို့ ရှိနေပါတယ်။

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ်, တွစ်တာ, အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်