နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချဲလ်ဆီးတို့ စိန့်ဂျိမ်းစ်ပါ့ခ်မှာ အနိုင် ၃ မှတ် အရယူမယ့်ပွဲပါ – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

နယူးကာဆယ် vs ချဲလ်ဆီး

အခုတစ်ပတ်စနေနေ့မှာ ကစားမယ့် အမှတ်ပေး ပွဲစဉ်တွေထဲက နယူးကာဆယ်နဲ့ ချဲလ်ဆီးတို့ရဲ့ပွဲစဉ်ကိုတော့ SBOTOP ပရီးမီးယားလိဂ် ပရိသတ်တွေ အတွက် ပွဲကြို ခန့်မှန်းသုံးသပ် တင်ဆက်ပေးချင်ပါတယ်။ ဒီရာသီမှာ ခြေစွမ်းကောင်းတွေပြန်ရနေတဲ့ နယူးကာဆယ်နဲ့ လက်တလော ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံးတိုက်စစ် စုဖွဲ့မှုကို ပိုင်ဆိုင်ထားတဲ့ ချဲလ်ဆီးတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်လို့ အကြိတ်အနယ် ရှိလာမယ့် ပွဲတစ်ပွဲဖြစ်လာဦးမှာ သေချာနေပါတယ်။

နယူးကာဆယ်တို့ လက်ရှိ ပရီးမီးယားလိဂ် မှာ ၈ပွဲကစား ၃ ပွဲနိုင်၊ ၂ပွဲ‌သရေ၊ ၃ပွဲရှုံးပြီး ရမှတ် ၁၁မှတ်နဲ့ အဆင့် ၁၃ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ပွဲ မှာတော့ ၂ပွဲနိုင်၊ ၂ပွဲရှုံး၊ ၁ပွဲသရေ ကျထားပါတယ်။ အဲ့ဒီ ၅ပွဲမှာတော့ ဘန်လေနဲ့ အဲဗာတန်ကို အနိုင်ရရှိထားတာဖြစ်ပေမယ့် မန်ချက်စတာယူနိုက်တက် ကို အိမ်ကွင်းမှာ ၁-၄ နဲ့ ဂိုးပြတ် အရေးနိမ့်ထားခဲ့သလို ဆောက်သမ်တန်ကို ၂-၀နဲ့ရှုံးနိမ့်ထားပြီး ဝုဗ်ကိုတော့ တစ်ဖက်တစ်ဂိုးစီ သရေကျထား ခဲ့ပါတယ်။ နယူးကာဆယ်တို့ နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ် ၃ပွဲစလုံးမှာ ဂိုးမသွင်းနိုင်တဲ့ ပွဲမရှိခဲ့သလို ၂ပွဲနိုင်ပြီး ၁ပွဲပဲရှုံးထားပါတယ်။ လက်ရှိ အသင်းမှာ တိုက်စစ်မှူး ကော်လမ်ဝီလ်ဆင် ခြေစွမ်းပြနေပြီး ၈ပွဲကစားရာမှာ ၆ ဂိုး သွင်းပေးထားတာ တွေ့ရပေမယ့် အခုချဲလ်ဆီးနဲ့ ပွဲမှာတော့ တံကောက်ကျော ဒဏ်ရာကြောင့် ပါ၀င်လာနိုင်ဖို့ မသေချာဘူး လို့ သိရပါတယ်။ ဝီလ်ဆင်လိုပဲ ဒွိုက်ဂေးလ်၊ ရှဲလ်ဗီ၊ ဒူဘရာကာ၊ ရစ်ချီ၊ ဒမ်မတ်၊ ရိုင်ရန် ဖရေဆာတို့ ဒဏ်ရာ ပြသနာတွေ ကြောင့် အသီးသီးလွဲချော်မယ့် အခြေအနေမှာ ရှိနေပါတယ်။

