နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စပိန်ထိပ်သီးကို သက်တောင့်သက်သာ ကစားပြီး နောက်တစ်ဆင့် တက်ခဲ့တဲ့ ချဲလ်ဆီး – ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်

ချဲလ်ဆီး ၂ – ၀ အက်တလက်တီကို မက်ဒရစ်

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက် ဒုတိယအကျော့ပွဲစဉ်တွေကို ဆက်လက်ကစားခဲ့ရာမှာတော့ ချဲလ်ဆီးတို့ စပိန်ထိပ်သီး အက်တလက်တီကို မက်ဒရစ်ကို သက်တောင့်သက်သာ ကစားပြီး ၂ ဂိုးပြတ် ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ နည်းပြ သောမက်စ်တူဟယ် လက်ထက်မှာ ပုံစံကောင်းတစ်ခု ရနေတဲ့ ချဲလ်ဆီးတို့ ၁၃ ပွဲဆက် ရှုံးပွဲမရှိ စံချိန်ကို ဆက်ထိန်းပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

အက်တလက်တီကို မက်ဒရစ်တို့ကတော့ နှစ်တိုင်းနီးပါး ချန်ပီယံလိဂ် ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့ပေမယ့် ဒီနှစ် ချန်ပီယံလိဂ် အိမ်မက်ကတော့ ၁၆ သင်းအဆင့်မှာတင် ကုန်ဆုံးသွားခဲ့ပြီလည်း ဖြစ်ပါတယ်။
နှစ်ကျော့ပေါင်း ၃-၀ နဲ့ ချဲလ်ဆီးကို ရှုံးနိမ့်ခဲ့တဲ့ အက်တလက်တီကို မက်ဒရစ်

ပထမအကျော့တုန်းက တိုက်စစ်မှူး အိုလီဗီယာ ဂျီရူးရဲ့ ဘိုင်စကယ်ကစ်နဲ့ ကန်သွင်းခဲ့တဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချဲလ်ဆီးတို့ အခုပွဲမှာလည်း အိမ်ကွင်းအားသာချက်နဲ့ အတူ အက်တလက်တီကို မက်ဒရစ်ကို အသာရဖို့ ပြင်ဆင်လာပုံပါပဲ။ တိုက်စစ်မှာ အတိုးအလှုပ်ကောင်းတဲ့ တီမိုဗာနာ၊ ဟာကင်မ် ဇီယက်ချ်၊ ကိုင်ဟာဗက်ဇ်၊ ကွင်းလယ်မှာ နီကိုလာ ကန်တေ၊ ကိုဗာချစ်၊ ရိစ်ဂျိမ်းစ်၊ မားကို့စ် အလွန်ဆို၊ နောက်တန်းမှာတော့ အက်ဇ်ပီလီကျူအာတာ၊ ဇူးမား၊ ရူဒီဂါ၊ ဂိုးမှာတော့ မန်ဒီတို့ကို အသုံးပြုခဲ့ပါတယ်။ ဧည့်သည် အသင်းဘက်မှာလည်း အဓိက ကစားသမား အစုံအလင် ပါဝင်လာခဲ့ပြီး ဂျာအိုဖီးလစ်၊ လူးဝစ်ဇ် ဆွာရက်ဇ်၊ ကာရက်စ်ကို၊ ကိုကီ၊ ဆာအူးလ် နီဂွက်ဇ်၊ လော်ရန်းတေး၊ ဆာဗစ်၊ ထရစ်ပီယာ၊ ဂျင်မီနက်ဇ်၊ အိုဘလက်ခ် တို့ ပါဝင်ခဲ့ပါတယ်။ ချဲလ်ဆီးကတော့ ၃-၄-၂-၁ ကစားကွက်နဲ့ ပွဲထွက်လာပြီး အက်တလက်တီကို မက်ဒရစ်ကတော့ ၄-၄-၂ ကစားကွက်ကို အသုံးပြုခဲ့ပါတယ်။ ဒီပွဲမှာလည်း ချဲလ်ဆီးတို့ အက်တလက်တီကို မက်ဒရစ်ကို အကောင်းဆုံး ဖိအားပေး ကစားနိုင်ခဲ့ပြီး ကျစ်လျစ်လွန်းတဲ့ နောက်တန်းကြောင့်လည်း တစ်ဖက်က အက်တလက်တီကို မက်ဒရစ်တို့ ထိရောက်တဲ့ ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခဲ့ခြင်း မရှိတာ ဖြစ်ပါတယ်။ ချဲလ်ဆီးအတွက် အနိုင်ဂိုးတွေကိုတော့ ပထမပိုင်း ၃၄ မိနစ်မှာ ဟာကင်မ်ဇီယက်ချ်က တီမိုဗာနာရဲ့ ဖြတ်တင်ပေးပို့မှုကနေ သွင်းယူပေးခဲ့ပါတယ်။ ဒုတိယဂိုးကိုတော့ ၈၂ မိနစ်မှာ လူစားဝင်ကစားသမား နှစ်ဦးဖြစ်တဲ့ ပူလီဆစ်ရဲ့ ပေးပို့မှုကနေ အီမာဆင်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အက်တလက်တီကို မက်ဒရစ် နောက်ခံလူ ဆာဗစ်ကတော့ ပွဲချိန် ၈၂ မိနစ်မှာ ရူဒီဂါကို တံတောင်နဲ့ တွတ်မိခဲ့လို့ တိုက်ရိုက် အနီကတ်နဲ့ ထွက်ခဲ့ရပြီး ဆီမြွန်နီရဲ့ အသင်းကို ပိုပြီး အားနည်းစေခဲ့တာ ဖြစ်ပါတယ်။
 

