နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဖူလ်ဟမ်ကို အနိုင်ကစားပြီး ၃ ပွဲဆက် နိုင်ပွဲပျောက်ဆုံးမှုကို အဆုံးသတ်မယ့် ချဲလ်ဆီး – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

ဖူလ်ဟမ် vs ချဲလ်ဆီး

လာမယ့် ဇန်နဝါရီလ ၁၇ ရက်နေ့ စူပါဆန်းဒေးရဲ့ အစောဆုံး ပွဲစဉ်တစ်ပွဲ အဖြစ် ဖူလ်ဟမ်နဲ့ ချဲလ်ဆီးတို့ ယှဉ်ပြိုင်ကစားဖို့ ရှိနေပြီး အဲ့ဒီပွဲစဉ်နဲ့ ပတ်သတ်လို့ ပွဲကြိုခန့်မှန်းသုံးသပ်ချက်တွေကို SBOTOP ပရီးမီးယားလိဂ် ပရိသတ်တွေ အတွက် ဖော်ပြပေးပါမယ်။ ပရီးမီးယားလိဂ်မှာ ၃ ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားခဲ့တဲ့ ချဲလ်ဆီးတို့ အခုပွဲမှာ မဖြစ်မနေ နိုင်ပွဲ ပြန်ရှာဖို့ လိုအပ်နေခဲ့ပြီး ခံစစ်ကစားပုံ ကောင်းတဲ့ ဖူလ်ဟမ်ကို ကျော်ဖြတ်နိုင်မလားဆိုတာ စောင့်ကြည့်ရဖို့ ရှိနေပါတယ်။

ဖူလ်ဟမ်တို့ ရာသီအစပိုင်းမှာ ရုန်းကန်ခဲ့ရပေမယ့် နောက်ပိုင်းကစားခဲ့တဲ့ ပွဲစဉ်တွေမှာတော့ ရှုံးပွဲတွေ နည်းလာပြီး အသင်းကြီး တော်တော်များများကိုတောင် သရေရအောင် ကစားလာနိုင်ပါတယ်။ ဒါ့ကြောင့် ရလဒ်ပိုင်းကို ကြည့်မယ်ဆိုရင် နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ ပွဲဆက် သရေကျထားတာ တွေ့ရပါတယ်။ လစ်ဗာပူးလ်၊ ဆောက်သမ်တန်၊ ဘရိုက်တန်၊ နယူးကာဆယ်၊ တော့တင်ဟမ်ဟော့စပါးတို့ကို သရေရလဒ် ရအောင် ကစားထားနိုင်တာ တွေ့ရလို့ ခြေစွမ်းပိုင်း မဆိုးတော့ဘူးလို့ ဆိုနိုင်ပါတယ်။ ကြားရက်မှာ ကစားခဲ့တဲ့ အက်ဖ်အေဖလား ဒုတိယအဆင့် ပွဲစဉ်မှာတော့ ကျူပီအာ ၂ ဂိုးပြတ်နဲ့ အနိုင်ရထားပါတယ်။ ဖူလ်ဟမ်တို့ လက်ရှိ ပရီးမီးယားလိဂ် မှာ ၁၆ ပွဲကစားပြီး ၂ ပွဲနိုင်၊ ၆ ပွဲသရေ၊ ၈ ပွဲ ရှုံးနိမ့်ထားလို့ ရမှတ် ၁၂ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၈ နေရာမှာ ရပ်တည်နေပါတယ်။ အခုပွဲမှာတော့ အဓိကကစားသမားတွေ ဖြစ်တဲ့ လော့ဖ်တပ်စ်ချိခ်နဲ့ လီမီနာတို့ ဒဏ်ရာပြဿနာတွေကြောင့် ပါဝင်လာနိုင်ဖို့ မရှိပါဘူး။

ဒါ့ကြောင့် ရလဒ်ပိုင်းကို ကြည့်မယ်ဆိုရင် နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ ပွဲဆက် သရေကျထားတာ တွေ့ရပါတယ်။
ပရီးမီးယားလိဂ် အဆင့် ၁၈ နေရာမှာ ရပ်တည်နေတဲ့ ဖူလ်ဟမ်

