နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မစ်ဒယ်ဘရော့ကို ဂိုးဒါဇင်ဝက် သွင်းပြီး ဗိုလ်လုပွဲ တက်ခဲ့တဲ့ ချဲလ်ဆီး | ခရာဘောင်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ (ပွဲပြီးသုံးသပ်ချက်)

ခရာဘောင်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ အဖြစ် ဒီကနေ့ မနက် အစောပိုင်းမှာ ချဲလ်ဆီးနဲ့ မစ်ဒယ်ဘရော့တို့ စတန်းဖို့ဒ်ဘရစ်ချ်မှာ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ပထမအကျော့ ရေးဗားဆိုက်ဒ်မှာ အရေးနိမ့်ထားတဲ့ ချဲလ်ဆီးတို့ အကောင်းဆုံး ပြန်လာနိုင်ခဲ့ပြီး မိုက်ကယ် ကာရစ်ရဲ့ အသင်းကို ဂိုးဒါဇင်ဝက် သွင်းကာ ဗိုလ်လုပွဲ ကို ထိုက်ထိုက်တန်တန် တက်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ ချဲလ်ဆီးတို့ ၄-၂-၃-၁ အခင်းအကျင်းနဲ့ပဲ ပွဲထွက်လာခဲ့ပြီး ဆေးလ်ဗား၊ ကိုးဝဲလ်၊ ဒီရာဆီ၊ ချေးလ်ဝဲလ်၊ ကိုင်စီဒို၊ အန်ဇို၊ စတာလင်၊ မူဒရစ်ခ်၊ ပါးလ်မား၊ ဘရိုဟာ တို့ ပါဝင်လာခဲ့ပါတယ်။ မစ်ဒယ်ဘရော့ ကတော့ ပထမအကျော့တုန်းက လူစာရင်းကို အနည်းငယ် အပြောင်းအလဲ လုပ်လာခဲ့ပြီး ဂလိုဗာ၊ ကလာ့ခ်၊ ဖရိုင်း၊ အန်ဂဲလ်၊ ဗန်ဒန်ဘက်ဂျ်၊ ဘာလေဆာ၊ ဟော်ဆန်၊ ခရွတ်စ်၊ ဟက်နေး၊ ဖော်ရက်စ်၊ ရော်ဂျားစ် တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။

မော်ရီစီယို ပိုချက်တီနိုရဲ့ အသင်းက အရင်ပွဲတွေနဲ့ မတူခဲ့ပဲ တော်တော်လေး တက်တက်ကြွကြွ ရှိခဲ့သလို အသင်းကြီး တစ်သင်းရဲ့ ကစားဟန်နဲ့ ပြိုင်ဘက်ကို ပွဲစကတည်းက ရင်ဆိုင်သွားနိုင်ခဲ့ပါတယ်။ ပွဲချိန် ၁၅ မိနစ် မှာတင်ပဲ ချဲလ်ဆီးတို့ ပြိုင်ဘက် ကစားသမား ဟော်ဆန်ရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှုက တဆင့် ဦးဆောင်ဂိုး ရခဲ့ပါတယ်။ အဲ့နောက် အန်ဇို၊ ဒီရာဆီ၊ ပါးလ်မား တို့က ဂိုးတွေ ဆက်တိုက် သွင်းယူပေးခဲ့လို့ ပထမပိုင်း အပြီးမှာပဲ ချဲလ်ဆီးတို့ ၄-၀ ဆိုတဲ့ ရလဒ်နဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ချဲလ်ဆီးဟာ ခရာဘောင်ဖလား ပြိုင်ပွဲမှာ ၅ ကြိမ်တိုင်တိုင် ဗိုလ်စွဲခဲ့ဖူးပြီး ၂၀၁၄-၁၅ ဘောလုံးရာသီတုန်းက နောက်ဆုံး အကြိမ် ချန်ပီယံ ဖြစ်ခဲ့တာပါ။
၂၀၁၄/၁၅ ဘောလုံးရာသီက နောက်ဆုံး အကြိမ် ခရာဘောင်ဖလား ချန်ပီယံ ဖြစ်ခဲ့တဲ့ ချဲလ်ဆီး