 

ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲမှာ အက်တလက်တီကို မက်ဒရစ်တို့ ပင်နယ်တီရသင့်တဲ့ အခွင့်အရေး တစ်ခု ဆုံးရှုံးခဲ့ရတာကလွဲရင် ရှုံးသင့်လို့ကို ရှုံးခဲ့တာ ဖြစ်ပြီး ချဲလ်ဆီးတော့ နည်းပြ သောမက်စ်တူဟယ် လက်ထက်မှာ တိုက်စစ်က ထင်သလောက် အလုပ် မဖြစ်သေးပေမယ့် ခံစစ်ကတော့ တကယ့်ကို အားရစရာ ကောင်းပါတယ်။ အဓိက ဘယ်နောက်ခံလူ ရူဒီဂါကို မကျော်နိုင်ခဲ့ပဲ တစ်ပွဲထက် တစ်ပွဲ ကျစ်လျစ်တဲ့ ခံစစ်ကြောင့် ချဲလ်ဆီးက ဂိုးသွင်းဖို့ ခက်တဲ့ အသင်းတစ်သင်းလို့တောင် ပြောလို့ရနေပါပြီ။ ဂိုးသမား မန်ဒီဆိုရင် အပိုင် အခွင့်အရေး ၂ ကြိမ် လောက် ကာကွယ်ရုံကလွဲရင် သိပ်ပြီး အလုပ်မရှုပ်ခဲ့တာ တွေ့ရပါတယ်။ အက်တလက်တီကို မက်ဒရစ်တို့ကတော့ နှစ်တိုင်းနီးပါး ချန်ပီယံလိဂ် ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့ပေမယ့် ဒီနှစ် ချန်ပီယံလိဂ် အိမ်မက်ကတော့ ၁၆ သင်းအဆင့်မှာတင် ကုန်ဆုံးသွားခဲ့ပြီလည်း ဖြစ်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

အက်တလက်တီကိုမက်ဒရစ်တို့ လာမယ့် မတ်လ ၂၂ ရက်နေ့မှာတော့ အဲလ်ဗက်စ်နဲ့ လာလီဂါ ပွဲစဉ် ကစားဖို့ ရှိနေပြီး  အမှတ်ပေး ချန်ပီယံဆု မျှော်လင့်ချက်အတွက် အရေးပါနေလို့ ကျိန်းသေပေါက် အာရုံစိုက်လာမယ့် သဘောမှာ ရှိနေပါတယ်။ ချဲလ်ဆီး ကတော့ တနဂ်နွေနေ့မှာ ရှက်ဖီးလ်ယူနိုက်တက်နဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ် ကစားဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်