ချဲလ်ဆီးတိုက်စစ်ကတော့ လက်တလော ပရီးမီးယားလိဂ်မှာ ကြောက်စရာ အကောင်းဆုံးလို့ ပြောရင်မမှားပါဘူး။
နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ရှက်ဖီးလ်ယူနိုက်တက် ကို အနိုင်ရထားတဲ့ ချဲလ်ဆီး

ချဲလ်ဆီးတိုက်စစ်ကတော့ လက်တလော ပရီးမီးယားလိဂ် မှာ ကြောက်စရာ အကောင်းဆုံးလို့ ပြောရင်မမှားပါဘူး။ ဖရန့်ခ်လမ်းပတ်ရဲ့ အသင်းက ရာသီအစမှာ ကစားသမားအသစ်တွေနဲ့ ခြေစွမ်းပြဖို့ ရုံးကန်ခဲ့ရတယ်ဆိုပေမယ့် ပြီးခဲ့တဲ့ စက်တင်ဘာလတုန်း လစ်ဗာပူးလ်ကို ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ရှုံးပွဲလုံး၀မရှိသေးတာ တွေ့ရပါတယ်။ လစ်ဗာပူးလ် နဲ့ပွဲအပြီးမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် တွေမှာတော့ ၀က်စ်ဘရွန်း၊ ဆောက်သမ်တန်၊ မန်ချက်စတာယူနိုက်တက် တို့ကို သရေကျခဲ့တယ် ဆိုပေမယ့်လည်း ခရစ်စတယ်ပဲလေ့စ်၊ ဘန်လေ၊ ရှက်ဖီးလ်ယူနိုက်တက်တို့ကိုတော့ ဂိုးပြတ် အနိုင်ရ ထားတာတွေ့ရပါတယ်။ ချဲလ်ဆီးတို့ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ပွဲမှာ ၄ပွဲအနိုင်ရပြီး ၁ပွဲသရေကျထား သလို တိုက်စစ်က သွင်းဂိုး ၁၄ဂိုးအထိ ရရှိထားပြီး ခံစစ်ကတော့ သွင်းဂိုး ၁ဂိုးပဲ ပြန်ပေးထားရပါတယ်။ ဒါဟာ ရန်းစ်အသင်း ကနေ ဒီရာသီမှ ခေါ်ယူခဲ့တဲ့ ဂိုးသမား အက်ဒ်၀က်မန်ဒီ ကြောင့်လို့လည်း ပြောနိုင်ပြီးတော့ ပါ၀င်ကစားခဲ့ရတဲ့ နောက်ဆုံး ၄ ပွဲမှာ ပေးဂိုးမရှိတဲ့ပွဲစဉ် ၃ပွဲအထိ ရှိခဲ့တာ တွေ့ရပါတယ်။ လက်တလော ချဲလ်ဆီးမှာ ဒဏ်ရာရနေတဲ့ အဓိကကစားသမား ၃ဦးရှိနေပြီး ဘန်ချေးလ်ဝဲလ်၊ ကိုင်ဟာဗက်ဇ်နဲ့ ပူလီဆစ် တို့ပဲဖြစ်ပါတယ်။ ချဲလ်ဆီးမှာ အဲ့ဒီကစားသမား ၃ဦး ပါ၀င်လာနိုင်မှာ မဟုတ်ပေမယ့်လည်း တီမိုဝါနာ၊ ဇီယက်ခ်ျ၊ ရိစ်ဂျိမ်းစ်၊ မေဆင်မောင့်၊ ကန်တေ၊ ဂျော်ဂျင်ဟို၊ တမ်မီ အေဗရာဟမ် တို့လို ကစားသမားကောင်းတွေ ကျန်ရှိနေသေးပြီး ခံစစ်က ဇူးမား-ဆေးလ်ဗား အတွဲက လည်း အကောင်းဆုံး ခြေစွမ်းပြနေလို့ အခုနယူးကာဆယ်နဲ့ ပွဲမှာလည်း ပေးဂိုး တတ်နိုင်သမျှ မပေးရပဲ အနိုင် ၃မှတ် အပြည့်ရဖို့ အားထုတ်လာမှာ သေချာပါတယ်။ ချဲလ်ဆီးကတော့ လက်ရှိ ပရီးမီးယားလိဂ်မှာ ၈ပွဲကစား၊ ၄ပွဲနိုင်၊ ၃ပွဲသရေ၊ ၁ပွဲရှုံး၊ ရဂိုး ၂၀ဂိုး၊ ပေးဂိုး ၁၀ဂိုး၊ ရမှတ် ၁၅မှတ်နဲ့ အဆင့် ၅နေရာမှာ ရပ်တည်နေပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