ဒုတိယပိုင်း မူဒရစ်ခ် အစား မာဒူအီကီနဲ့ ဂေးလ်ခရစ်၊ ဂယ်လာဟာ၊ ချူကွယ်မီကာတို့ ဝင်ရောက်လာချိန်မှာတော့ ချဲလ်ဆီးတို့ ကစားပုံ ပိုကောင်းသထက် ကောင်းသွားခဲ့ပြီး မစ်ဒယ်ဘရော့ နောက်တန်းလည်း အလုပ်ရှုပ်ခဲ့ရပါတယ်။ ဒါကြောင့် မိနစ် ၈၀ နီးပါးမှာ ချဲလ်ဆီးတို့ ဂိုးတွေ ထပ်ရခဲ့ပြီး ကိုးလ် ပါးလ်မားနဲ့ မာဒူအီကီတို့က သွင်းယူပေးခဲ့ပါတယ်။ မစ်ဒယ်ဘရော့ အတွက် နှစ်သိမ့်ဂိုး ၁ ဂိုး ကိုတော့ ပွဲချိန် ၈၈ မိနစ်မှာ ရော်ဂျားစ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ချဲလ်ဆီးတို့ ၆-၁ (နှစ်ကျော့ပေါင်း ၆-၂) ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ ခရာဘောင်ဖလား ဗိုလ်လုပွဲကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ ဒါဟာ ချဲလ်ဆီး အတွက်တော့ ခရာဘောင်ဖလား မှာ နောက်ဆုံး ၃ နှစ် အတွင်း ၂ ကြိမ်မြောက် ဗိုလ်လုပွဲ တက်ခဲ့တာ ဖြစ်ပါတယ်။ ဗိုလ်လုပွဲမှာ တစ်ဖက်က ဖူလ်ဟမ်-လစ်ဗာပူးလ် ပွဲက အနိုင်ရတဲ့ အသင်းနဲ့ ကစားရမှာ ဖြစ်ပြီး ချဲလ်ဆီးတို့ ဆုဖလား လက်မဲ့ မဖြစ်ရေး အတွက် အကောင်းဆုံး မျှော်လင့်နိုင်တော့မှာလည်း ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်
ဖူလ်ဟမ်
အဲဗာတန်
1X2 ဖူလ်ဟမ် @ 2.42
ဖူလ်ဟမ် အာရှ ဟန်းဒီးကပ် -0.25 @ 2.13
ဂိုးပေါ် 2.50 @ 1.98
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ချဲလ်ဆီးဟာ ခရာဘောင်ဖလား ပြိုင်ပွဲမှာ ၅ ကြိမ်တိုင်တိုင် ဗိုလ်စွဲခဲ့ဖူးပြီး ၂၀၁၄-၁၅ ဘောလုံးရာသီတုန်းက နောက်ဆုံး အကြိမ် ချန်ပီယံ ဖြစ်ခဲ့တာပါ။ ခရာဘောင်ဖလားမှာဆို ရလဒ်ကောင်းတတ်ပြီး ၂၀၀၃/၀၄ က ချန်ပီယံ တစ်ကြိမ် ဖြစ်ထားတဲ့ မစ်ဒယ်ဘရော့ ကတော့ ၄ ကြိမ်မြောက် ဗိုလ်လုပွဲ တက်ခွင့်နဲ့ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ လာမယ့် ဇန်နဝါရီ ၂၇ ရက်နေ့မှာ ပရီးမီးယားလိဂ် ပြိုင်ဘက် အက်စတွန်ဗီလာနဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ် ကစားရဖို့ ရှိပါတယ်။ မစ်ဒယ်ဘရော့ ကတော့ ဖေဖော်ဝါရီ ၄ ရက်နေ့မှ ဆန်းဒါးလန်းနဲ့ ချန်ပီယံရှစ် ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်