ချဲလ်ဆီးတို့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၆ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားပြီး အက်စတွန်ဗီလာကို သရေကျခဲ့တဲ့ ပွဲကလွဲရင် ကျန်ပွဲစဉ်တွေ အားလုံးကို ရှုံးနိမ့်ထားခဲ့ပါတယ်။ အဓိကကတော့ ဖရန့်ခ်လမ်းပတ်ရဲ့ နည်းစနစ်ပိုင်း အားနည်းမှုကြောင့် ဖြစ်ပြီး ကစားသမားကောင်းများစွာ ရှိနေရက်နဲ့ နိုင်လို စိတ်ပျောက်ဆုံးနေမှုကြောင့် နောက်ဆုံး ကစားခဲ့တဲ့ ပွဲမှာလည်း မန်စီးတီးကို အိမ်ကွင်းမှာ ၁-၃ နဲ့ ရှုံးနိမ့်ထားခဲ့ပါတယ်။ လက်ရှိ အမှတ်ပေးဇယား ၉ နေရာ အထိ ရောက်ရှိနေခဲ့ပြီး ၁၇ ပွဲကစားရာမှာ ၇ ပွဲနိုင်၊ ၅ ပွဲသရေ၊ ၅ ပွဲရှုံးနိမ့်ထားကာ ရမှတ် ၂၆ မှတ်သာ ရရှိထားပါတယ်။ ချဲလ်ဆီးတို့ လက်ရှိမှာ အမှတ်ပေးဇယား အဆင့် ၄ နေရာက အသင်းနဲ့ ၆ မှတ်ထိ ကွာဟနေတာကြောင့် အခု ဖူလ်ဟမ်နဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ မဖြစ်မနေ အနိုင်ယူဖို့ လိုအပ်နေခဲ့ပြီး အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာပါလိမ့်မယ်။ အခုပွဲမှာ အဓိက ကွင်းလယ်ကစားသမား ကန်တေးကတော့ ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်လာနိုင်ဖို့ မရှိလို့ ချဲလ်ဆီးတို့ ကွင်းလယ်ပိုင်းမှာ အားနည်းနိုင်ပါတယ်။ ကြားရက်မှာ ကစားခဲ့တဲ့ မိုကမ်ဘီနဲ့ အက်ဖ်အေဖလား ပွဲစဉ် မှာတော့ တီမိုဝါနာ ဂိုးပေါက်ပြန်တွေ့ခဲ့ပြီး မေဆင်မောင့်၊ အိုဒွိုင်း၊ ကိုင်ဟာဗက်ဇ် တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့ပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဖူလ်ဟမ်နဲ့ ချဲလ်ဆီးတို့ရဲ့ ပြိုင်ပွဲစုံ ထိပ်တိုက် တွေ့ဆုံမှု ၁၇ ကြိမ်မှာ ချဲလ်ဆီးက အပြတ်အသတ် အသာရထားတာ တွေ့ရပြီး ၁၁ ကြိမ်အထိ အနိုင်ရကာ သရေ ၆ ပွဲကျပြီး ရှုံးပွဲလုံးဝမရှိတာ တွေ့ရပါတယ်။ ၂၀၁၈-၁၉ ခုနှစ်က ပရီးမီးယားလိဂ် နောက်ဆုံး ၂ ကြိမ် တွေ့ဆုံခဲ့မှုမှာတော့ ချဲလ်ဆီးက နှစ်ကျော်စလုံးမှာ အနိုင်ရထားပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်များ

??
ဖူဟမ် vs ချဲလ်ဆီး 1X2 ချဲလ်ဆီး @ 1.54
ဇန်နဝါရီလ ၁၇ ရက်, ည ၁၂:၀၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၆.၅၀ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၁.၅၀ဆ ကြေးဖွင့် ပြီး သရေအတွက် ၄.၃၃ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ ချဲလ်ဆီးတို့ နိုင်ပွဲပျောက်ဆုံးခဲ့လို့ အခုပွဲမှာတော့ နိုင်ပွဲ ပြန်ရှာတွေ့ဖို့ မျှော်လင့်နေပါလိမ့်မယ်။ ဖူလ်ဟမ်ကတော့ ပုံစံကောင်းတစ်ခု ပြန်ရနေပေမယ့် နိုင်ပွဲတော့ မရှာနိုင်သေးပါဘူး။ ထိပ်တိုက်တွေ့ဆုံမှုတိုင်းမှာလည်း ချဲလ်ဆီးတို့ အသာရခဲ့လို့ အခုပွဲမှာ ၀-၁ လောက်နဲ့ အနိုင်ရသွားမယ် ထင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်