နယူးကာဆယ်နဲ့ ချဲလ်ဆီးတို့ ၂၀၁၀ ခုနှစ်နောက်ပိုင်း ပြိုင်ပွဲစုံ အကြိမ် ၂၀ တွေ့ဆုံထားရာမှာ ချဲလ်ဆီးက ၁၀ ကြိမ် အနိုင်ရပြီး နယူးကာဆယ်က ၇ ကြိမ်အနိုင်ရထားခဲ့ပါတယ်။ နောက်ဆုံး ၅ ကြိမ်တွေ့ဆုံမှုမှာတော့ နယူးကာဆယ်က ၂ ကြိမ် အနိုင်ရထားပြီး ချဲလ်ဆီးက ၃ ကြိမ် အနိုင်ရထားတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် တွေ့ဆုံမှု နှစ်ကြိမ်မှာတော့ ချဲလ်ဆီး အိမ်ကွင်း စတန်းဖို့ဒ်ဘရစ်ချ်မှာ ၁-၀ နဲ့ ချဲလ်ဆီးအနိုင်ရပြီး နယူးကာဆယ် အိမ်ကွင်း စိန့်ဂျိမ်းစ်ပါ့ခ် မှာတော့ နယူးကာဆယ်က ၁-၀ နဲ့ ပြန်လည် အနိုင်ရထားခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
နယူးကာဆယ် ယူနိုက်တက် vs ချဲလ်ဆီး 1X2 ချဲလ်ဆီး @ 1.49
နိုဝင်ဘာလ ၂၁ ရက်, ည ၇:၀၀ နာရီ (GMT + ၆:၃၀)

1X2ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၅.၈၀ ဆ၊ ဧည့်သည်အသင်းအတွက်က ၁.၄၉ ဆနဲ့ သရေအတွက် ၄.၄၀ဆ ကြေးဖွင့်ထားပါတယ်။ လက်ရှိ ခြေစွမ်းပိုင်းအရ ကြည့်မယ်ဆိုရင် နယူးကာဆယ်တို့ နောက်ဆုံးပွဲမှာ ဆောက်သမ်တန်ကို ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်ထားတဲ့ အတွက် အိမ်ကွင်းမှာ အနည်းဆုံး သရေ ၁ မှတ်ရဖို့ အားထုတ်လာမယ့် သဘောမှာ ရှိပါတယ်။ ချဲလ်ဆီးကလည်း နောက်ဆုံး ၄ ပွဲမှာ တောက်လျောက် ဂိုးပြတ်နိုင်ပွဲတွေ ရထားပါတယ်။ ဒါ့ကြောင့် ဒီပွဲမှာလည်း ပေးဂိုးနည်းနည်းနဲ့ နိုင်ပွဲတစ်ပွဲ ထပ်ရဖို့ ကြိုးပမ်းလာပါလိမ့်မယ်။ လက်ရှိ ဖရန့်ခ်လမ်းပတ် ရဲ့ အသင်းက ခြေစွမ်း ထက်မြတ်နေလို့ စိန့်ဂျိမ်းစ် ပါ့ခ်မှာလည်း ချဲလ်ဆီး ဘက်မှာ ရပ်တည်တာ အမှန်ကန်ဆုံး ဆုံးဖြတ်ချက် ဖြစ်ပါလိမ့်မယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်